သင္သိပါသလား….ကမာၻေပၚ မွာ တန္ခိုးအႀကီးဆုံး ဘုရား ႏွင့္ ဆုေတာင္းအျပည့္ဆုံး ဘုရား ဘယ္မွာလဲ

ကမာၻေပၚ မွာ တန္ခိုး အႀကီးဆုံး ဘုရား(အရွင္ဆႏၵာဓိက)

၁။ သည္ဘုရားက။

သည္ဘုရားက တန္ခိုးႀကီး တယ္၊ ဆုေတာင္းျပည့္္တယ္ ဆိုရင္ လူအမ်ားက စဥ္းစားမေနေတာ့ ပဲ၊ ဝိုင္းအုံသြားေလ့ရွိ ၾကပါ တယ္။ ဘုရားအားလုံးက ေဂါတမျမတ္စြာ ဘုရားကို ရည္စူးတည္ ထားၾက တာျဖစ္ပါတယ္။

၂။ ကြဲျပားတဲ့ ကိုးကြယ္မႈ။

ပုထုဇဥ္ေတြ က ေစတီကို ကိုးကြယ္ၾက ပါတယ္။ တရားအသိ ရရွိလာၾကေတာ့ ဂုဏ္ေတာ္ကို ကိုးကြယ္ၾကပါတယ္။ အရိယာမ်ားက သစၥာ၄ပါး တရားကို ကိုးကြယ္ၾက ပါတယ္။

၃။ဘယ္လို ေစတီတည္ၾကမလဲ?

အရဟံ ဂုဏ္ေတာ္ကို ပြားမ်ားေနလွ်င္ ႏွလုံးသားေတာင္ ထိပ္ေပၚမွာအရဟံေစတီ တည္ေနျခင္ းပါပဲ။

သဒၶါဆိုတဲ့ ေျမသားေက်ာက္သားေတြ နဲ.ျပည့္စုံရ ပါမယ္။ အရဟံံ၏ အနက္အဓိပၸါယ္ကိုေသေသခ်ာခ်ာသိရပါမယ္။ ပြားမ်ားျခင္းရဲ.တန္ခိုးသတၱိေတြ အေပၚမွာ ယုံၾကည္ ရမယ္။ ယုံၾကည္တဲ့သဒၶါ၊ သိျမင္တဲ့ ပညာနဲ.အထပ္ထပ္ ပြားမ်ားေနရင္ ႏွလုံးသားမွာ အရဟံေစတီေတာ္ျမတ္ႀကီး တျဖည္းျဖည္း ျမင္တက္လာမွာ ျဖစ္ပါတယ္။

၄။ အထူးသတိထားဖြယ္။

က်ေနာ္တို.တေတြကပါဠိလူမ်ိဳးေတြ မဟုတ္တဲ့ အတြက္ အရဟံ၊အရဟံလို.ပါဠိသက္သက္ ခ်ည္း႐ြတ္ရမွာမဟုတ္ပါဘူး။” အရဟံ – ကိေလသာ ကင္းစင္ေတာ္မူေသာျမတ္စြာဘုရား ” ျမန္မာအနက္နဲ.တြဲ႐ြတ္ရပါမယ္။

၅. ဆရာေတာ္ႀကီးမ်ား ရွင္းလင္းခ်က္။

ဥပမာ…” အရဟံ”လို.ပုတီးတစ္ပတ္ ၁၀၈လုံး႐ြတ္ေန တဲ့အခါ ကိေလသာကင္းစင္ေတာ္မူေသာျမတ္စြာဘုရားဆိုတဲ့ အဓိပၸါယ္ေပၚမွာ အာ႐ုံမေရာက္ေတာ့ ပါဘူး။ ဒါေၾကာင့္ကိေလသာ ကင္းျခင္းဆိုတဲ့ စိတ္အရည္ အေသြးေပၚမွာ အာ႐ုံမရွိတဲ့ အတြက္ မိမိရဲ.အရဟံေစတီဟာ သိပ္ၿပီးၾကည္ညိုဖြယ္ မရွိ၊ မသပၸါယ္ေတာ့ပါဘူး။

၆. တန္ခိုးသတၱိ။

ဘာဝနာဆိုတာက စိတ္၏ အလုပ္ပါ။ စိတ္၏ စြမ္းရည္ မျပည့္ဝေသးရင္ တန္ခိုးသတၱိေတြ ကလည္းမစြမ္းနိုင္ေတာ့ပါဘူး။ ဂုဏ္ေတာ္ အေပၚမွာၾကည္ညို ႏွစ္သက္ဝမ္းသာ ၿငိမ္းေအးပီတိအားေကာင္းေနဖို.ကအလြန္အေရးႀကီးပါတယ္။

၇. တန္ခိုးအႀကီးဆုံးဘုရား။

ျပင္ပမွာတည္ထားတဲ့ ဘုရားက အလကားေနရင္း အလိုအေလ်ာက္ ကိုယ့့္ကို လာၿပီး က်ိဳးမေပးပါဘူး။ ကိုယ့္ႏွလုံးသားမွ ာတည္တဲ့ ဘုရားက သာတန္ခိုးအႀကီးဆုံ းပါပဲ။ သန္းဝင္း

Unicode

ကမ္ဘာပေါ် မှာ တန်ခိုး အကြီးဆုံး ဘုရား(အရှင်ဆန္ဒာဓိက)

၁။ သည်ဘုရားက။

သည်ဘုရားက တန်ခိုးကြီး တယ်၊ ဆုတောင်းပြည့််တယ် ဆိုရင် လူအများက စဉ်းစားမနေတော့ ပဲ၊ ဝိုင်းအုံသွားလေ့ရှိ ကြပါ တယ်။ ဘုရားအားလုံးက ဂေါတမမြတ်စွာ ဘုရားကို ရည်စူးတည် ထားကြ တာဖြစ်ပါတယ်။

၂။ ကွဲပြားတဲ့ ကိုးကွယ်မှု။

ပုထုဇဉ်တွေ က စေတီကို ကိုးကွယ်ကြ ပါတယ်။ တရားအသိ ရရှိလာကြတော့ ဂုဏ်တော်ကို ကိုးကွယ်ကြပါတယ်။ အရိယာများက သစ္စာ၄ပါး တရားကို ကိုးကွယ်ကြ ပါတယ်။

၃။ဘယ်လို စေတီတည်ကြမလဲ?

အရဟံ ဂုဏ်တော်ကို ပွားများနေလျှင် နှလုံးသားတောင် ထိပ်ပေါ်မှာအရဟံစေတီ တည်နေခြင် းပါပဲ။

သဒ္ဓါဆိုတဲ့ မြေသားကျောက်သားတွေ နဲ.ပြည့်စုံရ ပါမယ်။ အရဟံံ၏ အနက်အဓိပ္ပါယ်ကိုသေသေချာချာသိရပါမယ်။ ပွားများခြင်းရဲ.တန်ခိုးသတ္တိတွေ အပေါ်မှာ ယုံကြည် ရမယ်။ ယုံကြည်တဲ့သဒ္ဓါ၊ သိမြင်တဲ့ ပညာနဲ.အထပ်ထပ် ပွားများနေရင် နှလုံးသားမှာ အရဟံစေတီတော်မြတ်ကြီး တဖြည်းဖြည်း မြင်တက်လာမှာ ဖြစ်ပါတယ်။

၄။ အထူးသတိထားဖွယ်။

ကျနော်တို.တတွေကပါဠိလူမျိုးတွေ မဟုတ်တဲ့ အတွက် အရဟံ၊အရဟံလို.ပါဠိသက်သက် ချည်းရွတ်ရမှာမဟုတ်ပါဘူး။” အရဟံ – ကိလေသာ ကင်းစင်တော်မူသောမြတ်စွာဘုရား ” မြန်မာအနက်နဲ.တွဲရွတ်ရပါမယ်။

၅. ဆရာတော်ကြီးများ ရှင်းလင်းချက်။

ဥပမာ…” အရဟံ”လို.ပုတီးတစ်ပတ် ၁၀၈လုံးရွတ်နေ တဲ့အခါ ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားဆိုတဲ့ အဓိပ္ပါယ်ပေါ်မှာ အာရုံမရောက်တော့ ပါဘူး။ ဒါကြောင့်ကိလေသာ ကင်းခြင်းဆိုတဲ့ စိတ်အရည် အသွေးပေါ်မှာ အာရုံမရှိတဲ့ အတွက် မိမိရဲ.အရဟံစေတီဟာ သိပ်ပြီးကြည်ညိုဖွယ် မရှိ၊ မသပ္ပါယ်တော့ပါဘူး။

၆. တန်ခိုးသတ္တိ။

ဘာဝနာဆိုတာက စိတ်၏ အလုပ်ပါ။ စိတ်၏ စွမ်းရည် မပြည့်ဝသေးရင် တန်ခိုးသတ္တိတွေ ကလည်းမစွမ်းနိုင်တော့ပါဘူး။ ဂုဏ်တော် အပေါ်မှာကြည်ညို နှစ်သက်ဝမ်းသာ ငြိမ်းအေးပီတိအားကောင်းနေဖို.ကအလွန်အရေးကြီးပါတယ်။

၇. တန်ခိုးအကြီးဆုံးဘုရား။

ပြင်ပမှာတည်ထားတဲ့ ဘုရားက အလကားနေရင်း အလိုအလျောက် ကိုယ့့်ကို လာပြီး ကျိုးမပေးပါဘူး။ ကိုယ့်နှလုံးသားမှ ာတည်တဲ့ ဘုရားက သာတန်ခိုးအကြီးဆုံ းပါပဲ။ သန်းဝင်း

Add a Comment

Your email address will not be published. Required fields are marked *