ချစ်ရတဲ့ မြေးလေးကိုပေါင်ပေါ်တင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါက်ဆွဲထိုင်ရောင်းနေတဲ့ လူရွှင်တော်ကြီးဦးဧရာ


ချစ်ရတဲ့ မြေးလေးကိုပေါင်ပေါ်တင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါက်ဆွဲထိုင်ရောင်းနေတဲ့ လူရွှင်တော်ကြီးဦးဧရာ


ချစ်ရတဲ့ မြေးလေးကိုပေါင်ပေါ်တင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါက်ဆွဲထိုင်ရောင်းနေတဲ့ လူရွှင်တော်ကြီးဦးဧရာ


ချစ်ရတဲ့ မြေးလေးကိုပေါင်ပေါ်တင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါက်ဆွဲထိုင်ရောင်းနေတဲ့ လူရွှင်တော်ကြီးဦးဧရာ
ချစ်ရတဲ့ မြေးလေးကိုပေါင်ပေါ်တင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါက်ဆွဲထိုင်ရောင်းနေတဲ့ လူရွှင်တော်ကြီးဦးဧရာ

Unicode

တစ်ခေတ် တစ်ချိန်က အနုပညာလောက မှာရော သဘင်လောကမှာပါ နေရာရ အောင်မြင်ခဲ့တဲ့ ဟာသ သရုပ်ဆောင်၊ လူရွှင်တော်ကြီး ဦးဧရာ ကိုတော့ အားလုံးကသိကြမယ် ထင်ပါတယ်နော်။ ပရိသတ်တွေ တော်တော်များများကလည်း သူ့ရဲ့ ဟာသပြက်လုံးတွေ၊ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ကို ကြည့်ရှုခံစားရင်း ပျော်ရွှင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ လူရွှင်တော်ကြီး ဦးဧရာက အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီပဲ ဖြစ်ပါတယ်။

ဦးဧရာ အနေနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်း ကတည်းက ခါးနာတဲ့ဝေဒနာကိုခံစားခဲ့ရပြီး မကြာခဏဆိုသလို ဆေးရုံတက်ရောက်ကာ ကုသမှုခံယူခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘဝကို အရှုံးမပေးဘဲ ကြံ့ကြံ့ခံကာ ရင်ဆိုင်ဖြတ်သန်းနေတဲ့ ဦးဧရာက အခုလည်း မြေးလေးနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ ခေါက်ဆွဲရောင်းနေတာပဲ ဖြစ်ပါတယ်။ ဦးဧရာက မြေးလေးကိုပေါင်ပေါ်တင်ပြီး ခေါက်ဆွဲရောင်းနေတဲ့ ပုံလေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ်။

ဦးဧရာက ” ရာရာနဲ့ မြေးလေးတို့ဈေးရောင်းနေကြတာပါ မြေးလေအဖေက အချက်အပြုတ် သင်တန်းကျောင်းမှာ ဒီပလိုမာရထားတော့ ဒီအလုပ်ကိုစလုပ်ကြသည်ပေါ့ ကြက်သားပလာတာနဲ့ ပန်းသေးခေါက်ဆွဲ စပါယ်ရှယ်လစ်မို့လို့ အော်ဒါများလက်ခံပါ၏ 09799638858 ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေ အတွက် ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါက်ဆွဲထိုင်ရောင်းနေတဲ့ လူရွှင်တော်ကြီးဦးဧရာရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *