2.1.2020 မှ 8.1.2020 အထိ တစ်ပတ်စာ ၇ ရက် သားသမီးဟောစာတမ်း

2.1.2020 မှ 8.1.2020 အထိ ၇ ရက် သားသမီး တစ်ပတ်စ ဟောစာတမ်း

တနင်္ဂနွေ

ဒီလိုကာလမျိုးမှာတော့ငွေလဲရ၊ ငွေလဲကုန်မည်။ စိန်များ ဝယ်ယူမယ်ဆိုပါက စိတ်ချရတဲ့နေရာကဝယ်ယူပါ။ ဖခင်၏ အလုပ်ကူလုပ်ပေးရခြင်း သို့မဟုတ် အထက်လူကြီးအလုပ်တွေကို ကူညီဖြေရှင်းပေးရတတ်ပါတယ်။ စက်မှု၊ လျှပ်စစ်နှင့် စပ်သော လုပ်ငန်းများ အဆင်ပြေလာတတ်ပါတယ်။ ဆွေမျိုး၊ တပည့်များ၏ ကူညီမှုရမည်။ အိမ်၊ ရုံးခန်း၊ အဆောက်အဦးတို့ကို အလှပြုပြင်ရမည်။ အလုပ်ကိစ္စကြောင့် မိသားစုနဲ့ခွဲခွာနေရမည်။ ကျန်းမာရေးတွင် လက်သည်း၊ ခြေသည်း လှီးဖြတ်ရာမှ အနာတရဖြစ်မည်။ခြေစွယ်ငုတ်တာမျိုးလဲဖြစ်ရတတ်ပါတယ်။ အလုပ်ခွင်မှာ လူချစ်လူခင်များလာတတ်ပါတယ်။ အလှပြင်ဆေးများကြောင့် အရေပြားထိခိုက်တတ်ပါတယ်။ မသုံးဖူးတဲ့ပစ္စည်းသစ်ဆို သတိထားလိုက်ပါ။

အိမ်ထောင်ဖက်အတွက် ဂုဏ်တက်နေမည်။ သာယာသောမိသားစုကိုဖန်တီးနိုင်မယ့် ကာလပါပဲ။ အချစ်ရေးတွင် ဝိုင်းဝန်းကူညီပေးသူများ ပေါများနေမည်။ အချစ်ရေးအဆင်မပြေသူများကြားလူက ဖြေရှင်းပေး မှုကြောင့်အဆင်ပြေသွားတတ်ပါတယ်။ပညာရေးတွင် နာမည်ကြီးသော်လည်း ထင်သလို ဖြစ်မလာ၊ ဖြေနိုင်သည်ဟု ထင်ပြီးကာမှ အမှားများစွာ တွေ့ဖြစ်မည်။ဆရာ၊ မိဘ၏ ကူညီမှုရသော်လည်း ကိုယ်တိုင်ကပေါ့ လျော့နေမည်။

အကျိုးပေးဂဏန်း (၃၊ ၄၊ ၅ )..အထူးဟော လူချစ်လူခင်များနေမည်။ ယတြာ နာရီအဟောင်း၊ဓာတ်ခဲအပျက်တွေရှိရင် အမှိုက်တောင်းထဲထည့်လိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း အဆက်အသွယ်အလွန်ကောင်းနေမည်။ မိမိ၏ အတက်ပညာနှင့် ကျွမ်းကျင်သေသပ်မှု ကြောင့် လုပ်ငန်းလာအပ်သူတွေ များနေမည်။ လုပ်ခဲ့ပြီးသော အလုပ်များမှ ရငွေများ လျော့ကျနေမည်။ လုပ်ရသ လောက်အရနည်းမည်။ အချို့အလုပ်များ အကြွေးကျရမည်။ ကိုယ်ပိုင်လုပ်ငန်း များမှ အောင်မြင်မှုရမည်။ စိတ်ကျေ နပ်၍ အားရသောအချိန်ဖြစ်မည်။ဒါပေမယ့်စပ်တူအလုပ်တွေ အဆင်မပြေတတ်ပါ။ ဝန်ထမ်းများဖိအားတွေကို မခံနိုင်ဘဲအလုပ်ထွက်ချင်နေမည်။ ငယ်ရွယ်သူများ အချစ်ရေး ကံခေနေမည်။ အလုပ်လုပ်ရင်း သို့မဟုတ် သင်တန်းတတ်ရင်း ချစ်သူသစ်ရရှိမည်။ ဒါကြောင့်လက်ရှိချစ်သူနဲ့ပြဿနာတတ်လိမ့်မယ်။ မိမိကဆင်ခြင်နေပါ။ အိမ်ထောင်ရေးမှာတော့ လင်နှင့်မယား လျှာနှင့် သွားအတိုင်းပင်။

အလုပ်ကိုယ်စီ လုပ်ကိုင်နေသူအိမ်ထောင်ရှင် များအတွက် ဘာမှမဖြစ်၊ နီးလျှင် တော့တကျက်ကျက်၊ နားလည်မှုလွဲ၊ စိတ်သဘောထားခြင်း မတိုက်ဆိုင်သည်က များနေမည်။သားသမီးတို့အပေါ်အားမရ စိတ်တိုင်းမကျ ဖြစ်နေမည်။ အေးချမ်းစွာ ပညာသင်ယူဖြစ်မည်။ ဆရာများ ၏ ချစ်ခင်မှုကို ရရှိမည်။ ဘွဲ့လက်မှတ်များ၊ သင်တန်းဆင်းလက်မှတ်များ ရရှိမည်။

အကျိုးပေးဂဏန်း (၆၊ ဝ၊ ၇)..အထူးဟော ငွေမဝင်သလောက်ဖြစ်နေမည်။ ယတြာ ဘုရားစေတီမှာ ရေသက်စေ့လှူ၍ ဆုတောင်းပါ

အင်္ဂါ

ဒီကာလအတွင်းအင်အားအပြည့် အလုပ်လုပ်ရမည်။ ဒါမှမဟုတ်စိတ်ကူးယဉ်တာတွေများပြီးဘာမှမလုပ်ဖြစ် အချိန်တွေကုန် နေမည်။ ဆရာများ၊ လုပ်ငန်းရှင်များ၏ ကူညီမှု၊ အလုပ်ပေးမှုကို ရရှိမည်။ ကိုယ်တိုင်က အလုပ် အပေါ်ချေးများ နေမည်။ ငွေမရသော်လည်း သူတစ်ပါး၏ အလုပ်များကို ကူညီနေရမည်။ ရွေးချယ်မှု မှန်ကန်ရန်နှင့် ကိုယ့်ဘဝကိုယ် နားလည်ရန် အလိုအပ်ဆုံး အချိန်ဖြစ်သည်။ မိဘများ၏ စည်းကမ်းထိန်းချုပ်မှုကို ချုပ်ချယ်တယ် မိမိကို အလိုမလိုက်ဘူးလို့ ထင်နေမိတတ်ပါတယ်။ မိတ်ဆွေများရဲ့ အမှုကိစ္စ လိုက်ပေးနေရသည့် အတွက်အိပ်ရေး ပျက် လူနုန်းနေလိမ့်မယ်။ အားအင်ကုန်ခမ်းမည်။ အခြားရောဂါသစ် မရှိ။ အိပ်ချိန်စားချိန်မှန်ရင်တော့ကျန်းမာရေး အညံ့မရှိနိုင်ပါ။ အိမ်ထောင်ဖက်၏ ရောင့်ရဲမှုကို ဝမ်းသာနေရမည်။ မရှိအတူ၊ ရှိအတူ ကျေနပ်နေမည်။

နှစ်ယောက် တစ်မျက်နှာဖြင့် အစစ နားလည်မည်။ အချစ်ရေးတွင် သူငယ်ချင်းအဆင့်မှ ချစ်သူအဆင့်အထိ ကူးပြောင်းလာ မည်။ အချစ်နှင့် ပတ်သက်၍ ထင်ထားတာထက် ပိုမိုနာမည်ကြီးမည်။ ပညာရေးကတော့အားကစားနှင့် လက်တွေ့ အသုံးချပညာရပ် များ ကို သင်ယူဖြစ်မည်။ မိတ်ဆွေများအား တဆင့် ပြန်လည်သင်ကြားပေးဖြစ်မည်။

အကျိုးပေးဂဏန်း (၁၊ ၃၊ ၆)..အထူးဟော ကံအကောင်းအဆိုးမျှနေတတ်ပါတယ်။ ယတြာ မိမိရွတ်နေကျဂါထာတစ်ပုဒ်ကို အဓိဋ္ဌာန်ဝင်လိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းမှာတော့ နိုင်ငံခြား မှပြန်လာသူ သို့မဟုတ် အစိုးရအလုပ်မှ ပင်စင်ယူပြီးသူတို့နှင့် စပ်တူ တွဲဖက်၍ အလုပ်လုပ်ရ တတ်သည်။ အကျိုးဆောင် စပ်တူလုပ်ငန်းများမှ ငွေဝင်မည်။ ကိုယ်ပိုင်လုပ်ရန် ခက်ခဲမည်။ ပညာရေးအကျိုးဆောင်နှင့် ခရီးသွားဘာသာပြန်လုပ်ငန်းများတွင် အဆင်ပြေမှုတွေကြုံရမည်။ မိမိကိုယ်တိုင်က ဒီကာလမှာစိတ်ပါရာ၊ ဝါသနာ ပါရာကိုသာ ဦးစားပေးနေဖြစ်မည်။ မိတ်ဆွေကောင်းတွေဆီက အကြံဉာဏ်ကောင်း တွေ၊ ထိရောက်တဲ့ အကူအညီတွေရလာတတ်ပါတယ်။ အချစ်ရေးတွင် ကြားလူစကားကြောင့် ဖြေရှင်းနေရမည်။ ကွဲလုဆဲဆဲ အချစ်ရေးကို ထိန်းနေရမည်။ စိတ်လိုက်မာန်ပါ စကားကျွံပါက နှုတ်မရ လမ်းခွဲဖြစ်လိမ့်မည်။ တပည့်လက်သားများရဲ့ လက်လွှတ်စပယ်လုပ်မှုကြောင့် စိတ်ပန်း၊ ကိုယ်ပန်းဖြစ်မည်။ ကျန်းမာရေးကတော့အညံ့မရှိ ပါ။

ဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။ အိမ်ထောင်ရေးတွင် အေးဆေးတည်ငြိမ်နေမည်။ သားသမီးများ၏ တာဝန်များကို လုပ်ပေးနေဖြစ်မည်။ ဘဝရှေ့ရေးအတွက် စိတ်ကူးကိုယ်စီဖြင့် တည်ဆောက်နေဖြစ်မည်။ ပညာမျိုး စုံသင်ယူနေဖြစ်မည်။ မည်သည့် ပညာမှ ဆုံးခန်းတိုင်အောင် မရောက်ဘဲရှိနေမည်။ အလုပ်နှင့် မဆိုင်သော ပညာများကို လေ့လာဖြစ်မည်။

အကျိုးပေးဂဏန်း (၁၊ ၄၊ ၆)..အထူးဟော အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာတတ်ပါတယ်။ ယတြာ အိမ်ရှေ့လမ်းကို မနက်စောစော သန့်ရှင်းရေးထလုပ်ပါ။

ကြာသပတေး

ဒီကာလအတွင်းလုပ်သမျှ အမြတ်နည်းနေမည်။ ကုန်ကျစရိတ်တွေများနေမည်။ ဝန်ထမ်းအခက်အခဲကြုံ မည်။ စက်ပစ္စည်း များပျက်တက်၊ ပြုပြင်ရမှုကြောင့် ငွေကုန်များနေမည်။ နှစ်များစွာ ရင်းနှီးမြုပ်နှံထားသော ပစ္စည်းများမှ အမြတ်များ ရလာမည်။ ကိုယ်တက်စွမ်းထားသော ပညာရပ်များဒီကာလမှာ အသုံးဝင်လာမည်။ ကိုယ်ပိုင်အလုပ်ထက် ဝန်ထမ်း နှင့် စပ်တူရှယ်ယာများက ပိုမိုအကျိုးပေးမည်။ လူမှုရေး၊သာရေး၊နာရေးကိစ္စတွေ ကြောင့်ခရီးများနေတတ်ပါတယ်။အရေးကြီးတဲ့ကိစ္စတွေကိုလျှို့ဝှက်ထားပါ။ သူများတွေကို ပြောပြမိရာကစလို့ ပြဿနာတတ်ရတတ်ပါတယ်။ အဝေးရောက်ချစ်သူကို လွမ်းနေရမည်။ ချစ်သူရှိလျင်လည်း အဝေးသို့ခရီး သွားရန် ပြင်ဆင်နေဖြစ်မည်။ ချစ်သူအတွက် လက်ဆောင်ပေးဖြစ်မည်။ ကျန်းမာရေးကောင်းနေမည်။ ရာသီဥတု ဒဏ်ကို ခံရမည်။ ဥတုအလိုက်နေတတ်လျှင် ရောဂါကင်းမည်။

စားသမျှ အစာကြေနေမည်။ အိမ်ထောင်ရေးတွင် အဆင်မပြေမှုတွေ ကြုံလိမ့်မည်။ အစားအသောက် အနေအထိုင်မှစ၍ စကားများစရာများ ပေါ်လာမည်။ သူ့အလုပ်၊ ကိုယ့်အလုပ် ရှုပ်နေမည်။ ပညာရေးတွင်ဆရာကောင်း ရှာရခက်နေမည်။ ပညာသင်လိုစိတ် ပြင်းပြနေသော်လည်း သင်ပြမည့်ဆရာ မရှိဖြစ်နေမည်။ ကိုယ်ပိုင်ကြံဆ လေ့လာနေဖြစ်မည်။

အကျိုးပေးဂဏန်း (၂၊ ၅၊ ၆)..အထူးဟော လူမှုရေးအတွက်အချိန်ကုန်ရတတ်ပါတယ်။ ယတြာ သမ္ဗုဒ္ဓေဂါထာကို နေ့စဉ် ၂၁ခေါက်ရွတ်ပွားပါ။

သောကြာ

ဒီကာလအတွင်းခရီးသွား၊ ယာဉ်၊ ကားနှင့် အကျိုးဆောင်လုပ်ငန်းများမှ ငွေရမည်။ ဖျော်ရည်နှင့် ရေသန့် များ စပ်တူလုပ်လျှင် အောင်မြင်မည်။ စီးပွားရေး အောင်မြင်ဖြစ်ထွန်းသော အချိန်ဖြစ်သည်။ သီးနှံစိုက်ပျိုးခြင်း၊ ရောင်းဝယ်ခြင်းများလည်း လုပ်နိုင်သည်။ စာချုပ်၊ နှုတ်ကတိ မကျွံစေရန် အထူးသတိထားပါ။စကားအမှားတွေ ကြောင့် ပြဿနာအကြီးကြီးတွေဖြေရှင်းနေရလိမ့်မယ်။ဆိုးသွမ်းတဲ့မိတ်ဆွေတွေနဲ့တွဲမိပြီးတော့ မိမိပါဒုက္ခရောက်ရ တတ်ပါတယ်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက်အလိုကျ လိုက်ပါပြုလုပ်ပေးနေမည်။ မကျေနပ်မှုတွေ ရင်ထဲပြည့်နေသော်လည်း ပြန်မပြောချင်လောက်အောင် ဖြစ်နေမည်။ ဘာသာရေးနှင့် အများအကျိုးပြုလုပ်ငန်းများ မိမိကဦးဆောင်လုပ်ပေးနေရတတ်ပါတယ်။ ကျန်းမာရေးကတော့အရေပြားပေါ်တွင် အဖုအပိန့်များ ပေါ်ထွက် တတ် သည်။ ရေနစ်တတ်၊ ရေချိုးမှားတတ်သည်။ မတည့်သော ဆေးဝါးတို့ကြောင့် ရောဂါတိုးမည်။

စကားကြွယ်၍ လှပသော ငယ်ရွယ်သော သူများ၏ ချစ်မြတ်နိုးမှုခံရမည်။ အချစ်ရေး ကံကောင်းနေမည်။ ချစ်သူဘဝမှ လက်ထပ်ရန် အမြန်ဆောင်ရွက် ဖြစ်မည်။ ပညာရေးမှာတော့ကြည်နူးလှပသော ပညာရပ်များကို သင်ယူဖြစ်မည်။ အလှပြင် အနုပညာ၊ အထည်ချုပ်၊ ပန်းချီ စသည်ဖြင့် လိုက်ဖက်မည့် အတက်တစ်ခု သင်ယူဖြစ်မည်။

အကျိုးပေးဂဏန်း ( ၂၊ ၇၊ ဝ)..အထူးဟော လူမိုက်တွေနှင့်မပေါင်းမိပါစေနဲ့။ ယတြာ ဒိန်ချဉ်ဘုရားကပ်လှူဆုတောင်းပါ။

စနေ

ဒီကာလအတွင်း ရွေးချယ်ရခက်သော အချိန်ဖြစ်သည်။ ဈေးကွက်လုယူမှုကို ခံရမည်။ နာမည်ကြီးသော် လည်း ဝင်ငွေနည်း နေမည်။ သူတစ်ပါးကို ကူညီပေးခြင်းဖြင့် အကျိုးအမြတ်ရမည်။ ကြော်ငြာခြင်းကြောင့် ငွေပိုကုန်မည်။ မိသားစုဝင်များ ကိုယ်စီးလုပ်ငန်းများမှ ငွေရမည်။ အသက်ကြီးတဲ့ဆွေမျိုးသားချင်းများဆေးကုရန် အိမ်ရောက်လာမည်။ တွေးပါ။အနုစိပ်အသေးစိပ်အလုပ်တွေဦးစားပေးလိုက်ပါ။ ထီဆုကြီးပေါက်တတ်၍ ထီကံစမ်း စေချင်ပါတယ်။ကျန်းမာရေးကတော့ဘယ်ဘက်ခြေသလုံး ဒဏ်ရာအနာတရဖြစ်မည်။ စက်ပစ္စည်းကို အသုံးပြုမှု ကြောင့် ဖြစ်မည်။ ခြေချော်လဲနိုင်သည်။ တည်ငြိမ်နေသော အိမ်ထောင်ရေးသည် ဆွေမျိုးများ၏ ပါဝင်စွတ်ဖက်မှု ကြောင့် စကားများမည်။

သားသမီးတို့၏ ပညာရေးကို စိတ်တူကိုယ်တူ ဖြည့်ဆည်းပေးဖြစ်မည်။ ချစ်သူနှစ်ယောက် ပြိုင်တူ တွေ့ရှိမည်။ အချစ်ဟောင်း၏ နှောက်ယှက်မှု သို့မဟုတ် ၎င်း၏ အပူဒုက္ခကို မျှဝေခံစားရမည်။ ပညာရေး ကံကတော့ ဘာသာရေးပညာများ လေ့လာဖြစ်မည်။ ပညာသင်ရန် ပြည့်စုံသော်လည်း မှတ်သားရခက်နေမည်။ အလုပ်နှင့် ပညာရပ် တခြားစီးဖြစ်နေမည်။ မိသားစု အလိုကျ သင်နေရသော်လည်း ဝါသနာမပါ ဖြစ်နေမည်။

အကျိုးပေးဂဏန်း ( ၂၊ ၅၊ ၆)..အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။ ယတြာ နွမ်းပါးသူကို ဖိနပ်တစ်ရံ လှူဒါန်းလိုက်ပါ။

၇ ရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 . 09 44 5555 695

Add a Comment

Your email address will not be published. Required fields are marked *