ခ်စ္သူမ်ားေန႔မွာ Ex ရဲ႕ ဓာတ္ပံုျပရံုနဲ႔ ပိုက္္ဆံေပးစရာမလိုပဲ ဘာဂါအလကားစားခြင့္ေပးမယ့္ ဘာဂါဆိုင္

မၾကာခင္ (၂၀၂၀) ခုႏွစ္ ရဲ႕ ဗယ္လင္တိုင္းေဒး ေရာက္ေတာ့မွာျဖစ္တဲ့ အတြက္ Burger King ဟာ စားသံုးသူေဖာက္သည္ေတြ အတြက္ အထူးအစီအစဥ္ တစ္ခုကို ဖန္တီးထားပါတယ္။ အဲ့ဒါကေတာ့ မည္သူမဆို မိမိရဲ႕အဆက္ေဟာင္း ဓာတ္ပံုတစ္ပံု ကိုယူလာၿပီး ဘာဂါတစ္လံုး နဲ႔ လဲလွယ္ႏိုင္မယ့္ အခြင့္အေရးပဲ ျဖစ္ပါတယ္။

ဗယ္လင္တိုင္းေန႔ မွာ သင္ဟာ သင္နဲ႔ သင့္ ရည္းစားေဟာင္း အတူ တြဲရုိက္ထားတဲ့ပံုကို Burger King ဆိုင္ေတြဆီ ယူလာၿပီး ဘာဂါ အဖိုးအခအျဖစ္ ေပးေခ်ႏိုင္မွာ ျဖစ္ပါတယ္။ ဓာတ္ပံုကုိေတာ့ ပရင့္ထုတ္လာရမွာ ျဖစ္ပါတယ္။ ဖုန္းယူလာၿပီး ဖုန္းထဲမွာ tag ထားတဲ့ ဓာတ္ပံု၊ အင္စတာဂရမ္ဓာတ္ပံုေတြ ျပတာမ်ိဳးေတာ့ လက္ခံမွာ မဟုတ္ပါဘူး။

ခ်စ္သူမ်ားေန႔မွာ Ex ရဲ႕ ဓာတ္ပံုျပရံုနဲ႔ ပိုက္္ဆံေပးစရာမလိုပဲ ဘာဂါအလကားစားခြင့္ေပးမယ့္ ဘာဂါဆိုင္

တကယ္လို႔ သင္ဟာ လက္ရွိနယူးေယာက္မွာ ဆိုရင္ေတာ့ သင့္ရဲ႕ ၿပီးဆံုးသြားတဲ့ အခ်စ္ေရးအတြက္ Burger King ကို ျပဖို႔သက္ေသအျဖစ္ သင္နဲ႔ သင့္ရည္းစားေဟာင္းၾကားထဲက စာေတြ၊ အေမႊးပြရုပ္နဲ႔ အျခားတိုလီမုတ္စေတြ ယူလာၿပီး ဘာဂါတစ္လံုးနဲ႔ လဲႏိုင္ပါတယ္။

ခ်စ္သူမ်ားေန႔မွာ Ex ရဲ႕ ဓာတ္ပံုျပရံုနဲ႔ ပိုက္္ဆံေပးစရာမလိုပဲ ဘာဂါအလကားစားခြင့္ေပးမယ့္ ဘာဂါဆိုင္

ဒါေပမယ့္ စိတ္မေကာင္းစရာ တစ္ခုက ဒီပရိုမိုးရွင္းကို အေမရိကန္က ၿမိဳ႕ၾကီးေလးၿမိဳ႕မွာပဲ ျပဳလုပ္မွာပါ။ တကယ္လို႔ စာဖတ္သူသာ နယူးေယာက္၊ ဆန္ဖရန္ဆစၥကို၊ ေလာ့စ္အင္ဂ်လိစ္နဲ႔ ေဘာ့စတြန္ကို ေရာက္ေနတယ္ဆိုရင္ေတာ့ ဘာဂါလဲလွယ္ခြင့္စာရင္းထဲ ကံထူးရွင္တစ္ေယာက္အျဖစ္ ပါ၀င္ႏိုင္မွာပဲ ျဖစ္ပါတယ္။ ဘာဂါပရိုမိုးရွင္းကို ဆန္ဖရန္ဆစၥကို၊ ေလာ့စ္အင္ဂ်လိစ္နဲ႔ ေဘာ့စတြန္တို႔မွာဆိုရင္ ေဖေဖာ္၀ါရီလ (၁၄) ရက္တစ္ရက္တည္းသာ အက်ံဳး၀င္မွာျဖစ္ၿပီး နယူးေယာက္ၿမိဳ႕ အနီးနားတစ္၀ိုက္မွာဆိုရင္ေတာ့ ေဖေဖာ္၀ါရီ (၁၄) ရက္ကေန (၁၆) ရက္အထိ အက်ံဳး၀င္မွာ ျဖစ္တယ္လို႔လည္း bustle သတင္းအရ သိရပါတယ္။

Unicode

မကြာခင် (၂၀၂၀) ခုနှစ် ရဲ့ ဗယ်လင်တိုင်းဒေး ရောက်တော့မှာဖြစ်တဲ့ အတွက် Burger King ဟာ စားသုံးသူဖောက်သည်တွေ အတွက် အထူးအစီအစဉ် တစ်ခုကို ဖန်တီးထားပါတယ်။ အဲ့ဒါကတော့ မည်သူမဆို မိမိရဲ့အဆက်ဟောင်း ဓာတ်ပုံတစ်ပုံ ကိုယူလာပြီး ဘာဂါတစ်လုံး နဲ့ လဲလှယ်နိုင်မယ့် အခွင့်အရေးပဲ ဖြစ်ပါတယ်။

ဗယ်လင်တိုင်းနေ့ မှာ သင်ဟာ သင်နဲ့ သင့် ရည်းစားဟောင်း အတူ တွဲရိုက်ထားတဲ့ပုံကို Burger King ဆိုင်တွေဆီ ယူလာပြီး ဘာဂါ အဖိုးအခအဖြစ် ပေးချေနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံကိုတော့ ပရင့်ထုတ်လာရမှာ ဖြစ်ပါတယ်။ ဖုန်းယူလာပြီး ဖုန်းထဲမှာ tag ထားတဲ့ ဓာတ်ပုံ၊ အင်စတာဂရမ်ဓာတ်ပုံတွေ ပြတာမျိုးတော့ လက်ခံမှာ မဟုတ်ပါဘူး။

တကယ်လို့ သင်ဟာ လက်ရှိနယူးယောက်မှာ ဆိုရင်တော့ သင့်ရဲ့ ပြီးဆုံးသွားတဲ့ အချစ်ရေးအတွက် Burger King ကို ပြဖို့သက်သေအဖြစ် သင်နဲ့ သင့်ရည်းစားဟောင်းကြားထဲက စာတွေ၊ အမွှေးပွရုပ်နဲ့ အခြားတိုလီမုတ်စတွေ ယူလာပြီး ဘာဂါတစ်လုံးနဲ့ လဲနိုင်ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစရာ တစ်ခုက ဒီပရိုမိုးရှင်းကို အမေရိကန်က မြို့ကြီးလေးမြို့မှာပဲ ပြုလုပ်မှာပါ။ တကယ်လို့ စာဖတ်သူသာ နယူးယောက်၊ ဆန်ဖရန်ဆစ္စကို၊ လော့စ်အင်ဂျလိစ်နဲ့ ဘော့စတွန်ကို ရောက်နေတယ်ဆိုရင်တော့ ဘာဂါလဲလှယ်ခွင့်စာရင်းထဲ ကံထူးရှင်တစ်ယောက်အဖြစ် ပါဝင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဘာဂါပရိုမိုးရှင်းကို ဆန်ဖရန်ဆစ္စကို၊ လော့စ်အင်ဂျလိစ်နဲ့ ဘော့စတွန်တို့မှာဆိုရင် ဖေဖော်ဝါရီလ (၁၄) ရက်တစ်ရက်တည်းသာ အကျုံးဝင်မှာဖြစ်ပြီး နယူးယောက်မြို့ အနီးနားတစ်ဝိုက်မှာဆိုရင်တော့ ဖေဖော်ဝါရီ (၁၄) ရက်ကနေ (၁၆) ရက်အထိ အကျုံးဝင်မှာ ဖြစ်တယ်လို့လည်း bustle သတင်းအရ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *