ပရိတ်သတ်တွေ ချစ်ကြတဲ့ အာဇာနည်ဟာ သိပ်ကိုယဉ်ကျေးတဲ့ လူတစ်ယောက်ဖြစ်နေ တဲ့အကြောင်း သက်သေပြလာသူတစ်ဦး
|လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဖြစ်ပါလိမ့်မယ်။သင်္ကြန်မန်းဏပ်(စာလုံးမှန် ရိုက်မရလို့)တစ်ခုမှာ Rကြီး ဖျော်ဖြေနေတုန်း ရေပက်ခံကားပေါ်က အမူးလွန်ပရိသတ်တစ်ယောက်က Rကြီးကို ဘာရယ်ညာရယ်မဟုတ်ဘဲ အမူးသမားတို့ထုံးစံအတိုင်း ရေဘူးနဲ့ လှမ်းပစ်ပါတယ်။
ဒါကို Rကြီးက နည်းနည်းမှ သည်းမခံဘဲ(သူလည်း ကောင်းနေပုံရ) စင်ပေါ်ကနေ “ယီးပဲ”လို့ မိုက်နဲ့ကို ပြန်ဆဲပါတယ်။စီစဉ်တင်ဆက်သူ တာဝန်ယူထားတဲ့ (ဦး)အရိုင်းက ပွဲဝင်ထိန်းပါတယ်။ဒီရက်ထဲ အဆိုတော် Rဇာနည်ရဲ့ မွေးနေ့ ရှိပုံရပါတယ်။ဟိုကသည်က ဆုတောင်းစကားသံအချို့ မြင်ရကြားရတယ်။ဟိုတလောလေးက သူ့ရဲ့ ဆူရှီဆိုင်က ပုံရိပ်အချို့ကြောင့် Fb ပေါ် နည်းနည်း ပွဲဖြစ်သွားပါသေးတယ်။The Voice ပြိုင်ပွဲမှာ ပြန်ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အကြောင်းပြုပြီး လိုင်းပေါ်ပျံ့လာတဲ့ #Rကြီးလို_ပြုံးတတ်ချင်တယ် ဆိုတဲ့ စာစုလေး ကိုလည်း သဘောကျမိပါတယ်။
ခဏနေတော့ Rကြီးကလည်း သူ ရုတ်တရက် ဒေါသထွက်သွားလို့ပါဆိုပြီး ပရိသတ်ကို လက်အုပ်ချီ ပြန်တောင်းပန်ပါတယ်။အရာအားလုံး လှလှပပ ပြီးဆုံးသွားပေမဲ့ အဲ့ဒီအချိန် ကျွန်တော်က စင်အောက်မှာ သူ့ကို အားပေးနေတဲ့ ပရိသတ်တစ်ယောက်အနေနဲ့ “#ဒီကောင်_ရိုင်းလိုက်တာလို့” စိတ်ထဲ ဖြစ် ခဲ့ဖူးပါတယ်။
အဲ့ဒီကာလတစ်ဝိုက်မှာပဲ တစ်ရက် အေးရှားပလာဇာပေါ်က ဆင်းလာတဲ့သူနဲ့ ရယ်စရာမဂ္ဂဇင်းမှာ စာမူခထုတ်ပြီး ပြန်လာတဲ့ ကျွန်တော်တို့ လှေခါးအဝမှာ ဆုံကြတော့ ဝမ်းသာအားရနဲ့ပဲ ကျွန်တော်က “Rကြီး”ဆိုပြီး သူ့ကို ဖက်လှဲတကင်း လက်ဆွဲနှုတ်ဆက်ပါတယ်။သူကလည်း အူကြောင်ကြောင်နဲ့ပဲ သူ့ပရိသတ်တစ်ယောက်အနေနဲ့ ကျွန်တော့် ကိုပြန်နှုတ်ဆက်ရှာပါတယ်။(ဘယ်သူဘယ်ဝါမှန်း သိလို့ မဟုတ်ပါဘူး)
ဒီလိုနဲ့ ကာလတစ်ခု ဖြတ်သန်းပြီး ၂၀၁၅ အရောက်မှာတော့ Rကြီးနဲ့ ကျွန်တော် ပွဲတစ်ခုမှာ ပြန်ဆုံကြပြန်ပါတယ်။ပွဲက မြန်မာပြည်မှာ မဟုတ်ပါဘူး။အမေရိကားမှာပါ။Rကြီး၊ဆောင်းဦးလှိုင်၊ထွန်းအိန်ဒါဗို(စာလုံးမှန် ပေါင်းမရ)၊နီနီခင်ဇော်တို့ ပါတဲ့ ရွေးကောက်ပွဲမတိုင်မီ NLD အဖွဲ့ချုပ်ရံပုံငွေ ရှာဖွေရေးအနေနဲ့ ကျင်းပတဲ့ ပွဲပါ။ကျွန်တော်က ဆရာမောင်စိန်ဝင်း၊ဆရာဘုန်းတို့နဲ့ စာပေခရီးလာရင်း အဲဒီကို ရောက်နေတာပါ။သူတို့ကို အားပေးဖို့ ခန်းမထဲအဝင်မှာ ဒီတစ်ခါ ပြန်ပြီးနှုတ်ဆက်ခံရတာက ကျွန်တော်ပါ။
“အစ်ကို့ကို ကျွန်တော် နောက်ကနေ အော်ခေါ်နေတာ။အစ်ကို မကြားလို့”ဆိုပြီး ကြည့် လိုက်တော့ Rကြီး ဖြစ်နေပါတယ်။(ဒီတစ်ခါ သူနှုတ်ဆက်တဲ့လူနဲ့ လွန်ခဲ့သောနှစ်များက သူ့ကို အေရှားပလာဇာလှေခါးမှာ အားရဝမ်းသာ နှုတ်ဆက်ခဲ့သူဟာ တစ်ယောက်တည်းပဲလို့ Rကြီးအနေနဲ့ မမှတ်မိလောက်ပါဘူး)
ဒီလိုနဲ့ ခဏ စကားစမြည်ပြောဆိုကြပြီးတော့ သူလည်း ဖျော်ဖြေဖို့ စင်ပေါ် တက်သွားပါတယ်။(အဲ့ဒီပွဲက အဖွဲ့ချုပ်အတွက် ရံပုံငွေ ဒေါ်လာ ၂ သိန်းကျော် ရခဲ့တယ် ထင်ပါတယ်) ဒီလိုနဲ့ တိုင်းပြည်ဟာ ဆက်လက်ရွေ့လျားခဲ့ပါတယ်။Rကြီးလည်း သူ့ဂီတလမ်းကြောင်းပေါ်မှာ တည်ငြိမ်စွာပဲ မိသားစုနဲ့အတူ အောင်အောင်မြင်မြင် ဆက်လက် ခရီးနှင်နေတာ တွေ့ရ ပါတယ်။
ဒီလိုနဲ့ ၂၀၂၁ ဖေ ၁ မှာ တိုင်းပြည်ဟာ ချောက်ထဲ ကျခဲ့ ပါတယ်။
ထင်ရှားကျော်ကြားတဲ့ နယ်ပယ်အသီးသီးက လူအချို့ရဲ့ မူမမှန်တဲ့ #အပေါ်ယံရပ်တည်ချက်တွေလည်း တိုင်းပြည်လိုပဲ ချောက်ထဲ ကျခဲ့ကြပါတယ်။ ဒါပေမဲ့ အဲ့သလို ချောက်ထဲကျခဲ့ကြသူတွေထဲမှာ တခါက စင်ပေါ်ကနေ ပရိသတ်ကို ပြန်ဆဲခဲ့ဖူးလို့ ရိုင်းလိုက်တာလို့ ကျွန်တော် ထင်ခဲ့ဖူးတဲ့ Rကြီး ပါမသွားခဲ့ဘူး။ တိုင်းပြည်အရေး၊နိုင်ငံ့အရေးမှာ Rကြီးဟာ ရေပေါ်ဆီမ ဟုတ်ဘဲ (သက်သောင့်သက်သာဘဝမှာ နေသာသလို မနေဘဲ)”#သိပ်ကို_ယဉ်ကျေးတဲ့သူတစ်ယောက်” ဖြစ်လို့ နေပါတယ်။
ထင်ရှားကျော်ကြားသူ လူတချို့ကတော့ Rကြီးလို ပုထုဇဉ်သဘာဝ ရိုးရိုးသားသား မဆဲရဲကြဘဲ “#လူကြီးလူကောင်းဟန်ဆောင်ထားတဲ့_မျက်နှာဖုံးများအောက်မှာ_တာဝန်မဲ့_တကိုယ်ကောင်းဆန်တဲ့ စိတ်နေစိတ်ထားများနဲ့” တိုင်းပြည်နဲ့လူထုအပေါ် #နေစိမ့်နိုင်လွန်းစွာ ပျက်ရယ်ပြု ရိုင်းစိုင်းနေကြဆဲ ဖြစ်ပါတယ်။ ကိုင်း ဘယ်သူတွေ တကယ်ရိုင်းကြပါသလဲ ခင်ဗျား။(မွေးနေ့ကစ ကျန်းမာပါစေ Rကြီး။ ဒီကာလ မပျော်သော်လည်း ရွှင်ပါစေပေါ့ ကိုယ့်ညီ)
#ညီမင်းညို 6 2 2023 Mon pm 5:55
Zawgyi Version
လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္က ျဖစ္ပါလိမ့္မယ္။သႀကၤန္မန္းဏပ္(စာလုံးမွန္ ႐ိုက္မရလို႔)တစ္ခုမွာ Rႀကီး ေဖ်ာ္ေျဖေနတုန္း ေရပက္ခံကားေပၚက အမူးလြန္ပရိသတ္တစ္ေယာက္က Rႀကီးကို ဘာရယ္ညာရယ္မဟုတ္ဘဲ အမူးသမားတို႔ထုံးစံအတိုင္း ေရဘူးနဲ႔ လွမ္းပစ္ပါတယ္။
ဒါကို Rႀကီးက နည္းနည္းမွ သည္းမခံဘဲ(သူလည္း ေကာင္းေနပုံရ) စင္ေပၚကေန “ယီးပဲ”လို႔ မိုက္နဲ႔ကို ျပန္ဆဲပါတယ္။စီစဥ္တင္ဆက္သူ တာဝန္ယူထားတဲ့ (ဦး)အ႐ိုင္းက ပြဲဝင္ထိန္းပါတယ္။ဒီရက္ထဲ အဆိုေတာ္ Rဇာနည္ရဲ႕ ေမြးေန႔ ႐ွိပုံရပါတယ္။ဟိုကသည္က ဆုေတာင္းစကားသံအခ်ိဳ႕ ျမင္ရၾကားရတယ္။ဟိုတေလာေလးက သူ႕ရဲ႕ ဆူ႐ွီဆိုင္က ပုံရိပ္အခ်ိဳ႕ေၾကာင့္ Fb ေပၚ နည္းနည္း ပြဲျဖစ္သြားပါေသးတယ္။The Voice ၿပိဳင္ပြဲမွာ ျပန္ဆိုတဲ့ သီခ်င္းတစ္ပုဒ္ကို အေၾကာင္းျပဳၿပီး လိုင္းေပၚပ်ံ႕လာတဲ့ #Rႀကီးလို_ျပဳံးတတ္ခ်င္တယ္ ဆိုတဲ့ စာစုေလး ကိုလည္း သေဘာက်မိပါတယ္။
ခဏေနေတာ့ Rႀကီးကလည္း သူ ႐ုတ္တရက္ ေဒါသထြက္သြားလို႔ပါဆိုၿပီး ပရိသတ္ကို လက္အုပ္ခ်ီ ျပန္ေတာင္းပန္ပါတယ္။အရာအားလုံး လွလွပပ ၿပီးဆုံးသြားေပမဲ့ အဲ့ဒီအခ်ိန္ ကြၽန္ေတာ္က စင္ေအာက္မွာ သူ႕ကို အားေပးေနတဲ့ ပရိသတ္တစ္ေယာက္အေနနဲ႔ “#ဒီေကာင္_႐ိုင္းလိုက္တာလို႔” စိတ္ထဲ ျဖစ္ ခဲ့ဖူးပါတယ္။
အဲ့ဒီကာလတစ္ဝိုက္မွာပဲ တစ္ရက္ ေအး႐ွားပလာဇာေပၚက ဆင္းလာတဲ့သူနဲ႔ ရယ္စရာမဂၢဇင္းမွာ စာမူခထုတ္ၿပီး ျပန္လာတဲ့ ကြၽန္ေတာ္တို႔ ေလွခါးအဝမွာ ဆုံၾကေတာ့ ဝမ္းသာအားရနဲ႔ပဲ ကြၽန္ေတာ္က “Rႀကီး”ဆိုၿပီး သူ႕ကို ဖက္လွဲတကင္း လက္ဆြဲႏႈတ္ဆက္ပါတယ္။သူကလည္း အူေၾကာင္ေၾကာင္နဲ႔ပဲ သူ႕ပရိသတ္တစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္႕ ကိုျပန္ႏႈတ္ဆက္႐ွာပါတယ္။(ဘယ္သူဘယ္ဝါမွန္း သိလို႔ မဟုတ္ပါဘူး)
ဒီလိုနဲ႔ ကာလတစ္ခု ျဖတ္သန္းၿပီး ၂၀၁၅ အေရာက္မွာေတာ့ Rႀကီးနဲ႔ ကြၽန္ေတာ္ ပြဲတစ္ခုမွာ ျပန္ဆုံၾကျပန္ပါတယ္။ပြဲက ျမန္မာျပည္မွာ မဟုတ္ပါဘူး။အေမရိကားမွာပါ။Rႀကီး၊ေဆာင္းဦးလိႈင္၊ထြန္းအိန္ဒါဗို(စာလုံးမွန္ ေပါင္းမရ)၊နီနီခင္ေဇာ္တို႔ ပါတဲ့ ေ႐ြးေကာက္ပြဲမတိုင္မီ NLD အဖြဲ႕ခ်ဳပ္ရံပုံေငြ ႐ွာေဖြေရးအေနနဲ႔ က်င္းပတဲ့ ပြဲပါ။ကြၽန္ေတာ္က ဆရာေမာင္စိန္ဝင္း၊ဆရာဘုန္းတို႔နဲ႔ စာေပခရီးလာရင္း အဲဒီကို ေရာက္ေနတာပါ။သူတို႔ကို အားေပးဖို႔ ခန္းမထဲအဝင္မွာ ဒီတစ္ခါ ျပန္ၿပီးႏႈတ္ဆက္ခံရတာက ကြၽန္ေတာ္ပါ။
“အစ္ကို႔ကို ကြၽန္ေတာ္ ေနာက္ကေန ေအာ္ေခၚေနတာ။အစ္ကို မၾကားလို႔”ဆိုၿပီး ၾကည့္ လိုက္ေတာ့ Rႀကီး ျဖစ္ေနပါတယ္။(ဒီတစ္ခါ သူႏႈတ္ဆက္တဲ့လူနဲ႔ လြန္ခဲ့ေသာႏွစ္မ်ားက သူ႕ကို ေအ႐ွားပလာဇာေလွခါးမွာ အားရဝမ္းသာ ႏႈတ္ဆက္ခဲ့သူဟာ တစ္ေယာက္တည္းပဲလို႔ Rႀကီးအေနနဲ႔ မမွတ္မိေလာက္ပါဘူး)
ဒီလိုနဲ႔ ခဏ စကားစျမည္ေျပာဆိုၾကၿပီးေတာ့ သူလည္း ေဖ်ာ္ေျဖဖို႔ စင္ေပၚ တက္သြားပါတယ္။(အဲ့ဒီပြဲက အဖြဲ႕ခ်ဳပ္အတြက္ ရံပုံေငြ ေဒၚလာ ၂ သိန္းေက်ာ္ ရခဲ့တယ္ ထင္ပါတယ္) ဒီလိုနဲ႔ တိုင္းျပည္ဟာ ဆက္လက္ေ႐ြ႕လ်ားခဲ့ပါတယ္။Rႀကီးလည္း သူ႕ဂီတလမ္းေၾကာင္းေပၚမွာ တည္ၿငိမ္စြာပဲ မိသားစုနဲ႔အတူ ေအာင္ေအာင္ျမင္ျမင္ ဆက္လက္ ခရီးႏွင္ေနတာ ေတြ႕ရ ပါတယ္။
ဒီလိုနဲ႔ ၂၀၂၁ ေဖ ၁ မွာ တိုင္းျပည္ဟာ ေခ်ာက္ထဲ က်ခဲ့ ပါတယ္။
ထင္႐ွားေက်ာ္ၾကားတဲ့ နယ္ပယ္အသီးသီးက လူအခ်ိဳ႕ရဲ႕ မူမမွန္တဲ့ #အေပၚယံရပ္တည္ခ်က္ေတြလည္း တိုင္းျပည္လိုပဲ ေခ်ာက္ထဲ က်ခဲ့ၾကပါတယ္။ ဒါေပမဲ့ အဲ့သလို ေခ်ာက္ထဲက်ခဲ့ၾကသူေတြထဲမွာ တခါက စင္ေပၚကေန ပရိသတ္ကို ျပန္ဆဲခဲ့ဖူးလို႔ ႐ိုင္းလိုက္တာလို႔ ကြၽန္ေတာ္ ထင္ခဲ့ဖူးတဲ့ Rႀကီး ပါမသြားခဲ့ဘူး။ တိုင္းျပည္အေရး၊ႏိုင္ငံ့အေရးမွာ Rႀကီးဟာ ေရေပၚဆီမ ဟုတ္ဘဲ (သက္ေသာင့္သက္သာဘဝမွာ ေနသာသလို မေနဘဲ)”#သိပ္ကို_ယဥ္ေက်းတဲ့သူတစ္ေယာက္” ျဖစ္လို႔ ေနပါတယ္။
ထင္႐ွားေက်ာ္ၾကားသူ လူတခ်ိဳ႕ကေတာ့ Rႀကီးလို ပုထုဇဥ္သဘာဝ ႐ိုး႐ိုးသားသား မဆဲရဲၾကဘဲ “#လူႀကီးလူေကာင္းဟန္ေဆာင္ထားတဲ့_မ်က္ႏွာဖုံးမ်ားေအာက္မွာ_တာဝန္မဲ့_တကိုယ္ေကာင္းဆန္တဲ့ စိတ္ေနစိတ္ထားမ်ားနဲ႔” တိုင္းျပည္နဲ႔လူထုအေပၚ #ေနစိမ့္ႏိုင္လြန္းစြာ ပ်က္ရယ္ျပဳ ႐ိုင္းစိုင္းေနၾကဆဲ ျဖစ္ပါတယ္။ ကိုင္း ဘယ္သူေတြ တကယ္႐ိုင္းၾကပါသလဲ ခင္ဗ်ား။(ေမြးေန႔ကစ က်န္းမာပါေစ Rႀကီး။ ဒီကာလ မေပ်ာ္ေသာ္လည္း ႐ႊင္ပါေစေပါ့ ကိုယ့္ညီ)
#ညီမင္းညိဳ 6 2 2023 Mon pm 5:55