တရုတ္အစိုးရ၏နည္းဗ်ဴဟာ အေျပာင္းအလဲေၾကာင့္ ကူးစက္မႈႏႈန္း(၁၀)ဆခန္႔ ျမင့္တက္

တ ႐ုတ္ႏိုင္ငံ တြင္ ျဖစ္ပြားလ်က္ရွိေသာ ဝူဟန္ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈႏႈန္းႏွင့္ ကူးစက္မႈႏႈန္း ျမင့္တက္လာၿပီး ေသဆုံးသူ ၁၃၆၃ ဦးရွိကာ ကူးစက္ခံရသူ ၆၀၀၆၂ ဦးရွိလာၿပီး ကုသ၍ ေပ်ာက္ကင္းသက္သာသြားသူ ( ၅၆၈၀ ) ရွိေၾကာင္း တ႐ုတ္ အာဏာပိုင္မ်ား က ထုတ္ျပန္ထား သည္ ။

တရုတ္အစိုးရ၏နည္းဗ်ဴဟာ အေျပာင္းအလဲေၾကာင့္ ကူးစက္မႈႏႈန္း(၁၀)ဆခန္႔ ျမင့္တက္

ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ တစ္ရက္တည္း တြင္ ပင္ ဝူဟန္ဗိုင္းရပ္စ္ပိုး အဓိက ျဖစ္ပြားရာ ဟူေဘးျပည္နယ္ တြင္ ကူးစက္ခံရသူ ၁၄၈၄၀ ဦးရွိၿပီး အဆိုပါ ပမာဏသည္ ေန႔စဥ္ ပမာဏထက္ ၁၀ ဆမ်ားျပားကာ စံခ်ိန္တင္ျမင့္ တက္လာျခင္းျဖစ္သည္ ။ ေသဆုံးသူ အေရအတြက္ မွာ လည္း ယမန္ေန႔ တစ္ရက္တည္း တြင္ ပင္ ၂၄၂ ဦးျမင့္တက္လာေၾကာင္း တ႐ုတ္အာဏာပိုင္မ်ား၏ ထုတ္ျပန္ခ်က္ အရ သိရသည္။

တရုတ္အစိုးရ၏နည္းဗ်ဴဟာ အေျပာင္းအလဲေၾကာင့္ ကူးစက္မႈႏႈန္း(၁၀)ဆခန္႔ ျမင့္တက္

ဘာလို႕အမ်ားႀကီး ကူးစက္ေသဆံုးမႈႏႈန္းျမင့္ တက္လာသလဲဆိုရင္ တရုတ္အစိုးရရဲ႕ နည္းဗ်ဴဟာ အသစ္ေၾကာင့္ျဖစ္ပါတယ္ ။ တရုတ္အစိုးရက ေရာဂါရိွသူကို သတ္မွတ္တဲ့ အဓိပၸါယ္ (Definition) ကို ေျပာင္းလိုက္ၿပီး က်ယ္ျပန္႕ေအာင္ လုပ္လိုက္လို႕ လူနာေတြ ပိုေတြ႕လာတာပါ ။ အိမ္မွာပဲ ဖ်ားေနပီး ေဆးရံုမလာတဲ့သူေတြ ရွိေနလို့ အိမ္တိုင္းကို တအိမ္တက္ဆင္း ေဆးအဖြဲ႕ေတြက ဝင္ရွာရာ မွ အခုလို အိမ္မွာ ဗိုင္းရပ္ကူးစက္ေနသူေတြ ကို ေတြ႕လာရၿပီး ကူးစက္ႏႈန္း ျမင့္တက္လာတာျဖစ္ ပါတယ္ ။

ေဖေဖာ္၀ါရီလ ၁၁ ရက္ေန႔က ထုတ္ျပန္ခ်က္မွာ ဟူေဘးျပည္နယ္တြင္ ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၉၄ ဦးႏွင့္ ကူးစက္ခံရသူ ၁၆၆၃ ဦးသာရိွခဲ့ပါတယ္။

တရုတ္အစိုးရ၏နည္းဗ်ဴဟာ အေျပာင္းအလဲေၾကာင့္ ကူးစက္မႈႏႈန္း(၁၀)ဆခန္႔ ျမင့္တက္

၀ူဟန္ကိုရုိနာ ဗုိင္းရပ္စ ကူးစက္မႈကို အတည္ျပဳရန္အသုံးျပဳသည့္ စမ္းသပ္ရွာေဖြမႈစနစ္မ်ားကို ထိေရာက္စြာေျပာင္းလဲ အသုံးျပဳခဲ့ေၾကာင္း တရုတ္အာဏာပုိင္မ်ားက ဆုိပါသည္။

“ ဒီကေန႔ကစၿပီးလူနာေတြကိုအခ်ိန္မီကုသႏိုင္ဖို႔ အတြက္ ဗုိင္းရပ္စ္ရွာေဖြတဲ့ စမ္းသပ္မႈ စနစ္ကုိ ေျပာင္းလဲလုိက္ၿပီး ကူးစက္ခံရတဲ့ လူနာအေရအတြက္ကို အတည္ျပဳၿပီး ကုသမႈေတြ ခ်က္ခ်င္းေပးသြားမယ္” ဟု တရုတ္အာဏာပုိင္မ်ားက ဆုိသည္ ။

Unicode

တရုတ်နိုင်ငံ တွင် ဖြစ်ပွားလျက်ရှိသော ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းနှင့် ကူးစက်မှုနှုန်း မြင့်တက်လာပြီး သေဆုံးသူ ၁၃၆၃ ဦးရှိကာ ကူးစက်ခံရသူ ၆၀၀၆၂ ဦးရှိလာပြီး ကုသ၍ ပျောက်ကင်း သက်သာသွားသူ (၅၆၈၀) ရှိကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ထားသည် ။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တစ်ရက်တည်းတွင် ပင် ဝူဟန်ဗိုင်းရပ်စ်ပိုး အဓိက ဖြစ်ပွားရာ ဟူဘေးပြည်နယ် တွင် ကူးစက်ခံရသူ ၁၄၈၄၀ ဦးရှိပြီး အဆိုပါ ပမာဏသည် နေ့စဉ် ပမာဏထက် ၁၀ ဆများပြားကာ စံချိန်တင်မြင့် တက်လာခြင်းဖြစ်သည်။ သေဆုံးသူ အရေအတွက်မှာလည်း ယမန်နေ့ တစ်ရက်တည်းတွင်ပင် ၂၄၂ ဦးမြင့်တက်လာကြောင်း တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ချက် အရ သိရသည်။

ဘာလို့အများကြီး ကူးစက်သေဆုံးမှုနှုန်းမြင့် တက်လာသလဲဆိုရင် တရုတ်အစိုးရရဲ့ နည်းဗျူဟာ အသစ်ကြောင့်ဖြစ်ပါတယ် ။ တရုတ်အစိုးရက ရောဂါရှိသူကို သတ်မှတ်တဲ့ အဓိပ္ပါယ် (Definition) ကို ပြောင်းလိုက်ပြီး ကျယ်ပြန့်အောင် လုပ်လိုက်လို့ လူနာတွေ ပိုတွေ့လာတာပါ ။ အိမ်မှာပဲ ဖျားနေပီး ဆေးရုံမလာတဲ့သူတွေ ရှိနေလို့ အိမ်တိုင်းကို တအိမ်တက်ဆင်း ဆေးအဖွဲ့တွေက ဝင်ရှာရာ မှ အခုလို အိမ်မှာ ဗိုင်းရပ်ကူးစက်နေသူတွေ ကို တွေ့လာရပြီး ကူးစက်နှုန်း မြင့်တက်လာတာဖြစ် ပါတယ် ။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ချက်မှာ ဟူဘေးပြည်နယ်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၄ ဦးနှင့် ကူးစက်ခံရသူ ၁၆၆၃ ဦးသာရှိခဲ့ပါတယ်။

ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ ကူးစက်မှုကို အတည်ပြုရန်အသုံးပြုသည့် စမ်းသပ်ရှာဖွေမှုစနစ်များကို ထိရောက်စွာပြောင်းလဲ အသုံးပြုခဲ့ကြောင်း တရုတ်အာဏာပိုင်များက ဆိုပါသည်။

“ ဒီကနေ့ကစပြီးလူနာတွေကိုအချိန်မီကုသနိုင်ဖို့ အတွက် ဗိုင်းရပ်စ်ရှာဖွေတဲ့ စမ်းသပ်မှု စနစ်ကို ပြောင်းလဲလိုက်ပြီး ကူးစက်ခံရတဲ့ လူနာအရေအတွက်ကို အတည်ပြုပြီး ကုသမှုတွေ ချက်ချင်းပေးသွားမယ်” ဟု တရုတ်အာဏာပိုင်များက ဆိုသည် ။

Add a Comment

Your email address will not be published. Required fields are marked *