ခုလိုကြပ်တည်းနေချိန်မှာ အိမ်ငှားတွေကို အိမ်လခလျှော့ပေးပြီး ဆန်၊ ဆီနဲ့ ခေါက်ဆွဲခြောက်တွေ ဝေငှပေးခဲ့တဲ့ ဇေရဲထက်
photo credit
photo credit
photo credit
Unicode
ပြည်သူချစ် နိုင်ငံကျော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဇေရဲထက်က သူ့ ရင်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်သူ တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ဇေရဲထက်ရဲ့ ရုပ်ရှင်ဗီဒီယို ဇာတ်ကားတွေကို အားပေးရုံသာမက အပြင်လက်တွေ့ ဘဝက သူ့ရဲ့ နေထိုင်မှုပုံစံကိုပါ စိတ်ဝင်တစား ရှိကြတာပဲ ဖြစ်ပါတယ်။
ဇေရဲထက်က ကပ်ရောဂါဆိုးကြောင့် အကုန်လုံး ကြပ်တည်းနေကြချိန်မှာ သူ့အိမ်ကို ငှားရမ်းနေထိုင်တဲ့ မိသားစုတွေကို အိမ်ငှားခတွေ လျှော့ပေးခြင်း၊ ဆန်တစ်အိတ်၊ ဆီတစ်ပုံး နဲ့ ခေါက်ဆွဲခြောက်တစ်ဖာစီ ဝေငှပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာလူမျိုးပီပီ ခက်ခဲနေသူကို ကူညီဖေးမချင်စိတ်အပြည့်အဝရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇေရဲထက်ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြပါဦးနော်။ Source: Zay Ye Htet’s fb
Add a Comment
Your email address will not be published. Required fields are marked *