႐ုရွားနဲ႕အေမရိကန္ လက္နက္မ်ား အၿပိဳင္အဆိုင္ စမ္းသပ္ ပစ္ခတ္

႐ုရွား က ႏ်ဴကလီးယား ထိပ္ဖူးတပ္နိုင္ တဲ့ တာတိုပစ္ ဒုံးက်ည္ကို ပစ္ခတ္ စမ္းသပ္ခဲ့ၿပီး အေမရိကန္ ကေတာ့ အဆင့္ျမင့္ ေဝဟင္လႊမ္းျခဳံ ဒုံးက်ည္ကာကြယ္ေရးစနစ္ ( THAAD ) ကို စမ္းသပ္ခဲ့ ပါတယ္ ။ ေမာ္စကိုၿမိဳ႕ေတာ္ ေတာင္ဘက္ မိုင္ (၇၂၀) အကြာက အဲ့စ္ထရာခန္းၿမိဳ႕နား ကာပတ္စ္တင္ယာ စစ္ေရးေလ့က်င့္ကြင္းကေန အစ္စ္ကန္ဒါ ဒုံးက်ည္ ကို စမ္းသပ္ ပစ္လႊတ္ခဲ့ တာပါ ။

ဒုံးက်ည္က အမည္မေဖာ္တဲ့ေနရာက ေျမျပင္ပစ္မွတ္ကို ထိမွန္ေပါက္ကြဲပုံ ႐ုပ္သံကို ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနကထုတ္လႊင့္ပါတယ္။အစ္စ္ကန္ဒါ ဒုံးက်ည္ပစ္လႊတ္နိုင္တဲ့ အကြာအေဝးက မိုင္ ၃၀၀ လို႔ တရားဝင္ေၾကညာ ထားပါတယ္ ။ ဒီဒုံးက်ည္ဟာ ပဲ့ထိန္းဒုံးက်ည္နဲ႔ ခ႐ုဇ္ဒုံးက်ည္ အပါအဝင္ ဒုံးက်ည္ပုံစံ ၂ မ်ိဳးလုံးကို ပစ္လႊတ္နိုင္ပါတယ္။

႐ုရွားနဲ႕အေမရိကန္ လက္နက္မ်ား အၿပိဳင္အဆိုင္ စမ္းသပ္ ပစ္ခတ္

အေမရိကန္နိုင္ငံ မာရွယ္ကၽြန္းစုက ေရဂင္ စမ္းသပ္ကြင္းမွာ အေမရိကန္စစ္တပ္က THAAD ဒုံးခြင္းဒုံးစနစ္ကို ၁၆ ႀကိမ္ ပစ္ခတ္စမ္းသပ္ခ်ိန္မွာ ၁၆ ႀကိမ္ေျမာက္ ေအာင္ေအာင္ျမင္ျမင္ ၾကားျဖတ္ ဟန႔္တားနိုင္ခဲ့တယ္လို႔ ဒုံးက်ည္ကာကြယ္ေရးဌာန ေျပာခြင့္ရ မာ့ခ္ရိုက္ထ္က ေျပာပါတယ္။

ပစ္မွတ္ကို ေအာင္ေအာင္ျမင္ျမင္ ထိမွန္ပုံကို ျပထားတဲ့ ႐ုပ္သံကိုလည္း အေမရိကန္ ကာကြယ္ေရးဌာနက ျဖန႔္ခ်ိပါတယ္။

အေမရိကန္နဲ႔ ေတာင္ကိုရီးယား ပူးတြဲစစ္ေရးေလ့က်င့္မႈနဲ႔ လက္နက္သစ္စမ္းသပ္မႈကို တုံ႔ျပန္တဲ့အေနနဲ႔ ေျမာက္ကိုရီးယားက တာတိုပစ္ ဒုံးက်ည္ေတြကို ဆက္တိုက္ ပစ္လႊတ္စမ္းသပ္ အၿပီး သီတင္းပတ္တခ်ိဳ႕ အၾကာမွာ အေမရိကန္က ခုလို ေလ့က်င့္ခဲ့တာပါ။

အေမရိကန္ရဲ့ ဒုံးခြင္းဒုံးစနစ္ကို ေျမာက္ကိုရီးယားက ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းတို႔ ဇြန္လက ေတာင္နဲ႔ ေျမာက္ ကိုရီးယားႏွစ္နိုင္ငံ နယ္စပ္မွာ ေတြ႕ဆုံအၿပီး အလုပ္သေဘာ ညႇိႏွိုင္းေဆြးေႏြးမယ့္ လမ္းေၾကာင္းေတြ ျပန္ဖြင့္ဖို႔ သေဘာတူခဲ့ပါတယ္။ ဒါေပမမဲ့ ခုထိ ျဖစ္ေျမာက္မလာေသးပါဘူး။

ref:XYZNEWS

Unicode

ရုရှား က နျူကလီးယား ထိပ်ဖူးတပ်နိုင်တဲ့ တာတိုပစ် ဒုံးကျည်ကို ပစ်ခတ် စမ်းသပ်ခဲ့ပြီး အမေရိကန် ကတော့ အဆင့်မြင့် ဝေဟင်လွှမ်းခြုံ ဒုံးကျည်ကာကွယ်ရေးစနစ် ( THAAD ) ကို စမ်းသပ်ခဲ့ ပါတယ် ။ မော်စကိုမြို့တော် တောင်ဘက် မိုင် ၇၂၀ အကွာက အဲ့စ်ထရာခန်းမြို့နား ကာပတ်စ်တင်ယာ စစ်ရေးလေ့ကျင့်ကွင်းကနေ အစ်စ်ကန်ဒါ ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ တာပါ။

ဒုံးကျည်က အမည်မဖော်တဲ့နေရာက မြေပြင်ပစ်မှတ်ကို ထိမှန်ပေါက်ကွဲပုံ ရုပ်သံကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကထုတ်လွှင့်ပါတယ်။အစ်စ်ကန်ဒါ ဒုံးကျည်ပစ်လွှတ်နိုင်တဲ့ အကွာအဝေးက မိုင် ၃၀၀ လို့ တရားဝင်ကြေညာ ထားပါတယ် ။ ဒီဒုံးကျည်ဟာ ပဲ့ထိန်းဒုံးကျည်နဲ့ ခရုဇ်ဒုံးကျည် အပါအဝင် ဒုံးကျည်ပုံစံ ၂ မျိုးလုံးကို ပစ်လွှတ်နိုင်ပါတယ်။

အမေရိကန်နိုင်ငံ မာရှယ်ကျွန်းစုက ရေဂင် စမ်းသပ်ကွင်းမှာ အမေရိကန်စစ်တပ်က THAAD ဒုံးခွင်းဒုံးစနစ်ကို ၁၆ ကြိမ် ပစ်ခတ်စမ်းသပ်ချိန်မှာ ၁၆ ကြိမ်မြောက် အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ဒုံးကျည်ကာကွယ်ရေးဌာန ပြောခွင့်ရ မာ့ခ်ရိုက်ထ်က ပြောပါတယ်။

ပစ်မှတ်ကို အောင်အောင်မြင်မြင် ထိမှန်ပုံကို ပြထားတဲ့ ရုပ်သံကိုလည်း အမေရိကန် ကာကွယ်ရေးဌာနက ဖြန့်ချိပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ လက်နက်သစ်စမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်တွေကို ဆက်တိုက် ပစ်လွှတ်စမ်းသပ် အပြီး သီတင်းပတ်တချို့ အကြာမှာ အမေရိကန်က ခုလို လေ့ကျင့်ခဲ့တာပါ။

အမေရိကန်ရဲ့ ဒုံးခွင်းဒုံးစနစ်ကို မြောက်ကိုရီးယားက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ဇွန်လက တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မှာ တွေ့ဆုံအပြီး အလုပ်သဘော ညှိနှိုင်းဆွေးနွေးမယ့် လမ်းကြောင်းတွေ ပြန်ဖွင့်ဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမမဲ့ ခုထိ ဖြစ်မြောက်မလာသေးပါဘူး။

ref:XYZNEWS

Add a Comment

Your email address will not be published. Required fields are marked *