သရက်သီးတွေ ဝင်းပြီး မှည့်နေတဲ့ ရာသီမှာ ခံတွင်းမြိန်စေမယ့် အသီးတစ်မျိုးကတော့ သရက်သီးမှည့်ပဲ ဖြစ်ပါလိမ့်မယ်။ အပင်တွေမှာလည်း ဝင်းရောင်သန်းနေတဲ့ သရက်သီးတွေကို မြင်နေရသလို ဈေးတွေထဲမှာလည်း လှိုင်လှိုင်ပေါနေတဲ့ သရက်သီးမှည့်တွေကို တွေ့နေရပါပြီ။ သရက်ပင်ကို အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တာများပြီးအမျိုးအစားပေါင်းများစွာ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ နေရာအနှံ့မှာ ပေါက်ရောက်ပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေကတော့ သရက်သီးမှည့်ကို ထမင်းနဲ့ ရောစားပြီး နွေရာသီမှာ