လိမ်လည်မှုဖြင့် အမှုဖွင့်တရားစွဲဆိုခြင်း ခံလိုက်ရတဲ့ ရုပ်ရှင်သရုပ်ဆောင် မို့မို့မြင့်အောင်နှင့် ခင်ပွန်းဖြစ်သူ

ရုပ်ရှင်သရုပ်ဆောင် မို့မို့မြင်အောင်နှင့် ခင်ပွန်းဖြစ်သူ ဦးမောင်မောင်ကျော်တို့နှစ်ဦးကို အင်းတကော်နယ်မြေ ရဲစခန်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လိမ်လည်မှုဖြင့် အမှုဖွင့် အရေးယူခဲ့သည်ဟု ရဲတပ် ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အင်းတကော်မြို့ ထန်းပင်ချောင်ကျေးရွာမှ ဥယျာဥ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အင်းတကော်နယ်မြေ ရဲစခန်း၌ လာရောက် အမှုဖွင့်ခဲ့တာဖြစ်သည်ဟု ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့ လင်မယားနှစ်ယောက်ဆီက သိန်းငါးထောင် ရလိုမှုနဲ့ အမှုဖွင့်ထားတာပါ ပေးမယ်ဆိုပြီး မပေးဘဲ ရှောင်နေတာရှင်းမရလို့ အမှုဖွင့်တာပါ”ဟု ပြော သည်။

တိုင်ကြားစာတွင် မြောက်ဒဂုံမြို့နယ် တော်ဝင်အိမ်ယာ သဇင်လမ်းနေ ဒေါ်မို့မို့မြင့်အောင်နှင့် ဦးမောင်မောင်ကျော်တို့နှစ်ဦးအား လွန်ခဲ့သည်နှစ် ၂၀ ခန့်က ထားဝယ်ဆိပ်ကမ်းလုပ်ငန်းအတွက် ငွေချေးငှားခဲ့ပြီး ပြန်မပေးသည့်အတွက် လိမ်လည်မှုနှင့် အမှုဖွင့်ခဲ့တာဖြစ်သည်ဟု ပါရှိသည်။

ယုံကြည်မှုအား အလွဲသုံးစားပြုလုပ်ပြီး ငွေကြေးလိမ်လည်ခဲ့သူ ဦးမောင်မောင်ကျော်နှင့် ဒေါ်မို့မို့မြင့်အောင်တို့အား အင်းတကော်နယ်မြေ ရဲစခန်းမှ (ပ)၂၀/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၄၂၀ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်းသိရသည်။

ရုပ်ရှင်သရုပ်ဆောင်ဒေါ်မို့မို့မြင့်အောင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် က လသာမြို့နယ် အမှတ် ၂စည်ပင်သာယာတရားရုံးတွင် တရားဝင် ကွာရှင်းပြတ်စဲထား၍ ငွေကြေး အရှုပ် အရှင်းများ မရှင်းနိူင်ကြောင်း နိုဝင်ဘာလ ၂၆ ရက်ထုတ် သတင်းစာများတွင် ကြေညာထားသည်။ Credit;

Zawgyi Version






ရုပ်ရှင်သရုပ်ဆောင်ဒေါ်မို့မို့မြင့်အောင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် က လသာမြို့နယ် အမှတ် ၂စည်ပင်သာယာတရားရုံးတွင် တရားဝင် ကွာရှင်းပြတ်စဲထား၍ ငွေကြေး အရှုပ် အရှင်းများ မရှင်းနိုင်ကြောင်း နိုဝင်ဘာလ ၂၆ ရက်ထုတ် သတင်းစာများတွင် ကြေညာထားသည်။ Credit;

Add a Comment

Your email address will not be published. Required fields are marked *