တမာပင္က တေစၦႀကီး -( ျဖစ္ရပ္မွန္)

တစ္ ခါက အင္မတန္ ေအးခ်မ္းဖြယ္ေကာင္း တဲ့ ရြာေလးတစ္ရြာ မွာ ငထိန္ဆို တဲ့ အရက္သမား တစ္ေယာက္႐ွိတယ္။ တစ္ရြာလံုး ကေတာ့ မြဲေဆးေဖာ္ခ်င္ရင္ ေထြေထြ ထူးထူး စဥ္းစားမေနနဲ႔ ငထိန္ကိုသာ တိုက္လိုက္ပါ ဆ္ုိတဲ့ စကားပံုေတာင္သံုးရ တဲ့ သူဗ် ။ ဒါေပမယ့္ သူက တျခားသူေတြ လို အရက္ေသာက္ၿပီးရင္ မရမ္းဘူး ။ မေအာ္ဘူးဗ် ။မူးရင္ အိပ္ယာထဲလွဲၿပီးအိပ္ေနေလ့ ႐ွိတယ္။ အလုပ္ကလည္း လုပ္တယ္ဗ် ။ လူပ်ိဳလူလြတ္ ဆိုေတာ့ ရတဲ့ ပိုက္ဆံ အကုန္အရက္ဝယ္ေသာက္တယ္ ။

“ငထိန္ ”

“ဗ်ာ သူႀကီး ”

“ေအး မင္းကုိ ခိုင္းစရာတခု႐ွိတယ္။ လာအံုး ”

“ဟုတ္ကဲ့ ေျပာပါသူႀကီး ”

“မင္း ဒီညဟိုဘက္ရြာကိုသြား အမဲသားတစ္တြဲသြားဝယ္ခဲ့ ညပိုင္းသြားရဲတာမင္းပဲ႐ွိတာမလို႔ ၊ ေအာ္ ေနာက္ၿပီး ဟင္းအခ်ိဳမႈန္႔တစ္ထုပ္ပါဝယ္ခဲ့ကြာ…။ မနက္အလႉအတြက္ ”

“ေအာ္ ဟုတ္ကဲ့ စိတ္ခ်သူႀကီး ကြၽန္ေတာ္သြားေပးပါ့မယ္…”

“ေအးေအး ေရာ့ ဒီပိုက္ဆံ၈ေထာင္က အမဲသားဖိုး ေရာ့ ဒီမွာ ၂ေထာင္ ဒါကမင္းအရက္ဖိုး ”
သူႀကီးကား မနက္ ေစာေစာ အလႉလုပ္ဖို႔ အမဲသားမေလာက္၍ ငထိန္ကို ေခၚခိုင္းျခင္းျဖစ္သည္…။
ရြာကေန ငထိန္တစ္ေယာက္ ညေန ေလးခြဲေလာက္ထြက္ခဲ့တယ္။

*******************************
“ဗ်ဳိ့ ကိုသာဂိ ခင္ဗ်ားတို႔ အမဲသားက ဒီေန႔ရပါ့အံုးမလားဗ်။”

“ခနပဲေစာင့္ပါ ငထိန္ရာ မင္းတို႔ အိမ္မွာအသင့္ ခ်က္စားလို႔ရေအာင္႐ွယ္လုပ္ေပးေနတာ ”

“ေအးပါကြာ ေအး ႐ွယ္ဆိုလို႔လဲငါပိုမေပးႏိူင္ဘူးေနာ္ သူႀကီးက ၈ေထာင္ပဲေပးလိုက္တာ ”

“ေအးပါ ငါသိပါတယ္ကြ။ ”

“ကဲ ေရာ့ ရၿပီ။ ေရာ့ အခ်ိဳမႈန္႔ထုတ္ ”

“ကဲ ဒါဆို က်ဳပ္သြားေတာ့မယ္ဗ်ာ မိုးလည္းခ်ဳပ္ေနၿပီ ”

“ငထိန္ ”

“ဘာတုန္း ”

“မင္းဒီညျပန္ဖို႔အဆင္ေျပပါ့မလား ငါတို႔ရြာက လူႏွစ္ေယာက္ေလာက္ထည့္ေပးလိုက္ရမလား ”

“ေအာင္မေလး ကိုသာဂ္ိရာ ငထိန္ ပါ။ ေၾကာက္ေသြးပါရင္ေဖာက္ထုတ္ပစ္မယ္။ ရတယ္ မလိုဘူး။ ”

“ေအး မလိုရင္လည္းၿပီးသာပါပဲကြာ။ ဒါနဲ႔ ရြာျပင္က တမာပင္နားေရာက္ရင္ေတာ့ သတိထားသြားေနာ္…။”

“ဘာလို႔တုန္း ”

“ဟာ အဲတမာပင္က တအားေျခာက္တာ ငါေတာ့မၾကံဳဖူးဘူး။ ငါ့တပည့္ေတြကေတာ့ ၾကံဳဖူးတယ္တဲ့။ သရဲက အရက္ဂ်ိဳးဆိုပဲ ေတြ႔တာနဲ႔ အရက္ေတာင္းေသာက္တာပဲတဲ့ကြာ…။”

“ဟား က်ဳပ္ကိုအရက္တိုက္ခိုင္းလို႔ကေတာ့ လည္ၿမိဳတက္နင္းပစ္မယ္။ အမဲသားသာေကြၽးမယ္ အရက္ေတာ့မရေစရဘူး။ ဟားဟား…ဟား…”

ငထိန္တစ္ေယာက္ ရယ္ေမာစြာျဖင့္ လက္တစ္ဖက္က ဆယ္ပုလင္းဆန္႔ေသာအရက္ဗံုး ကိုထမ္း တစ္ဖက္ကလည္းအမဲသားကိုဆြဲရင္း တေရြ႔ေရြ႔ထြက္သြားေလေတာ့သည္…။
ဘာလိုလိုႏွင့္ အေ႐ွ႕မွာ တမာပင္ႀကီးကိုျမင္ေနရၿပီ။ တမာပင္ႀကီးကို ဒီေန႔မွေသခ်ာၾကည့္မိတယ္။ ငထိန္အလာကို လက္ပိုက္ၿပီး ေမွ်ာ္ေနတဲ့ပုံစံဗ်။
တမာပင္နဲ႔နီးေလ ၾကက္သီးေတြထေလ ။ အားတင္းရင္းထြက္လာခဲ့တယ္။

တမာပင္ေအာက္ကေနထြက္ခါနီးမွာ အရက္ဗံုးကို တစ္ေယာက္ေယာက္က ဆြဲယူသလိုခံစားရတယ္။ ထူးဆန္းတယ္။ ျပန္ဆြဲတာကို ေလေပၚမွာဆြဲမရဘူးဗ်။
ငထိန္တင္းသြားၿပီ။

“ဒီမွာ အရက္ဂ်ိဳးသရဲ မင္းက ငါ့ကိုစမ္းတာလား။ ငထိန္တဲ့ကြ။ မၾကားဖူးဘူးလား။ ”

အရက္ဗံုးက ျပန္ေလွ်ာၾကတယ္။ ၾကည့္ရတာ သရဲလက္တြန္႔သြားတဲ့ပံုပဲ။ အရက္ဗံုးျပန္ရၿပီဆိုေတာ့ တမာပင္ေအာက္က ထြက္မယ့္အလုပ္မွာ …။ အရိပ္ႀကီးကပိတ္ရပ္ထားတယ္ဗ်။

“မင္းက လြယ္လြယ္နဲ႔လက္မေလွ်ာ့ဘူးေပါ့ဟုတ္လား။ ”

အံ့ျသစရာပဲ အရိပ္မဲႀကီးက ေခါင္းညိ့မ္ျပတယ္။

“ဒါဆိုရင္ မင္းနဲ႔ငါ အေလာင္းအစားတစ္ခုလုပ္ရမယ္။ မင္းနဲ႔ငါ အရက္ၿပိဳင္ေသာက္မယ္။ မူးတဲ့ေကာင္က အ႐ွံုး မင္းမူးရင္ ငါ့အတြက္ တလစာ အရက္ဖိုးေပးရမယ္။ ငါမူးရင္ မင္းကို တလလံုးအရက္ဝယ္တိုက္မယ္။ ဘယ္လိုလဲ ”

အံမယ္ သရဲက ျပံဳးျပံဳးႀကီးကို ေခါင္းညိမ့္ျပေနတာ။ ငထိန္တစ္ေယာက္ စိန္ေခၚမိတာမွားမ်ားမွားသြားၿပီလား အေတြးနဲ႔ ေခတၱေတြေဝသြားတယ္။ မတက္ႏိူင္ဘူး စိန္ေခၚၿပီးသြားၿပီဆိုေတာ့…။ ငထိန္တစ္ေယာက္ တမာပင္ေအာက္ကိုသြားတယ္။ ဝါးက်ည္ေတာက္ႏွစ္ခုကိုယူ အရက္ျဖည့္ ၿပီး သရဲကို တခု ေပးတယ္။ အၿပိဳင္ေသာက္ၾကတယ္။ အမဲသားကိုေတာ့ လက္က ဆြဲထားတယ္ဗ်။

သူေသာက္ ကိုယ္ေသာက္နဲ႔ ပါလာသမွ် အရက္ဗံုးက တဝက္ေက်ာ္ကုန္ၿပီ။ သရဲကခုမွေကာင္းတုန္း။ လက္ေလးသြက္ေနေလရဲ႕။ ငထိန္ကေတာ့ မူးခ်င္သလိုျဖစ္လာၿပီ။ ဒီအတိုင္းဆိုငထိန္႐ွံုးမွာေသခ်ာေနၿပီ။ ငထိန္ၾကံၿပီေလ။

ဝါးက်ည္ေတာက္ထဲေနာက္တစ္ခါအရက္ျပန္ျဖည့္တဲ့အခ်ိန္ သရဲေသာက္မယ့္ ဝါးက်ည္ေတာက္ထဲအသင့္ယူၿပီးသား အခ်ိဳမႈန္႔လက္တစ္ဆုပ္စာကို ထည့္လိုက္တယ္။ ၿပီးမွသရဲကိုေပးလိုက္တယ္။ သရဲကမသိ႐ွာဘူးဗ်။ ဒီအတိုင္းေမာ့ေသာက္ေနေလရဲ႕။ ေဟာ ကုန္သြားၿပီ။ ေနာက္ဆံုးတစ္က်ည္ေတာက္စာပဲက်န္ေတာ့တယ္။ ငထိန္တစ္ေယာက္အေျခအေနေစာင့္ၾကည့္ေနတုန္း ႐ုတ္တရက္ သရဲက သူ႔ေခါင္းကိုျပန္႐ိုက္တယ္။ ေခါင္းကိုယမ္းၾကည့္တယ္။ ေဝါ့……ေဟာ သူအံၿပီ တမာပင္ႀကီးကိုယိုင္တိုင္ယိုင္တိုင္နဲ႔ပတ္ေနၿပီ။ ငထိန္ရိပ္မိၿပီ။ သရဲႀကီးမူးသြားၿပီ။ အဲဒီမွာမွ ငထိန္က သရဲကိုဂုတ္ကဆြဲၿပီး

“ကဲ ကိုယ္ေတာ္ေခ်ာ မူးေနၿပီမလား။ အဲေတာ့ ကတိအတိုင္းေပး တလစာ။ ”

သရဲခမ်ာေတာ္ေတာ္မူးေနတာဗ်။ ငထိန္ကို တမာပင္ရဲ႕အေျခနားလက္ညိဳးထိုးျပၿပီး ေပ်ာက္သြားတယ္။ ငထိန္က

“ခုငါလည္းနည္းနည္းမူးေနၿပီ။ အဲေတာ့ မနက္က်မွပဲ လာယူမယ္။ ကတိမတည္လို႔ကေတာ့ တမာပင္ကိုအျမစ္ကေနဆြဲလွန္ပစ္မယ္။ ”
အမဲသားတြဲယူၿပီးရြာျပန္လာခဲ့တယ္။ လမ္းမွာအေႏွာက္အယွက္မ႐ွိေတာ့ဘူးဗ်။ ရြာေရာက္ေတာ့သူႀကီးက အဆင္ေျပလားေမးတယ္။

ငထိန္ကေတာ့လက္ကာျပၿပီး သူ႔အိမ္သူျပန္ခဲ့တယ္။ မနက္ေရာက္ေတာ့မ်က္ႏွာသစ္ၿပီး ညတုန္းကအျဖစ္အပ်က္ကို ျပန္သတိရလာလို႔ ေပါက္တူးတစ္ေခ်ာင္းနဲ႔ တမာပင္ေျခရင္းကုိတူးၾကည့္တယ္။

“ေဖာက္…ေဖာက္…ေဖာက္….တိန္”

အနက္ ေလးေပေလာက္မွာ မာမာအရာတခုကို ထိၿပီး ေပါက္တူးပဲ့သြားတဲ့အသံဗ်။ လက္နဲ႔ဖယ္ၾကည့္ေတာ့ ေရႊဒဂၤါးအျပည့္ အိုးေသးေလးတစ္လံုးဗ်။ ငထိန္တစ္ေယာက္ ေတာ္ေတာ္အံ့ျသေနတယ္ဗ်။ သူဆံုးျဖတ္ခ်က္တစ္ခုခ်က္လိုက္တယ္။ အဲတာကေတာ့ ဒီရသမွ်ေရႊေတြကိုဘုရားတစ္ဆူတည္ၿပီး ဌာပနာ လိုက္တယ္။ ကမၺည္းထိုးေတာ့ တေစၦဘံုဘဝေရာက္ေနေသာ ယမကာသရဲႀကီးအားရည္စူး၍ ဆိုၿပီး ေရစက္ခ်လႉဒါန္းလိုက္တယ္။ ငထိန္တစ္ေယာက္လည္း ရာသက္ပန္ဘုန္းႀကီးဝတ္သြားတယ္။

ေနာင္ဘုန္းဘုန္းကို ေလွ်ာက္ထားၾကည့္တယ္ဗ်။

“အ႐ွင္ဘုရား ဒါဆို ငထိန္ဆိုတာက အ႐ွင္ဘုရားေပါ့ေနာ္။ ”

“ဒါေပါ့ ဒကာေလးရဲ႕ ငထိန္ဆိုတာ အရင္တုန္းက ဘုန္းဘုန္းရဲ႕ နာမေတာ္ပဲ။ ”

“တင္ပါ့ဘုရား ဒါဆို တမာပင္က တေစၦႀကီးေရာ ကြၽတ္သြားလားဘုရား ”

“အိမ္း ငါကိုယ္ေတာ္လည္းအဲဒါဆက္ေျပာရအံုးမယ္။ ဒီလိုကြယ့္။ ဘုန္းဘုနး္ ေရစက္ခ်ၿပီးညမွာပဲ အိပ္မက္လာေပးတယ္။ သူ ကြၽတ္ရာလြတ္ရာ ဘံုဘဝေရာက္သြားၿပီတဲ့။ ဘုန္းဘုန္းကို ေက်းဇူးတင္ေၾကာင္းလာေျပာၿပီး ကန္ေတာ့သြားတာ ဘုန္းဘုန္းေတာင္ မ်က္ရည္ေဝ့ပါတယ္ကြယ္။ ”

“တကယ္ကိုေကာင္းပါတယ္ဘုရား။ အ႐ွင္ဘုရား ခြင့္ျပဳမယ္ဆို႐င္ တပည့္ေတာ္ အြန္လိုင္းေပၚတင္ပါရေစဘုရား။ ခြင့္ျပဳပါဘုရား…။”

“ဒကာေတာ္က…”

“တပည့္ေတာ္က ပရေလာကအေၾကာင္း ေရးေနတဲ့ စာေရးသူတစ္ေယာက္ပါဘုရား။ တပည့္ေတာ္ရဲ႕ ပရိတ္သတ္ႀကီးကို အစြဲေၾကာင့္ ဘယ္ေလာက္ထိအနၱာရာယ္မ်ားလည္းဆိုတာ သိေစခ်င္လို႔ပါ ဘုရား။ ”

“အဆင္သင့္လိုက္ေလကြယ္။ တင္ပါ ဒကာေတာ္…ဆရာေတာ္ခြင့္ျပဳပါရဲ႕။”

(မွတ္ခ်က္။ ။ဒီျဖစ္ရပ္ေလးကို ေရးသားခြင့္ျပဳတဲ့ ဆရာေတာ္ အ႐ွင္ အဂၢမဟာ ကို တပည့္ေတာ္ ဒီကေနပဲ ကန္ေတာ့လိုက္ပါရေစဘုရား။ )
– ကြၽန္ေတာ္တို႔႐ွာေနတဲ့ ေငြေၾကး၊ ဥစၥာ၊ ေတြဟာ မ႐ွိမျဖစ္လိုအပ္တယ္ကြၽန္ေတာ္တို႔အသက္လို႔ဆိုႏိူင္ေပမယ့္ ေသခါနီးအခ်ိန္မွာ မိမိပိုင္ဆိုင္တဲ့ အရာတခုခုကို စိတ္ၫြတ္သြားတဲ့အခါ မကြၽတ္မလြတ္ ထိုပစၥည္းကို ေစာင့္ရတဲ့ ဥစၥာေစာင့္ဘဝမ်ိဳးေရာက္တက္ပါတယ္။ စိတ္ေၾကာင့္ တစ္ဘဝလံုး မည္မွ်ပင္ေကာင္းမႈျပဳခဲ့ ေသခါနီးအခ်ိန္မွာ အေတြးမမွားဖို႔သတိထားၾကပါလို႔ တိုက္တြန္းရင္း ကြၽန္ေတာ္ မိုးမခ(ေတာင္တြင္း) ရဲ႕ ဇာတ္လမ္းေလးကို ဒီမွာပဲ နားပါရေစခင္ဗ်ား။…..

Credit: ျဖစ္ရပ္မွန္ (အ႐ွင္ အဂၢမဟာ ဆရာေတာ္)

# Unicode Version ျဖင့္ ဖတ္ပါ #

တခါက အင်မတန်အေးချမ်းဖွယ်ကောင်းတဲ့ ရွာလေးတစ်ရွာမှာ ငထိန်ဆိုတဲ့ အရက်သမား တစ်ယောက်ရှိတယ်။
တရွာလုံးကတော့ မွဲဆေးဖော်ချင်ရင် ထွေထွေထူးထူးစဉ်းစားမနေနဲ့ ငထိန်ကိုသာတိုက်လိုက်ပါ ဆိုတဲ့ စကားပုံတောင်သုံးရတဲ့သူဗျ။
ဒါပေမယ့် သူကတခြားသူတွေလို အရက်သောက်ပြီးရင် မရမ်းဘူး။ မအော်ဘူးဗျ။
မူးရင် အိပ်ယာထဲလှဲပြီးအိပ်နေလေ့ရှိတယ်။ အလုပ်ကလည်းလုပ်တယ်ဗျ။ လူပျိုလူလွတ်ဆိုတော့ ရတဲ့ပိုက်ဆံအကုန်အရက်ဝယ်သောက်တယ်။
“ငထိန် ”

“ဗျာ သူကြီး ”

“အေး မင်းကို ခိုင်းစရာတခုရှိတယ်။ လာအုံး ”

“ဟုတ်ကဲ့ ပြောပါသူကြီး ”

“မင်း ဒီညဟိုဘက်ရွာကိုသွား အမဲသားတစ်တွဲသွားဝယ်ခဲ့ ညပိုင်းသွားရဲတာမင်းပဲရှိတာမလို့ ၊ အော် နောက်ပြီး ဟင်းအချိုမှုန့်တစ်ထုပ်ပါဝယ်ခဲ့ကွာ…။ မနက်အလှူအတွက် ”

“အော် ဟုတ်ကဲ့ စိတ်ချသူကြီး ကျွန်တော်သွားပေးပါ့မယ်…”

“အေးအေး ရော့ ဒီပိုက်ဆံ၈ထောင်က အမဲသားဖိုး ရော့ ဒီမှာ ၂ထောင် ဒါကမင်းအရက်ဖိုး ”
သူကြီးကား မနက် စောစော အလှူလုပ်ဖို့ အမဲသားမလောက်၍ ငထိန်ကို ခေါ်ခိုင်းခြင်းဖြစ်သည်…။
ရွာကနေ ငထိန်တစ်ယောက် ညနေ လေးခွဲလောက်ထွက်ခဲ့တယ်။

*******************************
“ဗျို့ ကိုသာဂိ ခင်ဗျားတို့ အမဲသားက ဒီနေ့ရပါ့အုံးမလားဗျ။”

“ခနပဲစောင့်ပါ ငထိန်ရာ မင်းတို့ အိမ်မှာအသင့် ချက်စားလို့ရအောင်ရှယ်လုပ်ပေးနေတာ ”

“အေးပါကွာ အေး ရှယ်ဆိုလို့လဲငါပိုမပေးနိူင်ဘူးနော် သူကြီးက ၈ထောင်ပဲပေးလိုက်တာ ”

“အေးပါ ငါသိပါတယ်ကွ။ ”

“ကဲ ရော့ ရပြီ။ ရော့ အချိုမှုန့်ထုတ် ”

“ကဲ ဒါဆို ကျုပ်သွားတော့မယ်ဗျာ မိုးလည်းချုပ်နေပြီ ”

“ငထိန် ”

“ဘာတုန်း ”

“မင်းဒီညပြန်ဖို့အဆင်ပြေပါ့မလား ငါတို့ရွာက လူနှစ်ယောက်လောက်ထည့်ပေးလိုက်ရမလား ”

“အောင်မလေး ကိုသာဂိရာ ငထိန် ပါ။ ကြောက်သွေးပါရင်ဖောက်ထုတ်ပစ်မယ်။ ရတယ် မလိုဘူး။ ”

“အေး မလိုရင်လည်းပြီးသာပါပဲကွာ။ ဒါနဲ့ ရွာပြင်က တမာပင်နားရောက်ရင်တော့ သတိထားသွားနော်…။”

“ဘာလို့တုန်း ”

“ဟာ အဲတမာပင်က တအားခြောက်တာ ငါတော့မကြုံဖူးဘူး။ ငါ့တပည့်တွေကတော့ ကြုံဖူးတယ်တဲ့။ သရဲက အရက်ဂျိုးဆိုပဲ တွေ့တာနဲ့ အရက်တောင်းသောက်တာပဲတဲ့ကွာ…။”

“ဟား ကျုပ်ကိုအရက်တိုက်ခိုင်းလို့ကတော့ လည်မြိုတက်နင်းပစ်မယ်။ အမဲသားသာကျွေးမယ် အရက်တော့မရစေရဘူး။ ဟားဟား…ဟား…”

ငထိန်တစ်ယောက် ရယ်မောစွာဖြင့် လက်တစ်ဖက်က ဆယ်ပုလင်းဆန့်သောအရက်ဗုံး ကိုထမ်း တစ်ဖက်ကလည်းအမဲသားကိုဆွဲရင်း တရွေ့ရွေ့ထွက်သွားလေတော့သည်…။
ဘာလိုလိုနှင့် အရှေ့မှာ တမာပင်ကြီးကိုမြင်နေရပြီ။ တမာပင်ကြီးကို ဒီနေ့မှသေချာကြည့်မိတယ်။ ငထိန်အလာကို လက်ပိုက်ပြီး မျှော်နေတဲ့ပုံစံဗျ။
တမာပင်နဲ့နီးလေ ကြက်သီးတွေထလေ ။ အားတင်းရင်းထွက်လာခဲ့တယ်။

တမာပင်အောက်ကနေထွက်ခါနီးမှာ အရက်ဗုံးကို တစ်ယောက်ယောက်က ဆွဲယူသလိုခံစားရတယ်။ ထူးဆန်းတယ်။ ပြန်ဆွဲတာကို လေပေါ်မှာဆွဲမရဘူးဗျ။
ငထိန်တင်းသွားပြီ။

“ဒီမှာ အရက်ဂျိုးသရဲ မင်းက ငါ့ကိုစမ်းတာလား။ ငထိန်တဲ့ကွ။ မကြားဖူးဘူးလား။ ”

အရက်ဗုံးက ပြန်လျှောကြတယ်။ ကြည့်ရတာ သရဲလက်တွန့်သွားတဲ့ပုံပဲ။ အရက်ဗုံးပြန်ရပြီဆိုတော့ တမာပင်အောက်က ထွက်မယ့်အလုပ်မှာ …။ အရိပ်ကြီးကပိတ်ရပ်ထားတယ်ဗျ။

“မင်းက လွယ်လွယ်နဲ့လက်မလျှော့ဘူးပေါ့ဟုတ်လား။ ”

အံ့သြစရာပဲ အရိပ်မဲကြီးက ခေါင်းညိ့မ်ပြတယ်။

“ဒါဆိုရင် မင်းနဲ့ငါ အလောင်းအစားတစ်ခုလုပ်ရမယ်။ မင်းနဲ့ငါ အရက်ပြိုင်သောက်မယ်။ မူးတဲ့ကောင်က အရှုံး မင်းမူးရင် ငါ့အတွက် တလစာ အရက်ဖိုးပေးရမယ်။ ငါမူးရင် မင်းကို တလလုံးအရက်ဝယ်တိုက်မယ်။ ဘယ်လိုလဲ ”

အံမယ် သရဲက ပြုံးပြုံးကြီးကို ခေါင်းညိမ့်ပြနေတာ။ ငထိန်တစ်ယောက် စိန်ခေါ်မိတာမှားများမှားသွားပြီလား အတွေးနဲ့ ခေတ္တတွေဝေသွားတယ်။ မတက်နိူင်ဘူး စိန်ခေါ်ပြီးသွားပြီဆိုတော့…။ ငထိန်တစ်ယောက် တမာပင်အောက်ကိုသွားတယ်။ ဝါးကျည်တောက်နှစ်ခုကိုယူ အရက်ဖြည့် ပြီး သရဲကို တခု ပေးတယ်။ အပြိုင်သောက်ကြတယ်။ အမဲသားကိုတော့ လက်က ဆွဲထားတယ်ဗျ။

သူသောက် ကိုယ်သောက်နဲ့ ပါလာသမျှ အရက်ဗုံးက တဝက်ကျော်ကုန်ပြီ။ သရဲကခုမှကောင်းတုန်း။ လက်လေးသွက်နေလေရဲ့။ ငထိန်ကတော့ မူးချင်သလိုဖြစ်လာပြီ။ ဒီအတိုင်းဆိုငထိန်ရှုံးမှာသေချာနေပြီ။ ငထိန်ကြံပြီလေ။

ဝါးကျည်တောက်ထဲနောက်တစ်ခါအရက်ပြန်ဖြည့်တဲ့အချိန် သရဲသောက်မယ့် ဝါးကျည်တောက်ထဲအသင့်ယူပြီးသား အချိုမှုန့်လက်တစ်ဆုပ်စာကို ထည့်လိုက်တယ်။ ပြီးမှသရဲကိုပေးလိုက်တယ်။ သရဲကမသိရှာဘူးဗျ။ ဒီအတိုင်းမော့သောက်နေလေရဲ့။ ဟော ကုန်သွားပြီ။ နောက်ဆုံးတစ်ကျည်တောက်စာပဲကျန်တော့တယ်။ ငထိန်တစ်ယောက်အခြေအနေစောင့်ကြည့်နေတုန်း ရုတ်တရက် သရဲက သူ့ခေါင်းကိုပြန်ရိုက်တယ်။ ခေါင်းကိုယမ်းကြည့်တယ်။ ဝေါ့……ဟော သူအံပြီ တမာပင်ကြီးကိုယိုင်တိုင်ယိုင်တိုင်နဲ့ပတ်နေပြီ။ ငထိန်ရိပ်မိပြီ။ သရဲကြီးမူးသွားပြီ။ အဲဒီမှာမှ ငထိန်က သရဲကိုဂုတ်ကဆွဲပြီး

“ကဲ ကိုယ်တော်ချော မူးနေပြီမလား။ အဲတော့ ကတိအတိုင်းပေး တလစာ။ ”

သရဲခမျာတော်တော်မူးနေတာဗျ။ ငထိန်ကို တမာပင်ရဲ့အခြေနားလက်ညိုးထိုးပြပြီး ပျောက်သွားတယ်။ ငထိန်က

“ခုငါလည်းနည်းနည်းမူးနေပြီ။ အဲတော့ မနက်ကျမှပဲ လာယူမယ်။ ကတိမတည်လို့ကတော့ တမာပင်ကိုအမြစ်ကနေဆွဲလှန်ပစ်မယ်။ ”
အမဲသားတွဲယူပြီးရွာပြန်လာခဲ့တယ်။ လမ်းမှာအနှောက်အယှက်မရှိတော့ဘူးဗျ။ ရွာရောက်တော့သူကြီးက အဆင်ပြေလားမေးတယ်။

ငထိန်ကတော့လက်ကာပြပြီး သူ့အိမ်သူပြန်ခဲ့တယ်။ မနက်ရောက်တော့မျက်နှာသစ်ပြီး ညတုန်းကအဖြစ်အပျက်ကို ပြန်သတိရလာလို့ ပေါက်တူးတစ်ချောင်းနဲ့ တမာပင်ခြေရင်းကိုတူးကြည့်တယ်။

“ဖောက်…ဖောက်…ဖောက်….တိန်”

အနက် လေးပေလောက်မှာ မာမာအရာတခုကို ထိပြီး ပေါက်တူးပဲ့သွားတဲ့အသံဗျ။ လက်နဲ့ဖယ်ကြည့်တော့ ရွှေဒင်္ဂါးအပြည့် အိုးသေးလေးတစ်လုံးဗျ။ ငထိန်တစ်ယောက် တော်တော်အံ့သြနေတယ်ဗျ။ သူဆုံးဖြတ်ချက်တစ်ခုချက်လိုက်တယ်။ အဲတာကတော့ ဒီရသမျှရွှေတွေကိုဘုရားတစ်ဆူတည်ပြီး ဌာပနာ လိုက်တယ်။ ကမ္ဗည်းထိုးတော့ တစ္ဆေဘုံဘဝရောက်နေသော ယမကာသရဲကြီးအားရည်စူး၍ ဆိုပြီး ရေစက်ချလှူဒါန်းလိုက်တယ်။ ငထိန်တစ်ယောက်လည်း ရာသက်ပန်ဘုန်းကြီးဝတ်သွားတယ်။

နောင်ဘုန်းဘုန်းကို လျှောက်ထားကြည့်တယ်ဗျ။

“အရှင်ဘုရား ဒါဆို ငထိန်ဆိုတာက အရှင်ဘုရားပေါ့နော်။ ”

“ဒါပေါ့ ဒကာလေးရဲ့ ငထိန်ဆိုတာ အရင်တုန်းက ဘုန်းဘုန်းရဲ့ နာမတော်ပဲ။ ”

“တင်ပါ့ဘုရား ဒါဆို တမာပင်က တစ္ဆေကြီးရော ကျွတ်သွားလားဘုရား ”

“အိမ်း ငါကိုယ်တော်လည်းအဲဒါဆက်ပြောရအုံးမယ်။ ဒီလိုကွယ့်။ ဘုန်းဘုန်း ရေစက်ချပြီးညမှာပဲ အိပ်မက်လာပေးတယ်။ သူ ကျွတ်ရာလွတ်ရာ ဘုံဘဝရောက်သွားပြီတဲ့။ ဘုန်းဘုန်းကို ကျေးဇူးတင်ကြောင်းလာပြောပြီး ကန်တော့သွားတာ ဘုန်းဘုန်းတောင် မျက်ရည်ဝေ့ပါတယ်ကွယ်။ ”

“တကယ်ကိုကောင်းပါတယ်ဘုရား။ အရှင်ဘုရား ခွင့်ပြုမယ်ဆိုရင် တပည့်တော် အွန်လိုင်းပေါ်တင်ပါရစေဘုရား။ ခွင့်ပြုပါဘုရား…။”

“ဒကာတော်က…”

“တပည့်တော်က ပရလောကအကြောင်း ရေးနေတဲ့ စာရေးသူတစ်ယောက်ပါဘုရား။ တပည့်တော်ရဲ့ ပရိတ်သတ်ကြီးကို အစွဲကြောင့် ဘယ်လောက်ထိအန္တာရာယ်များလည်းဆိုတာ သိစေချင်လို့ပါ ဘုရား။ ”

“အဆင်သင့်လိုက်လေကွယ်။ တင်ပါ ဒကာတော်…ဆရာတော်ခွင့်ပြုပါရဲ့။”

(မှတ်ချက်။ ။ဒီဖြစ်ရပ်လေးကို ရေးသားခွင့်ပြုတဲ့ ဆရာတော် အရှင် အဂ္ဂမဟာ ကို တပည့်တော် ဒီကနေပဲ ကန်တော့လိုက်ပါရစေဘုရား။ )
– ကျွန်တော်တို့ရှာနေတဲ့ ငွေကြေး၊ ဥစ္စာ၊ တွေဟာ မရှိမဖြစ်လိုအပ်တယ်ကျွန်တော်တို့အသက်လို့ဆိုနိူင်ပေမယ့် သေခါနီးအချိန်မှာ မိမိပိုင်ဆိုင်တဲ့ အရာတခုခုကို စိတ်ညွတ်သွားတဲ့အခါ မကျွတ်မလွတ် ထိုပစ္စည်းကို စောင့်ရတဲ့ ဥစ္စာစောင့်ဘဝမျိုးရောက်တက်ပါတယ်။ စိတ်ကြောင့် တစ်ဘဝလုံး မည်မျှပင်ကောင်းမှုပြုခဲ့ သေခါနီးအချိန်မှာ အတွေးမမှားဖို့သတိထားကြပါလို့ တိုက်တွန်းရင်း ကျွန်တော် မိုးမခ(တောင်တွင်း) ရဲ့ ဇာတ်လမ်းလေးကို ဒီမှာပဲ နားပါရစေခင်ဗျား။…..

Credit: ဖြစ်ရပ်မှန် (အရှင် အဂ္ဂမဟာ ဆရာတော်)

Add a Comment

Your email address will not be published. Required fields are marked *