ကိုရိုနာကြောင့် စိတ်ပူနေတဲ့ တစ်နိုင်ငံလုံးက ပရိသတ်ကြီး အတွက် စိတ်ခွန်အားပေးဖို့ ဘေးကင်းတဲ့‌ အကသဘင် Live လွှင့်ဖို့ ဖိုးချစ်စီစဉ်နေ


photo credit


photo credit
photo credit
photo credit

Unicode

ပရိသတ် ကြီးရေ ၊ မြန်မာ တနိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ် ကြောင့် ရတက်မအေးဖြစ်နေ ချိန်မှာ ပြည်သူချစ်တဲ့ အနုပညာရှင်တွေဟာလည်း မိမိတို့ တတ်ကျွမ်းတဲ့ အနုပညာအားနဲ့ ပရိသတ်ကို ရသမျှ အစွမ်းကုန်ဖျော်ဖြေနိုင်အောင် ကြိုးစားနေကြပါတယ်။ ဒီ အနုပညာရှင်တွေထဲ မှာ မြို့ရွှေမန်းသားလေး ဖိုးချစ် ကလည်း သူတတ်ကျွမ်းထားတဲ့ သဘင်ပညာ နဲ့ဖျော်ဖြေမယ်လို့ သိရပါတယ်။

တေးသံရှင် သျှန်ထွန်း (မြန်မာစာ) ရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ “26.3.20 ညမှစ၍ ဖိုးချစ့်ရဲ့အကောင့် -Page များမှ လူသားများ အားလုံးအတွက်ခွ န်အားများပေး “စိတ်ဖိစီးမှုများလျော့ပါးစေရန် “ live ဖျော်ဖြေ တင်ဆက်မှုများ တင်ဆက်ပါမည်..”လို့ရေးသား ကျေညာထားတာ ကိုတွေ့ရပါတယ်။ အဆိုပါ ကိစ္စကို ဖိုးချစ်ကလည်း လူမှုကွန်ရက် ကနေ အတည်ပြုထားပါတယ် ။ ကဲ ပရိသတ်ကြီးရေ မွန်မြတ်‌တဲ့ ဖိုးချစ်ရဲ့စေတနာလေး အတွက် မှတ်ချက်လေးများ ပေးခဲ့ကြပါဦးနော်။

Add a Comment

Your email address will not be published. Required fields are marked *