ေတာင္ဥကၠလာပ ၿမိဳ႕နယ္အတြင္းရွိ COVID-19 ေရာဂါပိုးေတြ႕ရွိသူ ေနထိုင္ခဲ့သည့္ ေျခာက္ထပ္တိုက္ တစ္ခုလုံးအား HOME QUARANTINE ျပဳလုပ္

မႏၲေလး တြင္ ေရာဂါပိုးေတြ႕ရွိသူ ေနထိုင္ခဲ့သည့္ ေတာင္ဥကၠလာ မွ ေျခာက္ထပ္တိုက္ တစ္ခုလုံးအား Home Quarantine ျပဳလုပ္ထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေတာင္ဥကၠလာပၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာေစာႏိုင္က ေျပာၾကားသည္။

“သူက ဒီမွာတစ္ည တည္းသြားတယ္။ ေတာင္ဥကၠလာပၿမိဳ႕နယ္ ၉ ရပ္ကြက္ ေက်ာ္သူလမ္းမွာ တည္းသြားတယ္။ အဲဒီက ေျခာက္ထပ္တိုက္ တစ္ခုလုံးကို Home Quarantine လုပ္ေနတယ္ သူေနသြားတဲ့ အခန္းက မိသားစုဝင္ သုံးဦးကိုလည္း ေဝဘာဂီမွာ facility Quarantine လုပ္ေနၿပီ။ အခု တစ္တိုက္လုံးကို ေဆးျဖန္းတဲ့ လုပ္ငန္း စေတာ့မယ္။ အဝင္အထြက္ေတြ ကို ပိတ္ထားတယ္” ဟု ေဒါက္တာေစာႏိုင္က ေျပာၾကားသည္။

မႏၲေလး တိုင္းေဒသႀကီး ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အေမရိကန္ႏိုင္ငံသား ခံယူထားသည့္ ျမန္မာလူမ်ိဳး ၃၃ ႏွစ္အ႐ြယ္ အမ်ိဳးသားသည္ အေမရိကန္ႏိုင္ငံမွ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕သို႔ မတ္ ၁၉ ရက္တြင္ ျပန္လည္ေရာက္ရွိၿပီး မတ္ ၂၂ မွစတင္ ဖ်ားျခင္း ေခ်ာင္းဆိုးျခင္းႏွင့္ ေမာပန္းျခင္း လကၡဏာမ်ား ခံစားခဲ့ရျခင္းျဖစ္သည္။

မတ္ ၂၅ ရက္တြင္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ လာေရာက္ျပခဲ့ရာ ကန္ေတာ္နဒီေဆး႐ုံသို႔ လႊဲေျပာင္း၍ ေစာင့္ၾကည့္လူနာ အျဖစ္ သီးသန႔္ခန္းတြင္ ထားရွိ၍ ကုသမူေပးေနၿပီး စစ္ေဆးရာမွ COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

၄င္းသည္ ရန္ကုန္ၿမိဳ႕သို႔ မတ္ ၁၉ ရက္တြင္ ေရာက္ရွိခဲ့ၿပီး ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ တစ္ညတည္း ခိုခဲ့သျဖင့္ အဆိုပါလူနာ တည္းခိုခဲ့သည့္ အခန္းမွ ေနထိုင္သူမ်ားႏွင့္ တိုက္တစ္ခုလုံးအား Quarantine ျပဳလုပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ေလးစားစြာျဖင့္ ခရစ္ဒက္ …… Kyaw Swar Myint

Unicode

မန္တလေး တွင် ရောဂါပိုးတွေ့ရှိသူ နေထိုင်ခဲ့သည့် တောင်ဥက္ကလာ မှ ခြောက်ထပ်တိုက် တစ်ခုလုံးအား Home Quarantine ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ပြောကြားသည်။

“သူက ဒီမှာတစ်ည တည်းသွားတယ်။ တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက် ကျော်သူလမ်းမှာ တည်းသွားတယ်။ အဲဒီက ခြောက်ထပ်တိုက် တစ်ခုလုံးကို Home Quarantine လုပ်နေတယ် သူနေသွားတဲ့ အခန်းက မိသားစုဝင် သုံးဦးကိုလည်း ဝေဘာဂီမှာ facility Quarantine လုပ်နေပြီ။ အခု တစ်တိုက်လုံးကို ဆေးဖြန်းတဲ့ လုပ်ငန်း စတော့မယ်။ အဝင်အထွက်တွေ ကို ပိတ်ထားတယ်” ဟု ဒေါက်တာစောနိုင်က ပြောကြားသည်။

မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ခံယူထားသည့် မြန်မာလူမျိုး ၃၃ နှစ်အရွယ် အမျိုးသားသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ မတ် ၁၉ ရက်တွင် ပြန်လည်ရောက်ရှိပြီး မတ် ၂၂ မှစတင် ဖျားခြင်း ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာများ ခံစားခဲ့ရခြင်းဖြစ်သည်။

မတ် ၂၅ ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာ အဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမူပေးနေပြီး စစ်ဆေးရာမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းသည် ရန်ကုန်မြို့သို့ မတ် ၁၉ ရက်တွင် ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်တွင် တစ်ညတည်းခိုခဲ့သဖြင့် အဆိုပါလူနာ တည်းခိုခဲ့သည့် အခန်းမှ နေထိုင်သူများနှင့် တိုက်တစ်ခုလုံးအား Quarantine ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

လေးစားစွာဖြင့် ခရစ်ဒက် …… Kyaw Swar Myint

Add a Comment

Your email address will not be published. Required fields are marked *