အားပေးနေကြတဲ့ ပရိသတ်တွေ ရူးခါသွားစေမယ့် တော်ဝင် အလှတွေနဲ့ နာမည်ကြီး ဒိတ်ဒိတ်ကြဲ မင်းသမီးများ

ပုရိသ ပရိသတ်တွေရဲ့အသည်း နှလုံးတွေကို တဖြုတ်ဖြုတ်ကြွေကျသွားစေမယ့် ဒိတ်ဒိတ်ကြဲ မင်းသမီးတွေရဲ့ တော်ဝင်ဆန်တဲ့အလှတွေကတော့ တကယ်ကို မင်သက်ငေးမောစေမှာပါ ။ 2019 SHE SHINES Gems and Jewelry အတွက် ကြော်ငြာပိုစတာ ရိုက်ကူးထား တဲ့ပုံရိပ် တွေပါ ။

အသက်ရှူမှားလောက်အောင် လှနေတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးချောတွေကတော့ ဝတ်မှုံ ရွှေရည် ၊ မိုးဟေကို ၊ မေဂရေ့ ၊ လီလီကျော်ခိုင် နဲ့ ပိုးမမှီသာ၊ ရွှေအိမ်စည် တို့ ၆ယောက် ဘဲ ဖြစ်ပါတယ် ။

မိတ်ကပ် ပညာရှင် မိမိခိုင် Hello ၊ ဝင်းနိုင်ဦး ၊ မေဦးမောင် တို့ရဲ့ ပြင်ဆင် ခြယ်သမှုတွေအောက် မှာ နတ်သက်ကြွေလာတဲ့ နတ်သမီးလေးတွေလားလို့ ထင်မှတ် ရလောက်အောင် လှပနေတဲ့ သူမတို့တွေကတော့ နှစ်ခါပြန်ငေးကြည့်ရလောက်ပါတယ် ပရိသတ်ကြီးရေ..။

ဒီဇိုင်နာ မျိုးကျော်အောင်ရဲ့ ဖန်တီးမှုတွေအောက်မှာ အလှကြီး လှနေ ကြတဲ့ သူမတို့ ၆ယောက်ကတော့ အသက်ရှူမှားလောက်အောင် လှပနေတာပါ ။

ရွှေရောင်တောက်နေတဲ့ သူမတို့ရဲ့ အပြင်ဆင် အလှအပတွေကတော့ ညှို့ငင်အားအပြည့် ပါဘဲနော် ။ သူမတို့ရဲ့လှပမှုတွေကို ထပ်ဆင့် ပံ့ပိုးပေးနေတာကတော့ သူမတို့ရိုက်ကူး နေ တဲ့ ကြော်ငြာရဲ့လက်ဝတ်ရတနာတွေပါဘဲ ။

ချစ်ပရိသတ်ကြီးအတွက် မင်သက်ငေးမောရ လောက် အောင် လှပတဲ့သူမတို့ရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပြီးနော် ။

Source : 2019 She Shines

Zawgyi Version







Source : 2019 She Shines

Add a Comment

Your email address will not be published. Required fields are marked *