ဖေဖော်ဝါရီလ (၇)ရက်နေ့ ည (၉နာရီ ၂၅မိနစ်) မှာ ရုတ်တရက် ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ကေကေမိုးမြင့်
ဖေဖော်ဝါရီလ (၇)ရက်နေ့ ည (၉နာရီ ၂၅မိနစ်) မှာ ကင်ဆာရောဂါ နဲ့ ရုတ်တရက် ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ကေကေမိုးမြင့်
အနုပညာလောကထဲကို Photo Model အဖြစ် စတင်ဝင်ရောက်လာခဲ့ပြီး ရသမျိုးစုံနဲ့ ပရိသတ်ရဲ့ရင်ထဲကို ထိုးဖောက္ခဲ့သူလေး ကတော့ မင်းသမီးချောလေး ကေကမိုးမြင့်ပဲဖြစ်ပါတယ်နော်။
အနုပညာအလုပ်ကို စလုပ်ဖြစ်တာ ၂၀ဝ၆ ခုနှစ်လောက်က စပြီး VCD ၊မဂ္ဂဇင်း Cover ၊ မြန်မာနိုင်ငံဓာတ်ပုံအသင်းရဲ့ ပြိုင်ပွဲဝင် Model Photo တွေ၊ ကိုရီးယားသရုပ်ဆောင် ရုပ်တူပြိုင်ပွဲတွေ၊ ကာယအလှမယ်ပြိုင်ပွဲတွေနဲ့ စခဲ့ပါတယ်။
အနုပညာအလုပ်ကို အချိန်မရွေး၊ နေရာမရွေး၊ ကာရိုက်တာ မရွေး၊ သရုပ်ဆောင်နိုင်ခဲ့တဲ့ ကေကေမိုးမြင့်ဟာဆိုရင် ကင်ဆာရောဂါဝေဒနာ ကို ခံစားနေရတာဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၇ရက်နေ့ ည ၉နာရီ၂၅မိနစ် မှာ ဆုံးပါးသွားတယ်လို့ သိရပါတယ်။ သူမရဲ့နာရေးသတင်းကိုရုတ်တရက်ကြားလိုက်ရတဲ့ပရိတ်သတ်တွေကတော့ ယူကြုံးမရဖြစ်လို့နေရှာပါတော့တယ်နော်..။
လူ့လောကကြီးထဲကနေ ရုတ်တရက်ထွက်ခွါသွားတဲ့ ကေကေမိုးမြင့်အတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်..။ ကေကမေိုးမြင့်လည်း ဆိုးရွားလှတဲ့ရောဂါဆိုးကြီးကို မခံစားရတော့ပဲ ကောင်းရာဘုံဘဝမှာ အေးချမ်းစွာနဲ့ အနားယူပါတော့နော်…။ Credit
Zawgyi Version
Add a Comment
Your email address will not be published. Required fields are marked *