မနက္ျဖန္ ခ်စ္သူမ်ားေန႔ မွာ အထီးက်န္ေနမယ့္ FA ေလးေတြ သီးသန္႔နားေထာင္ဖို႔ ရိုက္ကူးေပးခဲ့တဲ့ ေရႊထူးရဲ့သီခ်င္းေလး

သီခ်င္းေကာင္းေတြ မ်ားစြာကို ေရးစပ္သီဆိုခဲ့တဲ့ ေရႊထူးကေတာ့ ဂီတခရီးလမ္းကို စတင္ေလၽွာက္လွမ္းခဲ့စဥ္ ကတည္းက လူငယ္ ပရိသတ္ေတြ အႀကိဳက္ေတြ႕ေစတဲ့ သီခ်င္းေပါင္းမ်ားစြာကို သီဆိုခဲ့တာ ယေန႔အခ်ိန္ထိလို႔ပဲလို႔ ဆိုရမွာပါ။ အိမ္ေထာင္က်ၿပီး ေနာက္ပိုင္းမွာ မိန္းမျဖစ္သူရဲ့ ဂ႐ုစိုက္မႈကို မ်ားစြာရရွိေနတာေၾကာင့္ အလြမ္းအေဆြး သီခ်င္းေတြ သိပ္မဆိုျဖစ္ေတာ့ဘူးလို႔ ဆိုပါတယ္။

ခ်စ္သူမ်ားေန႔ မွာ အထီးက်န္ေနမယ့္ FA ေလးေတြ သီးသန္႔နားေထာင္ဖို႔ ရိုက္ကူးေပးခဲ့တဲ့ ေရႊထူး

ဒါေပမယ့္ အလြမ္းအေဆြး သီခ်င္းေတြနဲ႔ နာမည္ရလာတဲ့ေရႊထူးကေတာ့ မနက္ျဖန္ခ်စ္သူမ်ားေန႔မွာ ေဆြးေနရမယ့္ တစ္ကိုယ္တည္းသမားေတြ အတြက္ သူ႔ရဲ့ သီခ်င္းအေဟာင္းေလးကို Music Video ျပန္လည္ရိုက္ကူးၿပီး အမွီတင္ေပးခဲ့ပါတယ္။ အခုတင္ေပးထားတဲ့ Unlucky Day သီခ်င္းေလးကေတာ့ စတင္ထြက္ရွိခဲ့စဥ္ကတည္းက ပရိသတ္ေတြ အႀကိဳက္ေတြ႕ခဲ့တာျဖစ္ၿပီး ႏွစ္စဥ္ႏွစ္တိုင္း ခ်စ္သူမ်ားေန႔နီးလာတဲ့ အခ်ိန္ေရာက္ရင္ လူငယ္ေတြပါးစပ္ဖ်ားမွာ ေရပန္းစားေနၾကပါ။ ဒီႏွစ္မွာေတာ့ ေရႊထူးက သီခ်င္းဗြီဒီယိုေလးကို အခ်ိန္မရွိတဲ့ၾကားက ရိုက္ကူးေပးခဲ့တာျဖစ္ၿပီး “Valentine’s Day မွာ Unlucky Day မျဖစ္ၾကပါေစနဲ႔လို႔ အားလုံးကို ဆုေတာင္းေပးပါတယ္ခင္ဗ်ာ” ဆိုၿပီး မၽွေဝေပးခဲ့တာပါ။

ခ်စ္သူမ်ားေန႔ မွာ အထီးက်န္ေနမယ့္ FA ေလးေတြ သီးသန္႔နားေထာင္ဖို႔ ရိုက္ကူးေပးခဲ့တဲ့ ေရႊထူး

ဒါ့အျပင္ “လိုအပ္ခ်က္ေတြ ရွိရင္လည္း နားလည္ေပးၾကပါခင္ဗ်ာ.. Shooting တစ္ဖက္နဲ႔အခ်ိန္ သိပ္မရလို႔ ရာသီစာေလးေကၽြးခ်င္လို႔ အျမန္လုပ္လိုက္ရတာ အားလုံးကို အားနာပါတယ္ခင္ဗ်ာ” ဆိုၿပီး ဗြီဒီယိုေလးနဲ႔ပတ္သက္ၿပီး ေျပာၾကားခဲ့ပါေသးတယ္။ ေရႊထူးမအားတဲ့ ၾကားထဲက FA ေတြအတြက္ အမွီရိုက္ကူးေပးခဲ့တဲ့ Unlucky Day ဗြီဒီယိုေလးကို ပရိသတ္ႀကီး အတြက္ မၽွေဝေပးလိုက္ပါတယ္ေနာ္။ Source – Shwe Htoo

Unicode

သီချင်းကောင်းတွေ များစွာကို ရေးစပ်သီဆိုခဲ့တဲ့ ရွှေထူးကတော့ ဂီတခရီးလမ်းကို စတင်လျှောက်လှမ်းခဲ့စဉ် ကတည်းက လူငယ် ပရိသတ်တွေ အကြိုက်တွေ့စေတဲ့ သီချင်းပေါင်းများစွာကို သီဆိုခဲ့တာ ယနေ့အချိန်ထိလို့ပဲလို့ ဆိုရမှာပါ။ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ မိန်းမဖြစ်သူရဲ့ ဂရုစိုက်မှုကို များစွာရရှိနေတာကြောင့် အလွမ်းအဆွေး သီချင်းတွေ သိပ်မဆိုဖြစ်တော့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အလွမ်းအဆွေး သီချင်းတွေနဲ့ နာမည်ရလာတဲ့ရွှေထူးကတော့ မနက်ဖြန်ချစ်သူများနေ့မှာ ဆွေးနေရမယ့် တစ်ကိုယ်တည်းသမားတွေ အတွက် သူ့ရဲ့ သီချင်းအဟောင်းလေးကို Music Video ပြန်လည်ရိုက်ကူးပြီး အမှီတင်ပေးခဲ့ပါတယ်။ အခုတင်ပေးထားတဲ့ Unlucky Day သီချင်းလေးကတော့ စတင်ထွက်ရှိခဲ့စဉ်ကတည်းက ပရိသတ်တွေ အကြိုက်တွေ့ခဲ့တာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ချစ်သူများနေ့နီးလာတဲ့ အချိန်ရောက်ရင် လူငယ်တွေပါးစပ်ဖျားမှာ ရေပန်းစားနေကြပါ။ ဒီနှစ်မှာတော့ ရွှေထူးက သီချင်းဗွီဒီယိုလေးကို အချိန်မရှိတဲ့ကြားက ရိုက်ကူးပေးခဲ့တာဖြစ်ပြီး “Valentine’s Day မှာ Unlucky Day မဖြစ်ကြပါစေနဲ့လို့ အားလုံးကို ဆုတောင်းပေးပါတယ်ခင်ဗျာ” ဆိုပြီး မျှဝေပေးခဲ့တာပါ။

ဒါ့အပြင် “လိုအပ်ချက်တွေ ရှိရင်လည်း နားလည်ပေးကြပါခင်ဗျာ.. Shooting တစ်ဖက်နဲ့အချိန် သိပ်မရလို့ ရာသီစာလေးကျွေးချင်လို့ အမြန်လုပ်လိုက်ရတာ အားလုံးကို အားနာပါတယ်ခင်ဗျာ” ဆိုပြီး ဗွီဒီယိုလေးနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါသေးတယ်။ ရွှေထူးမအားတဲ့ ကြားထဲက FA တွေအတွက် အမှီရိုက်ကူးပေးခဲ့တဲ့ Unlucky Day ဗွီဒီယိုလေးကို ပရိသတ်ကြီး အတွက် မျှဝေပေးလိုက်ပါတယ်နော်။ Source – Shwe Htoo

Add a Comment

Your email address will not be published. Required fields are marked *