ညဘက္ေတြ မွာ ေကာင္းေကာင္း အိပ္မေပ်ာ္ဘူး ဆိုတာ ဒါေတြေၾကာင့္ပါ

ညည ေတြဆို လြယ္လြယ္နဲ႕ အိပ္မေပ်ာ္ဘူး၊ အိပ္ေပ်ာ္ဖို႕အတြက္ အခ်ိန္ အရမ္းယူရျပီးေတာ့ ေကာင္းေကာင္းလည္း အိပ္မေပ်ာ္ဘဲ ခဏခဏနိုးေနတယ္၊ မနက္က် အိပ္ေရးမဝဘူးဆိုတဲ့ ျပႆနာမ်ိဳးကို ေတာ္ေတာ္မ်ားမ်ား ၾကံဳဖူးၾကပါတယ္။ တကယ္ေတာ့ ညဘက္ လြယ္လြယ္နဲ႕အိပ္မရ၊ ေကာင္းေကာင္း အိပ္မေပ်ာ္ဘဲ မနက္ဘက္က် မလန္းမဆန္းျဖစ္ေနတာဟာ ဒီအခ်က္ေတြေၾကာင့္ျဖစ္နိုင္ပါတယ္။ ဒါေတြကိုသာ ရွင္းထုတ္လုိက္ရင္ ညအိပ္မေပ်ာ္တဲ့ ျပႆနာဆိုတာ မရွိနိုင္ေတာ့ပါဘူး။

ပံုမွန္ အိပ္ရာဝင္ခ်ိန္မရွိျခင္း

တစ္ရက္မွာေစာေစာအိပ္လိုက္၊ ေနာက္တစ္ရက္က်ေနာက္က်မွအိပ္လိုက္လုပ္တာမ်ိဳးက သင့္ကိုေကာင္းေကာင္းအိပ္မေပ်ာ္တာမ်ိဳးျဖစ္ေစပါတယ္။ ျဖစ္နိုင္ရင္ အိပ္ခ်ိန္ကိုတသမတ္တည္းထားျပီး ပံုမွန္အိပ္ရာဝင္တာမ်ိဳး လုပ္ေပးသင့္ပါတယ္။

အိပ္ခါနီး အစားစားျခင္း

အိပ္ခါနီးအစားစားျခင္းက အစာမေၾက၊ ေလပြတာေတြျဖစ္ေစနိုင္ျပီး အိပ္မေပ်ာ္ေအာင္ အေနွာက္အယွက္ေပးနိုင္ပါတယ္။ စားလိုက္တဲ့အစားအစာနဲ႕ ကိုယ္နဲ႕မတည့္တာမ်ိဳးဆို ပိုဆိုးပါတယ္။ ဒါေၾကာင့္ ညဘက္အစားစားမယ္ဆိုရင္ အိပ္ခ်ိန္နဲ႕တစ္နာရီေလာက္ ခြာျပီးစားေပးတာအေကာင္းဆံုးပါ။

ကိုယ္လက္လႈပ္ရွားမႈနည္းျခင္း

တစ္ေန႕တာမွာ နာရီဝက္စာေလာက္ လမ္းေလွ်ာက္ေပးတာမ်ိဳးနဲ႕ တျခား ကုိယ္လက္လႈပ္ရွား အားကစားေတြလုပ္ေပးတာမ်ိဳးေတြ မရွိဘူးဆိုရင္လည္း ညဘက္ေကာင္းေကာင္း အိပ္မေပ်ာ္နိုင္ပါဘူး။ ညဘက္ေကာင္းေကာင္းအိပ္ေပ်ာ္ဖို႕ ေန႕ဘက္ေတြမွာ ထိုက္သင့္တဲ့ ကိုယ္လက္လႈပ္ရွားမႈေလးေတြ လုပ္ေပးဖို႕လိုပါတယ္။

အသင့္စား အစားအစာေတြ အစားမ်ားျခင္း

အသင့္စားအစားအစာေတြ၊ အျပင္စာေတြအစားမ်ားရင္လည္း ခႏၶာကိုယ္အတြင္းက ဇီဝရုပ္ျဖစ္စဉ္ေတြကေမာက္ကမျဖစ္ျပီး ညဘက္ေကာင္းေကာင္းအိပ္မေပ်ာ္နိုင္ပါဘူး။ ဒါေၾကာင့္ က်န္းမာေရးအတြက္အေထာက္အကူျပုတဲ့အစားအစာေတြကို ေရြးခ်ယ္စားေသာက္ေပးဖို႕လိုပါတယ္။

အိပ္ခန္းထဲရႈပ္ပြေနျခင္း

အိပ္ခန္းထဲ မွာ အဝတ္ေတြ၊ ဖုန္းအားသြင္းၾကိဳး၊ extension စတာေတြနဲ႕ ရႈပ္ပြေနတာကိုျမင္ေနရတာက ဦးေနွာက္ကို နိုးၾကားေနဖို႕ လံႈ႕ေဆာ္သလိုျဖစ္ေနတာေၾကာင့္ ညဘက္ေကာင္းေကာင္းအိပ္မေပ်ာ္ေစပါဘူး။ ဒါေၾကာင့္ ညဘက္ေကာင္းေကာင္းအိပ္ေပ်ာ္ဖို႕ အိပ္ခန္းကိုသန္႕သန္႕ရွင္းရွင္းထားဖို႕လိုပါတယ္။

အိပ္ခါနီးဖုန္း၊ကြန္ပ်ူတာသံုးျခင္း

အိပ္ခါနီးမွာ ဖုန္း၊ ကြန္ပ်ူတာ ရဲ႕အလင္းေရာင္ကို ၾကာၾကာၾကည့္မယ္ဆိုရင္ အာရံုေၾကာေတြနိုးၾကားေနျပီး လြယ္လြယ္နဲ႕အိပ္မရျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အိပ္ခ်ိန္နီးတဲ့အထိ ဖုန္း၊ ကြန္ပ်ူတာေတြသံုးတာကို ေလွ်ာ့ပါ။

Unicode

ညည တွေဆို လွယ်လွယ်နဲ့ အိပ်မပျော်ဘူး၊ အိပ်ပျော်ဖို့အတွက် အချိန် အရမ်းယူရပြီးတော့ ကောင်းကောင်းလည်း အိပ်မပျော်ဘဲ ခဏခဏနိုးနေတယ်၊ မနက်ကျ အိပ်ရေးမဝဘူးဆိုတဲ့ ပြဿနာမျိုးကို တော်တော်များများ ကြုံဖူးကြပါတယ်။ တကယ်တော့ ညဘက် လွယ်လွယ်နဲ့အိပ်မရ၊ ကောင်းကောင်း အိပ်မပျော်ဘဲ မနက်ဘက်ကျ မလန်းမဆန်းဖြစ်နေတာဟာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒါတွေကိုသာ ရှင်းထုတ်လိုက်ရင် ညအိပ်မပျော်တဲ့ ပြဿနာဆိုတာ မရှိနိုင်တော့ပါဘူး။

ပုံမှန် အိပ်ရာဝင်ချိန်မရှိခြင်း

တစ်ရက်မှာစောစောအိပ်လိုက်၊ နောက်တစ်ရက်ကျနောက်ကျမှအိပ်လိုက်လုပ်တာမျိုးက သင့်ကိုကောင်းကောင်းအိပ်မပျော်တာမျိုးဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် အိပ်ချိန်ကိုတသမတ်တည်းထားပြီး ပုံမှန်အိပ်ရာဝင်တာမျိုး လုပ်ပေးသင့်ပါတယ်။

အိပ်ခါနီး အစားစားခြင်း

အိပ်ခါနီးအစားစားခြင်းက အစာမကြေ၊ လေပွတာတွေဖြစ်စေနိုင်ပြီး အိပ်မပျော်အောင် အနှောက်အယှက်ပေးနိုင်ပါတယ်။ စားလိုက်တဲ့အစားအစာနဲ့ ကိုယ်နဲ့မတည့်တာမျိုးဆို ပိုဆိုးပါတယ်။ ဒါကြောင့် ညဘက်အစားစားမယ်ဆိုရင် အိပ်ချိန်နဲ့တစ်နာရီလောက် ခွာပြီးစားပေးတာအကောင်းဆုံးပါ။

ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

တစ်နေ့တာမှာ နာရီဝက်စာလောက် လမ်းလျှောက်ပေးတာမျိုးနဲ့ တခြား ကိုယ်လက်လှုပ်ရှား အားကစားတွေလုပ်ပေးတာမျိုးတွေ မရှိဘူးဆိုရင်လည်း ညဘက်ကောင်းကောင်း အိပ်မပျော်နိုင်ပါဘူး။ ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့ နေ့ဘက်တွေမှာ ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးဖို့လိုပါတယ်။

အသင့်စား အစားအစာတွေ အစားများခြင်း

အသင့်စားအစားအစာတွေ၊ အပြင်စာတွေအစားများရင်လည်း ခန္ဓာကိုယ်အတွင်းက ဇီဝရုပ်ဖြစ်စဉ်တွေကမောက်ကမဖြစ်ပြီး ညဘက်ကောင်းကောင်းအိပ်မပျော်နိုင်ပါဘူး။ ဒါကြောင့် ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့အစားအစာတွေကို ရွေးချယ်စားသောက်ပေးဖို့လိုပါတယ်။

အိပ်ခန်းထဲရှုပ်ပွနေခြင်း

အိပ်ခန်းထဲ မှာ အဝတ်တွေ၊ ဖုန်းအားသွင်းကြိုး၊ extension စတာတွေနဲ့ ရှုပ်ပွနေတာကိုမြင်နေရတာက ဦးနှောက်ကို နိုးကြားနေဖို့ လှုံ့ဆော်သလိုဖြစ်နေတာကြောင့် ညဘက်ကောင်းကောင်းအိပ်မပျော်စေပါဘူး။ ဒါကြောင့် ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့ အိပ်ခန်းကိုသန့်သန့်ရှင်းရှင်းထားဖို့လိုပါတယ်။

အိပ်ခါနီးဖုန်း၊ကွန်ပျူတာသုံးခြင်း

အိပ်ခါနီးမှာ ဖုန်း၊ ကွန်ပျူတာ ရဲ့အလင်းရောင်ကို ကြာကြာကြည့်မယ်ဆိုရင် အာရုံကြောတွေနိုးကြားနေပြီး လွယ်လွယ်နဲ့အိပ်မရဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်နီးတဲ့အထိ ဖုန်း၊ ကွန်ပျူတာတွေသုံးတာကို လျှော့ပါ။

Add a Comment

Your email address will not be published. Required fields are marked *