တာခ်ီလိတ္ၿမဳိ႕ တြင္ ေန႔ခင္းေၾကာင္ေတာင္ ေသနတ္ျဖင့္ ပစ္ခတ္ လုပ္ႀကံမႈျဖစ္ပြား

တာခ်ီလိတ္ ၿမဳိ႕နယ္ ထြန္းေအာင္လမ္း အတြင္း အမ်ဳိးသား တစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခံရမႈ ေဖေဖာ္ဝါရီ (၁၃) ရက္ က ျဖစ္ပြားခဲ့ေၾကာင္းသိရသည္ ။

တာခ်ီလိတ္

ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔လယ္ ၁၂ နာရီခန္႔က ကားေပၚတက္ရန္ လမ္းေလ်ာက္လာသူတစ္ဦးကုိ ကားအနက္တစ္စီးျဖင့္ လာ ေရာက္ကာ ၆ ခ်က္ခန္႔ ပစ္ခတ္ၿပီး ထြက္ေျပးသြားေၾကာင္း တာခ်ီလိတ္ၿမဳိ႕နယ္ အမွတ္(၂) တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္ စားလွယ္ ဦးခင္ေမာင္တင့္က အကုန္သိ သတင္းဌာနသုိ႔ ေျပာသည္။

တာခ်ီလိတ္

“ ဒီကေန႔ ေန႔လယ္ ၁၂ နာရီေလာက္က ျဖစ္ပြားခဲ့တာပါ။ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီးေတာ့ဆက္လက္စုံစမ္းေနပါတယ္” ဟု တာခ်ီလိတ္ၿမဳိ႕နယ္ အမွတ္(၂) တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။ပစ္ခံရသူမွာ အသက္ ၄၂ ႏွစ္အရြယ္ လီထုိက္ယုံဆုိသူျဖစ္ၿပီး တာခ်ီလိတ္ခရုိင္ ျပည္သူ႔ေဆးရုံသုိ႔ ပုိ႔ေဆာင္ထားၿပီး လက္ရွိအခ်ိန္ ၌ ေသဆုံးသြားေၾကာင္းသိရသည္။ပစ္ခတ္ခံရသူ စီးႏွင္းလာသည့္ ကား၏ေရွ႕ေလကာမွန္တြင္ (၁)ခ်က္၊ ညာဘက္တံခါးတြင္ (၃) ခ်က္၊ တံခါးမွန္တြင္ (၂) ခ်က္ က်ည္ေဖာက္ဝင္ထားသည္ကုိ ေတြ႔ရေၾကာင္းလည္း သိရသည္။

တာခ်ီလိတ္

အကုန္သိ

တာချီလိတ်မြို့နယ် ထွန်းအောင်လမ်းအတွင်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ဖေဖော်ဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့လယ် ၁၂ နာရီခန့်က ကားပေါ်တက်ရန် လမ်းလျောက်လာသူတစ်ဦးကို ကားအနက်တစ်စီးဖြင့် လာ ရောက်ကာ ၆ ချက်ခန့် ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း တာချီလိတ်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးခင်မောင်တင့်က အကုန်သိ သတင်းဌာနသို့ ပြောသည်။

“ ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ဆက်လက်စုံစမ်းနေပါတယ်” ဟု တာချီလိတ်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။ပစ်ခံရသူမှာ အသက် ၄၂ နှစ်အရွယ် လီထိုက်ယုံဆိုသူဖြစ်ပြီး တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး လက်ရှိအချိန် ၌ သေဆုံးသွားကြောင်းသိရသည်။ပစ်ခတ်ခံရသူ စီးနှင်းလာသည့် ကား၏ရှေ့လေကာမှန်တွင် (၁)ချက်၊ ညာဘက်တံခါးတွင် (၃) ချက်၊ တံခါးမှန်တွင် (၂) ချက် ကျည်ဖောက်ဝင်ထားသည်ကို တွေ့ရကြောင်းလည်း သိရသည်။

အကုန်သိ

Add a Comment

Your email address will not be published. Required fields are marked *