မႏၲေလးၿမိဳ႕ က ကိုရိုနာဗိုင္းရပ္စ္ လူနာႏွင့္ မိသားစုဝင္ေတြရဲ႕ ေနာက္ဆက္တြဲ အေျခအေန

မႏၲေလး ၿမိဳ႕၊ ျမရည္နႏၵာ အိမ္ရာမွာ ေနထိုင္ခဲ့တဲ့ ကိုရိုနာ ဗိုင္းရပ္စ္ ေရာဂါ ကူးစက္ခံရသူ အမ်ိဳးသားကို ကန္ေတာ္နဒီ ေဆး႐ုံမွာ ကုသေပးေနၿပီး သူ႔မိသားစုဝင္ေတြ ကို နဒီျမန္မာဟိုတယ္ မွာ ၁၄ ရက္ၾကာ ေစာင့္ၾကပ္ၾကည့္ရႈမွာျဖစ္ပါတယ္။ ဒီလူနာငွားစီးခဲ့တဲ့ အိုးေဝမီနီတကၠစီက ယာဥ္ေမာင္းလည္း တာဝန္ရွိသူေတြကို ဆက္သြယ္လာၿပီျဖစ္လို႔ ေစာင့္ၾကပ္ၾကည့္ရႈမႈေတြ စတင္ေဆာင္႐ြက္ေပးေနပါတယ္။

photo credit
photo credit

လူနာေနထိုင္ခဲ့တဲ့ အိမ္ရာထဲက တိုက္ခန္းတြဲတစ္တိုက္လုံးက လူေတြကိုေတာ့ သက္ဆိုင္ရာေနအိမ္ တိုက္ခန္းအသီးသီးမွာပဲ အဝင္အထြက္ကန႔္သတ္ထားၿပီး ၁၄ ရက္ၾကာ ေစာင့္ၾကပ္ၾကည့္ရႈမွာျဖစ္ပါတယ္။

photo credit
photo credit
photo credit

လက္ရွိမွာ အဲဒီအိမ္ရာ တစ္ဝိုက္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္က ပိုးသတ္ေဆးျဖန္း ထားၿပီးျဖစ္သလို အဝင္ထြက္ ကန႔္သတ္ခံရသူေတြရဲ႕ စားေရးေသာက္ေရး ကိစၥအ၀၀ကိုလည္း အာဏာပိုင္ေတြက တာဝန္ယူထားပါတယ္။ ဓာတ္ပုံ – Kaung Zaw Hein/ MPA (BBC)

photo credit
photo credit

Unicode

မန္တလေး မြို့၊ မြရည်နန္ဒာ အိမ်ရာမှာ နေထိုင်ခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရသူ အမျိုးသားကို ကန်တော်နဒီ ဆေးရုံမှာ ကုသပေးနေပြီး သူ့မိသားစုဝင်တွေ ကို နဒီမြန်မာဟိုတယ် မှာ ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုမှာဖြစ်ပါတယ်။ ဒီလူနာငှားစီးခဲ့တဲ့ အိုးဝေမီနီတက္ကစီက ယာဉ်မောင်းလည်း တာဝန်ရှိသူတွေကို ဆက်သွယ်လာပြီဖြစ်လို့ စောင့်ကြပ်ကြည့်ရှုမှုတွေ စတင်ဆောင်ရွက်ပေးနေပါတယ်။

လူနာနေထိုင်ခဲ့တဲ့ အိမ်ရာထဲက တိုက်ခန်းတွဲတစ်တိုက်လုံးက လူတွေကိုတော့ သက်ဆိုင်ရာနေအိမ် တိုက်ခန်းအသီးသီးမှာပဲ အဝင်အထွက်ကန့်သတ်ထားပြီး ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုမှာဖြစ်ပါတယ်။

လက်ရှိမှာ အဲဒီအိမ်ရာ တစ်ဝိုက် မန္တလေးမြို့တော်စည်ပင်က ပိုးသတ်ဆေးဖြန်း ထားပြီးဖြစ်သလို အဝင်ထွက် ကန့်သတ်ခံရသူတွေရဲ့ စားရေးသောက်ရေး ကိစ္စအ၀၀ကိုလည်း အာဏာပိုင်တွေက တာဝန်ယူထားပါတယ်။ ဓာတ်ပုံ – Kaung Zaw Hein/ MPA (BBC)

Add a Comment

Your email address will not be published. Required fields are marked *