မႏၱေလးမွာ COVID-19 လူနာ စီးနင္းခဲ့တဲ့ မီနီအိုးေဝယာဥ္ေမာင္း ကိုယ္တုိင္လာေရာက္အစစ္ေဆးခံ

က်န္းမာေရး နဲ႔ အားကစား ဝန္ၾကီးဌာနက မတ္လ ၂၇ ရက္ေန႔ နံနက္ အေစာပိုင္းက COVID 19 ပိုးေတြ႔ရွိထားတဲ့ လူနာ အသစ္ (၂) ေယာက္ကို ထုတ္ျပန္ေၾကျငာ ခဲ့တာျဖစ္ပါတယ္။

photo credit
photo credit

အဆိုပါ လူနာဟာ အေမရိကန္ႏိုင္ငံသား ခံယူထားသူျဖစ္ျပီးေတာ့ Qatar Airline နဲ႔ ရန္ကုန္ျမိဳ႕သို႔ျပန္လည္ေရာက္ ရွိလာခဲ့တာပါ။ ဇာတိျဖစ္တဲ့ မႏၱေလးျမိဳ႕သို႔ ခိုင္မႏၱေလး အလံုပိတ္ယာဥ္ နဲ႔ စီးနင္းလာခဲ့တာျဖစ္ျပီးေတာ့ ကားဝင္းမွ သူေနထိုင္ရာ ျမရည္နႏၵာ တိုက္ခန္းသို႔ မီနီအုိးေဝနဲ႔ ျပန္ခဲ့ တာျဖစ္တယ္လို႔ က်န္းမာေရး ဝန္ၾကီးဌာနရဲ႕ ေဖာ္ျပခ်က္ထဲမွာ ပါရွိခဲ့တာျဖစ္ပါတယ္။

photo credit

ကားဝင္းမွ ျမရည္နႏၵာ တိုက္ခန္းသို႔ ပို႔ေဆာင္ေပးခဲ့တဲ့ မီနီအိုးေဝ ယာဥ္ေမာင္းဟာ ကိုယ္တုိင္ လာေရာက္အစစ္ေဆး ခံခဲ့တယ္လို႔ သိရပါတယ္။ လူနာ စီးနင္းခဲ့တဲ့ အိုးေဝယာဥ္ကိုလည္း ပိုးသတ္ေဆးဖ်န္းလုပ္ငန္းစဥ္ေတြ ေဆာင္ရြက္ေနတာျဖစ္ပါတယ္။

photo credit
photo credit

From Thet Mg’s FB

Unicode

ကျန်းမာရေး နဲ့ အားကစား ဝန်ကြီးဌာနက မတ်လ ၂၇ ရက်နေ့ နံနက် အစောပိုင်းက COVID 19 ပိုးတွေ့ရှိထားတဲ့ လူနာ အသစ် (၂) ယောက်ကို ထုတ်ပြန်ကြေငြာ ခဲ့တာဖြစ်ပါတယ်။

အဆိုပါ လူနာဟာ အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်ပြီးတော့ Qatar Airline နဲ့ ရန်ကုန်မြို့သို့ပြန်လည်ရောက် ရှိလာခဲ့တာပါ။ ဇာတိဖြစ်တဲ့ မန္တလေးမြို့သို့ ခိုင်မန္တလေး အလုံပိတ်ယာဉ် နဲ့ စီးနင်းလာခဲ့တာဖြစ်ပြီးတော့ ကားဝင်းမှ သူနေထိုင်ရာ မြရည်နန္ဒာ တိုက်ခန်းသို့ မီနီအိုးဝေနဲ့ ပြန်ခဲ့ တာဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဖော်ပြချက်ထဲမှာ ပါရှိခဲ့တာဖြစ်ပါတယ်။

ကားဝင်းမှ မြရည်နန္ဒာ တိုက်ခန်းသို့ ပို့ဆောင်ပေးခဲ့တဲ့ မီနီအိုးဝေ ယာဉ်မောင်းဟာ ကိုယ်တိုင် လာရောက်အစစ်ဆေး ခံခဲ့တယ်လို့ သိရပါတယ်။ လူနာ စီးနင်းခဲ့တဲ့ အိုးဝေယာဉ်ကိုလည်း ပိုးသတ်ဆေးဖျန်းလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။

From Thet Mg’s FB

Add a Comment

Your email address will not be published. Required fields are marked *