ရှင်တို့ မိန်းကလေးတေ ဖော်တာလောက်တော့ သနားတယ်လို့တောင် ပြောရလောက် တဲ့ မိုးအောင်ရင်ရဲ့ အကြမ်းစားပုံရိပ်များ
|သရုပ်ဆောင် မိုးအောင်ရင်ဟာ အခုနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေတယ်ဆိုပေမယ့် တချိန်က ဗီဒီယိုခေတ်မှာ အောင်မြင်ခဲ့တဲ့ မင်းသားချော တစ်ဦးဖြစ်ပြီး ရုပ်ရည်ချောမောပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်ရာမှာလည်း ပီပြင်စွာသရုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်တာကြောင့်အားပေးဝန်းရံသူ အများအပြားပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်နော်။
ယခုရက်ပိုင်းမှာတော့ မင်းသားချော မိုးအောင်ရင်ဟာ ခန္ဓာကိုယ် တည်ဆောက်ပုံပိုင်းကို အလေးပေးထားတဲ့ ကိုယ်တုံးလုံးပုံ တစ်ပုံကို တင်လာခဲ့တာကို တွေ့မြင်ရပါတယ်။ဒီပုံနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ မိုးအောင်ရင်က ဒီပုံဟာ
” ကိုဗစ် Second wave မတိုင်ခင်မှာ ရိုက်ထားတဲ့ပုံပါ။ ဒါပေမယ့် Second waveမတိုင်ခင်ပုံဆိုပေမယ့် စက္ကန့်ဝေ့ဗ် အစမှာရိုက်ထားတဲ့ပုံပါ။ ဘာ့ကြောင့်ရိုက်တာလဲဆိုတော့ အကယ်၍ဒီ SecondWave ကြီးမှာ ငါအိမ်ထဲက အိမ်ပြင်မထွက်ရတော့ဘူးဆိုရင် ငါဝလာတော့မယ်နေပေါ့နော်။
အကယ်၍များ ငါဝလာခဲ့လို့ရှိရင် ငါ့ရဲ့ဒီခန္ဓာကိုယ်ကြီး ပျက်စီးသွားပြီး ဘာမှမကျန်ဘဲနေလိမ့်မယ် ငါရိုက်တော့ ရိုက်ထားအုံးမှဆိုပြီး ကျနော်ရိုက်ထားဖြစ်ခဲ့တာပါ။”လို့ ခုလိုပုံရိုက်ဖြစ်တာပါလို့ပြောလာခဲ့ပြီး အိမ်မှာဆိုလည်း ကိုယ်တုံးလုံးနဲ့ အမြဲလျှောက်သွားနေတတ်တာ သူငယ်ချင်းတွေ အကုန်သိတယ် မြင်ဖူးတယ်လို့လည်း ပွင့်ပွင့်လင်းလင်း ဆိုလာပါတယ်။
အာ့လိုချွတ်ပြရရင် ကာရိုက်တာနဲ့ တက်တူးနဲ့ မလိုက်ခဲ့ရင် ဖုံးရဖိရ လုပ်ရနဲ့ စိတ်ညစ်နေရမှာ။ အာ့ဒါကြောင့် တင်ပါးမှာထိုးဖြစ်ခဲ့တာပါ။ ဖတ်ရူပေးကျတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်နော်။ Credit;
Zawgyi Version