ကျန်းမာရေးဝန်ကြီးဌာန က ဘာလို့ ညအချိန်မတော်မှ ဗိုင်းရပ်စ် POSITIVE တွေကို ကြေငြာတာလဲ….









Unicode

ဘာလို့ညမှ positive ကြေငြာတာလဲ (microbiologist တစ်ဦး comment)

တနေ့တနေ့ အနယ်နယ် အရပ်ရပ်က လေယာဉ်တွေ ကားတွေနဲ့ ရောက်လာတဲ့.sample တွေ (လူနာဆီမှ ယူဆောင်ပို့လာသော ချွဲ/သလိပ် နမူနာ) စုံအောင် စောင့်ရဦးမယ်။ sample တွေက packing အထပ်ထပ်လုပ်ရလို့. Sample သိပ်များရင် sample box ဖွင့် တာတောင် PPE (အကာအကွယ်ဝတ်စုံ) နဲ့ အချိန်တော်တော်ကြာ ဖွင့်ရပါမယ်။

ပြီးရင် sample ကို စက်ထဲ တန်းထည့်လို့ မရပါဘူး molecular လုပ်ဘူးတဲ့သူဆို သိပါတယ်။ Nucleic acid extraction လုပ်ရပါတယ် mastermix ဖျော်ရပါတယ် အဲဒါတွေ က အချိန်ယူပါတယ် ပြီးမှ စက်ထဲထည့်ရပါတယ်။

positive တွေ့ရင် ထပ် confirm နိုင်ဖို့ (ပိုပြီးသေချာစွာ အတည်ပြုဖို့) other protocol သုံးရပါမယ်။ protocol တခု နဲ့ တခု termal cycle မတူရင် program ပြောင်းရပါမယ်။

Confirm positive ဆိုမှ သက်ဆိုင်ရာ ကို report လုပ်ရပါမယ်။ အဲဒီအချိန် ဆိုရင် ညအိပ်ချိန် ဖြစ်နေလောက်ပါပြီ။

သက်ဆိုင်ရာကလည်း positive case ကို တန်း public တင်လိုက်ရင် လူနာကြောက်လန့် သွားနိုင်လို့ လူနာနဲ့ သူ့မိသားစု သူ့ အသိုင်းဝိုင်းကို အသိပေး.နှစ်သိမ့်. Quarantie လုပ်ပြီးမှ public တင်တယ် ထင်ပါတယ်။

သက်ဆိုင်သူ အားလုံးကို ကျေးဇူးအထူး တင်စွာဖြင့်

လေးစားစွာဖြင့် ခရစ်ဒက် …… မိုးနီ လွင်

Add a Comment

Your email address will not be published. Required fields are marked *