လူ တစ္ေယာက္ဟာ ကံညံ့ေတာ့မယ္ ဆိုရင္္ ဘယ္လိုျဖစ္လာမလဲ….ဘယ္လို ေရွာင္လႊဲႏိုင္မလဲဆိုတာ

လူ တစ္ေယာက္ ဟာ ကံညံ့လာေတာ့မယ္ ဆိုရင္္

(၁) အရင္ကထက္ ပိုၿပီး ေဒါသ၊ ေလာဘ၊ ေမာဟပိုႀကီးလာ တတ္တယ္ပါတယ္ ။ အရင္ကထက္ ထစ္ခနဲရွိ စိတ္တိုေနၿပီဆို သတိထားဗ်။ ကံညံ့ေတာ့မယ္လို႔ ျပတာပဲ …။

(၂) မေကာင္းတဲ့ ကိိစၥရပ္ေတြကို ေကာင္းတယ္လို႔ ျမင္လာ တတ္တယ္။ ဥပမာဗ်ာ ..အရင္က အရက္သိပ္မေသာက္ျဖစ္ဘူး ဆိုပါေတာ့… ကံံညံ့ေတာ့မယ္ဆို ..အေၾကာင္းျပခ်က္မရွိ အရက္ခဏခဏ ေသာက္ျဖစ္တာမ်ိဳး… မေကာင္းတဲ့ မိုက္တဲ့ သူငယ္ခ်င္းေတြကို သူငယ္ခ်င္းေကာင္းလို႕ ထင္လာတာမ်ိဳးေပါ့ …။

(၃) ဆိုဆုံးမတဲ့ စကားေတြကို နာခံဖို႕ ခက္ခဲလာတတ္တယ္။ လူႀကီးမိဘေတြက ဆုံးမရင္မနာခံဘဲ ထင္ရာလုပ္ေနမိတတ္ပါတယ္ …။

(၄) အေပ်ာ္အပါး ပိုမက္လာတယ္္…အရင္က အေပ်ာ္အပါးကို ၾကဳံမွလုပ္တတ္ေပမဲ့ ကံညံ့ေတာ့မယ္ဆို အေပ်ာ္ဘက္ကို အခ်ိန္ပို ေပးလာတတ္ပါတယ္ …။

(၅) ေမြးလေရာက္ခါနီးတိုင္း အေျပာင္းအလဲ တစ္စုံတစ္ရာၾကဳံတယ္။ ဆိုပါေတာ့ဗ်ာ ျပႆနာ တက္တာမ်ိဳး ၊ အစြပ္အစြဲခံရတာမ်ိဳး ၊accident အေသးေလးျဖစ္တတ္တာမ်ိဳးေတြ ၾကဳံရတတ္ပါတယ္ …။

(၆) ဒါကေတာ့ ႀကိဳသတိေပးတာပါ။ အိမ္မက္ထဲမွာ နိမိတ္ျပတာမ်ိဳးနဲ႔ လာၿပီးေဆာင္ရန္ေဆာင္ရန္ ေျပာတာမ်ိဳးပါ။ ဒါကေတာ့ ကုသိုလ္မ်ားသူနဲ႔ ပ႒ာန္းဆက္ရွိသူေတြရဲ့ အကူအညီေၾကာင့္ သိရတာေပါ့ဗ်ာ …။

“ကံဆုိးမုိးေမွာင္ေတြ လြင့္ျပယ္ေစမည့္ အဓိဌာန္”

တစ္ခါတစ္ေလမွာ ဘာလုပ္လုပ္၊ ဘာေျပာေျပာ အဆင္မေျပဘူးဆိုတာမ်ိဳး ႀကံဳရတတ္ပါတယ္။ ကံဆိုးမသြားေလရာ မိုးလိုက္လို႔ရြာဆိုသလိုေပါ့ ။ တစ္ခါတစ္ေလ၊ တစ္ခုတစ္ေလေလာက္ ကံညံ့တယ္ဆိုတာမ်ိဳးကေတာ့ ႀကံဳၾကရတတ္တာပဲေလ။ သို႔ေပမဲ့ လနဲ႔ခ်ီၿပီးေတာ့ သိသိသာသာကိုပဲ ကံဆိုးမိုးေမွာင္ေတြ ဆက္တိုက္ႀကံဳေနၿပီဆိုရင္ေတာ့ ဒါဟာ ထူးျခားျဖစ္စဥ္ ျဖစ္ေနပါၿပီ …။

ကိုယ့္အေပၚမွာ ကံၾကမၼာၿဂိဳလ္ဆိုးက ရက္ရက္စက္စက္ ဖိစီးႏွိပ္စက္ေနတာ ေသခ်ာသြားၿပီေပါ့။ အဲဒါမ်ိဳး ႀကံဳလာခဲ့ၿပီဆိုရင္ ေဟာဒီအဓိိ႒ာန္ေလးကို (၉)ရက္ ေဆာင္ရြက္ေစခ်င္ပါတယ္ …။

မနက္ေစာေစာ အိိပ္ရာထၿပီး ကိုယ္လက္သန္႔စင္ပါ။ ၿပီးေတာ့ ျမတ္စြာဘုရားမွာ အဆင္ေျပတဲ့ ပန္းတစ္မ်ိဳးမ်ိဳးရယ္၊ ေသာက္ေတာ္ေရခ်မ္းတစ္ခြက္ရယ္၊ အလင္းတိုင္တစ္တိုင္ရယ္၊ အဆင္ေျပရာ သစ္သီးတစ္မ်ိဳးမ်ိဳးရယ္ ကပ္လွဴပါ …။

ၿပီးေတာ့ မိမိတတ္သမွ်၊ မွတ္သမွ် ဘုရားပူေဇာ္ရွိခိုးၿပီးတဲ့ေနာက္ ေဟာဒီအဓိ႒ာန္ကို ျပဳလုပ္ပါ။ ဘာလုပ္ရမလဲဆိုေတာ့ ေလကို တစ္ဝႀကီး ႐ွဴသြင္း႐ွဴထုတ္ ျပဳလုပ္ဖို႔ ျဖစ္ပါတယ္ …။

ေလကို ႐ွဴသြင္းတဲ့အခ်ိန္မွာ အရဟံလို႔ စိတ္ထဲကရြတ္ပါ။ ေလကို ႐ွဴထုတ္လိုက္တဲ့အခ်ိန္မွာ ဗုေဒၶါလို႔ စိတ္ထဲက ရြတ္ပါ …။

ပုတီးေတြဘာေတြနဲ႔ေတာင္ မွတ္မေနပါနဲ႔။ ၉ မိနစ္ေလာက္ ခန္႔မွန္းၿပီး ျပဳလုပ္ပါ။ (၉)ရက္ျပည့္ေျမာက္တဲ့ေန႔က်ေတာ့ ေက်းငွွက္ တရိစၦာန္ေလးေတြ၊ ေရသတၲဝါေတြကို အစာေကြ်း တဲ့ကုသိုလ္ ျပဳလုပ္ပါ …။

အဲဒါဆိုရင္ ကိုိယ့္အေပၚမွာ ဖိစီးႏွိပ္စက္ေနတဲ့ ကံဆိုးမိုးေမွာင္တိမ္တိုက္ေတြ ေလ်ာ့ပါးသြားေစ ပါလိမ့္မယ္တဲ့ဗ်ာ …။ ။

သေဗၺဓမၼာ ဇင္ေယာ္နီီ

Unicode

လူ တစ်ယောက် ဟာ ကံညံ့လာတော့မယ် ဆိုရင်

(၁) အရင်ကထက် ပိုပြီး ဒေါသ၊ လောဘ၊ မောဟပိုကြီးလာ တတ်တယ်ပါတယ် ။ အရင်ကထက် ထစ်ခနဲရှိ စိတ်တိုနေပြီဆို သတိထားဗျ။ ကံညံ့တော့မယ်လို့ ပြတာပဲ …။

(၂) မကောင်းတဲ့ ကိစ္စရပ်တွေကို ကောင်းတယ်လို့ မြင်လာ တတ်တယ်။ ဥပမာဗျာ ..အရင်က အရက်သိပ်မသောက်ဖြစ်ဘူး ဆိုပါတော့… ကံံညံ့တော့မယ်ဆို ..အကြောင်းပြချက်မရှိ အရက်ခဏခဏ သောက်ဖြစ်တာမျိုး… မကောင်းတဲ့ မိုက်တဲ့ သူငယ်ချင်းတွေကို သူငယ်ချင်းကောင်းလို့ ထင်လာတာမျိုးပေါ့ …။

(၃) ဆိုဆုံးမတဲ့ စကားတွေကို နာခံဖို့ ခက်ခဲလာတတ်တယ်။ လူကြီးမိဘတွေက ဆုံးမရင်မနာခံဘဲ ထင်ရာလုပ်နေမိတတ်ပါတယ် …။

(၄) အပျော်အပါး ပိုမက်လာတယ်…အရင်က အပျော်အပါးကို ကြုံမှလုပ်တတ်ပေမဲ့ ကံညံ့တော့မယ်ဆို အပျော်ဘက်ကို အချိန်ပို ပေးလာတတ်ပါတယ် …။

(၅) မွေးလရောက်ခါနီးတိုင်း အပြောင်းအလဲ တစ်စုံတစ်ရာကြုံတယ်။ ဆိုပါတော့ဗျာ ပြဿနာ တက်တာမျိုး ၊ အစွပ်အစွဲခံရတာမျိုး ၊accident အသေးလေးဖြစ်တတ်တာမျိုးတွေ ကြုံရတတ်ပါတယ် …။

(၆) ဒါကတော့ ကြိုသတိပေးတာပါ။ အိမ်မက်ထဲမှာ နိမိတ်ပြတာမျိုးနဲ့ လာပြီးဆောင်ရန်ဆောင်ရန် ပြောတာမျိုးပါ။ ဒါကတော့ ကုသိုလ်များသူနဲ့ ပဋ္ဌာန်းဆက်ရှိသူတွေရဲ့ အကူအညီကြောင့် သိရတာပေါ့ဗျာ …။

“ကံဆိုးမိုးမှောင်တွေ လွင့်ပြယ်စေမည့် အဓိဌာန်”

တစ်ခါတစ်လေမှာ ဘာလုပ်လုပ်၊ ဘာပြောပြော အဆင်မပြေဘူးဆိုတာမျိုး ကြုံရတတ်ပါတယ်။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလိုပေါ့ ။ တစ်ခါတစ်လေ၊ တစ်ခုတစ်လေလောက် ကံညံ့တယ်ဆိုတာမျိုးကတော့ ကြုံကြရတတ်တာပဲလေ။ သို့ပေမဲ့ လနဲ့ချီပြီးတော့ သိသိသာသာကိုပဲ ကံဆိုးမိုးမှောင်တွေ ဆက်တိုက်ကြုံနေပြီဆိုရင်တော့ ဒါဟာ ထူးခြားဖြစ်စဉ် ဖြစ်နေပါပြီ …။

ကိုယ့်အပေါ်မှာ ကံကြမ္မာဂြိုလ်ဆိုးက ရက်ရက်စက်စက် ဖိစီးနှိပ်စက်နေတာ သေချာသွားပြီပေါ့။ အဲဒါမျိုး ကြုံလာခဲ့ပြီဆိုရင် ဟောဒီအဓိဋ္ဌာန်လေးကို (၉)ရက် ဆောင်ရွက်စေချင်ပါတယ် …။

မနက်စောစော အိပ်ရာထပြီး ကိုယ်လက်သန့်စင်ပါ။ ပြီးတော့ မြတ်စွာဘုရားမှာ အဆင်ပြေတဲ့ ပန်းတစ်မျိုးမျိုးရယ်၊ သောက်တော်ရေချမ်းတစ်ခွက်ရယ်၊ အလင်းတိုင်တစ်တိုင်ရယ်၊ အဆင်ပြေရာ သစ်သီးတစ်မျိုးမျိုးရယ် ကပ်လှူပါ …။

ပြီးတော့ မိမိတတ်သမျှ၊ မှတ်သမျှ ဘုရားပူဇော်ရှိခိုးပြီးတဲ့နောက် ဟောဒီအဓိဋ္ဌာန်ကို ပြုလုပ်ပါ။ ဘာလုပ်ရမလဲဆိုတော့ လေကို တစ်ဝကြီး ရှူသွင်းရှူထုတ် ပြုလုပ်ဖို့ ဖြစ်ပါတယ် …။

လေကို ရှူသွင်းတဲ့အချိန်မှာ အရဟံလို့ စိတ်ထဲကရွတ်ပါ။ လေကို ရှူထုတ်လိုက်တဲ့အချိန်မှာ ဗုဒ္ဓေါလို့ စိတ်ထဲက ရွတ်ပါ …။

ပုတီးတွေဘာတွေနဲ့တောင် မှတ်မနေပါနဲ့။ ၉ မိနစ်လောက် ခန့်မှန်းပြီး ပြုလုပ်ပါ။ (၉)ရက်ပြည့်မြောက်တဲ့နေ့ကျတော့ ကျေးငှှက် တရိစ္ဆာန်လေးတွေ၊ ရေသတ္တဝါတွေကို အစာကျွေး တဲ့ကုသိုလ် ပြုလုပ်ပါ …။

အဲဒါဆိုရင် ကိုယ့်အပေါ်မှာ ဖိစီးနှိပ်စက်နေတဲ့ ကံဆိုးမိုးမှောင်တိမ်တိုက်တွေ လျော့ပါးသွားစေ ပါလိမ့်မယ်တဲ့ဗျာ …။ ။

သဗ္ဗေဓမ္မာ ဇင်ယော်နီ

Add a Comment

Your email address will not be published. Required fields are marked *