“လောင်းကြေးစားကြေး နဲ့ ရေခဲတိုက် မှာ တည သွားအိပ်သူ ရဲ့ အဖြစ်ဆိုး”

Posted on

“လောင်းကြေးစားကြေး နဲ့ ရေခဲတိုက် မှာ တည သွားအိပ်သူ ရဲ့ အဖြစ်ဆိုး”

မန္တလေးတိုင်း ၊ အညာနွေ သည် ပူပြင်းလှ သည်။ ထန်းတော ရှိ အရိပ်ကောင်း တစ်ခုအောက်တွင် လူလေးယောက် သည် ဝိုင်းဖွဲ့ကာ အေးအေး လူလူ ထန်းရည်သောက် ရန် ပြင်ဆင်နေကြသည် ။ ” ငါးခြောက်အမြည်း က နည်းသွားမလား ကျော်လင်းရာ..” ” ဟာ ထန်းရည်သောက်တာ ပဲ အမြည်းဒါလောက်တော်ပြီပေါ့ အရက်သောက်တာ မှ မဟုတ်တာ ကဲ ဒိုင်ဘယ်သူလုပ်မလည်းကွာ” ” ကိုမှုံကြီးပဲ လုပ်ခိုင်းလိုက်လေ…” ” ဟာ အသက်ကြီးသူကို လုပ်ခိုင်းစရာလား သန်း ဝင်းအောင်မင်းပဲ လုပ်လိုက်တော့ ကွာ ” “အေးပါကွာ ပေး ပေး ထန်းရည်အိုး..”

ဒီလိုနဲ့ စကားကောင်းကောင်းနဲ့ သောက်လိုက်ကြ တာ အချိန်ကုန်လာတာနဲ့အမျှ အားလုံးလည်း နှုတ်သွက် လျှာသွက် ဖြစ်လာကြတယ်။ “ကိုမှုံကြီးရေ…သေတိုက်မှာ ကိုမှုံကြီး အလုပ် လုပ်ရင်းလူသေတွေကို ကိုင်တွယ်နေရတာ မကြောက်ဘူး လားဗျာ..” “မြင်ပါများတော့ မကြောက်တော့ပါဘူး ကျော်လင်းရေ.. တခါတလေ မူးလာရင် အဲဒီသေတိုက် အပေါ်ထပ် မှာ ငါတစ်ယောက်ထဲ သွားအိပ်ပလိုက်တာပဲကွ…ဟေးဟေး” “ဟာ..ဘာမှမဖြစ်ဘူးလား သရဲမခြောက်ဘူးလားဗျာ” “မကြောက်ပါဘူး တခါတလေ နောက်နေ့မှ ချမဲ့ အသုဘထားတဲ့ ခုတင်အောက်ဘေးမှာဆိုလည်း အိပ်ပလိုက်တာပဲ ဟားဟား…” “အောင်မယ်လေးဗျာ..ကြောက်ဖို့ကောင်းလိုက်တာ”

“လူဆိုတာ သေမျိုးပါကွာ တစ်နေ့သေရမှာချည့်ပါပဲ ကျော်လင်းရာ ဒါကို တွေးပြီးကြောက်နေရတယ်လို့.” “အောင်မာ.. ဝင်းသူ မင်းက သောက်ကြီး သောက်ကျယ် ဒါဆိုမင်း ကိုမှုံကြီး နေရာမှာဆို ဘယ်လိုလုပ်မလည်း သောက်ပိုတွေမပြောနဲ့” “ဘယ်လိုမှ မနေဘူးကွာ…ဟိုကသေနေပြီ ကြောက် စရာလား မင်းလိုငကြောက် ထင်မနေနဲ့…” ” အေး…ကိုမှုံကြီးရေ…အသုဘ ရှိတဲ့နေ့ ဒီကောင်ကို တစ်ညလောက် ပေးအိပ်ခိုင်းစမ်းလိုက်ပါဗျာ.. လောင်းကြေးစားကြေးတောင် လုပ်လိုက် ချင်တယ်” “လုပ်လိုက်လေ ကြာသလားလို့…ကျော် လင်းရေ ..ထန်းရည်အမြည်းကောင်းကောင်းနဲ့ တစ်ဝိုင်းစာကွာ.. ရှုံးတဲ့သူ ဒကာခံကြေး ဘယ်လိုလဲ ကွာ ကဲဟားဟား..”

“အေး..ပြောရအုံးမယ် ဒီနေ့သေတိုက်မှာ အသုဘအလောင်းရှိတယ် မင်းတကယ် အိပ်ရဲသလား ဝင်းသူ မင်းတို့နှစ်ယောက် လောင်းကြေးစားကြေး ဖြစ်ရင် ငါနဲ့သန်းဝင်းအောင်လည်း အမြည်းကောင်းနဲ့ သောက်ရအုံးမယ် ဆိုတော့ ငါစိတ်ဝင်စားလို့ ပါကွ မဟုတ်ဘူးလား သန်းဝင်းအောင် ..” “ဟုတ်တယ် ကိုမှုံကြီးရေ..ဒီကောင်တွေ ပွဲဖြစ်အောင်သာ တေ့ပေးလိုက်တော့ ဗျာ…” “ကဲ ဘယ်လိုလည်း ဝင်းသူ ဖြစ်မလား လုပ်နိုင်မှ ပြောနော် သေချာစဉ်းစား ..” “စဉ်းစားစရာကို မလိုတာ ဝင်သူဆိုတဲ့ကောင်ကငယ်က တည်းက သရဲတွေ့ချင်နေတဲ့ ကောင်ပါကွ..ဟဟား’

“ကြိုက်ပြီကွာ..” “ဟေ့..ဟေ့ ဝင်းသူ ဖြစ်ပါ့မလား သေချာစဉ်းစားအုံးနော်..” ” ကိုမှုံကြီးကလည်းဗျာ ကျနော့်ကို အထင်သေးလှချေလား ဘယ်အချိန်သွားရမလည်း သာပြောလိုက်ဗျာ” “အေး ဒါဆိုဒီည (၈)နာရီလောက် ငါကိုယ်တိုင် သေတိုက်သွားပို့ပေးမယ်ကွာ.. မင်းရဲမယ် ဆိုရင်တော့ ည(၇)နာရီခွဲလောက် မင်း ကုက္ကိုပင်အောက်မှာ စောင့်နေကွာ ငါလာခေါ်မယ်ကွာ ဖြစ်မလား”

“ကောင်းပြီလေလာခဲ့မယ် ဟေ့ကောင်ကျော်လင်း ကတိနော် အမြည်းကောင်းကောင်းနဲ့ ဒကာခံဖို့ သာပြင်ထား” “အေးပါကွာ မင်းတိုက်ရမှာလား ငါတိုက်ရမှာလား ဆိုတာ နောက်နေ့ သိရတာပေါ့ကွာ ဟားဟား…ဒါနဲ့ ကိုမှုံကြီးရေ.. အသုဘက ဘယ်ကလည်း” “ထနောင်းကုန်းရွာကကွာ..ပိုးထိလို့ ဆေးရုံထမ်း လာတာ ဒီရောက်တော့ လူနာက သေနေပြီကွာ မနက်ဖြန်မှ လူနာဆွေမျိုးတွေ လိုက်လာကြမယ် ဆိုတော့ မနက်ဖြန်မှ အသုဘ ချရမှာပေါ့” “ဪ…”

သေတိုက်တံခါးကို ဖွင့်လိုက်တော့ အောက်သိုးသိုး အနံ့က လှိုင်ထွက်လာသည်။ လက်နှိပ်ဓာတ်မီးနဲ့ အထဲကို ထိုးကြည့်လိုက်တော့ အဝတ်ဖြူရှည်နဲ့ အုပ် ထားတဲ့ အသုဘက ကုတင်ပေါ်မှာ စင်းစင့်းကြီး။ ” ကဲ ဘယ်လိုလည်း ဝင်းသူ …ပြန်စဉ်းစားနော် ဒီအချိန် အရှုံးပေးပြီး ထန်းရည် တိုက်လိုက်လို့ ရတယ်နော်..မင်းမအိပ်ထိအောင်” “ဟားဟား…ကိုမှုံကြီးရာ ကျနော့်ကို ကြောက် နေတယ် ထင်နေပြီလား မသိဘူးဗျါ စိတ်ချပါ ဒီညအပြင် နောက်ညပါ ထပ်ရှိသေးရင် လာအိပ်ပေးအုံးမယ် ဟုတ် ပြီလား..ဟဟား..ကျနော် ထန်းရည်မတိုက်ချင်ဘူး ဆိုတာထက် သရဲမကြောက်ဘူး ဆိုတာကို အားလုံးကို သိစေချင်တာပါ”

“မဟုတ်ပါဘူးကွာ ဖြစ်ပါ့မလားဆိုပြီး စိတ်ပူလို့ပါကွာ ကဲဒါဆိုလည်း အထဲဝင်ကွာ” ကိုမှုံကြီးက အလောင်းကောင်၏ ကုတင်တွင် ဖယောင်းတိုင် အတိုင်ကြီးကို ထွန်းလိုက်တော့ အလင်းရောင်က တစ်ခန်းလုံးကို ပျံ့သွားသည်။ “လေတိုက်ပြီး မီးငြိမ်းသွားမှာစိုးလို့ ဖယောင်းတိုင် အတိုင်သေးမယူလာဘူး ရော့ဒီမှာ နောက်ထပ် အတိုင်ကြီးလေးတိုင် ကျန်သေးတယ် တညလုံးထွန်းထားပေါ့ကွာ… အပေါ်ထပ်မှာ မင်းအိပ်ချင်သလား” “ရတယ် ကိုမှုံကြီး ဒီမှာပဲ အိပ်တော့မယ်..အိပ်ဖြစ် မှာတောင် မဟုတ်ပါဘူးဗျာ..ဒီမှာဖတ်ဖို့ စာအုပ်တွေ ယူလာခဲ့တယ် ဖယောင်းတိုင် တစ်ထုပ်လည်း ယူ လာခဲ့တယ်” “အေး မအိပ်လည်း ရတယ်ကွာ မိုးလင်းထိ ဒီမှာ နေရဲတယ်ဆိုရင် ရပြီကွာ ဟုတ်ပြီလား..ကဲကဲ..ငါပြန် ပြီနော်..တံခါးလာပိတ်လိုက် အုံး..” “ဟုတ်ကဲ့..ဟုတ်ကဲ့”

တံခါးပိတ်လိုက်တော့ အခန်းထဲမှာ တရော်ကင်ပွန်း နဲ့စနွင်းမှုန့်နံ့လိုလို အပေါစားပေါင်ဒါမှုန့်နံ့လိုလို မသတီစရာ အနံ့က နှခေါင်းမှာ စူးခနဲတိုးဝင်လာတယ်။ နှာခေါင်းကို ပွတ်လိုက်ရင်း အသုဘကုတင်အောက်နားတွင် နောက်ထပ်ဖယောင်းတိုင် တစ်တိုင် ထွန်းလိုက်ပြီး စာဖတ်လိုက်သည်။ စာဖတ်နေရင်းည (၁၂) နာရီတိတိ အချိန်လောက်တွင် အပေါ်ထပ်ဘက်မှာ တစ်ယောက်ယောက်က လမ်းလျှောက်နေသလို ကြားလိုက် ရသည် ။သေချာနားစွင့်ထောင်လိုက်တော့ အသံကတိတ်သွား ပြန်သွားပြန် သည်။ မိမိစိတ်ထင်ပြီးကြားမှားတာ ထင်ပါရဲ့။

ထိုစဉ် “ဒေါက်..ဒေါက်” အပြင်ဘက်မှ တံခါးခေါက်သံကြောင့် ဘယ်သူဘာလိမ့်ဆိုပြီး ဓာတ်မီးယူပြီး တံခါးသွားဖွင့်ကြည့် လိုက်တော့ ဘယ်သူမှရှိမနေဘူး..ဓာတ်မီးနဲ့အဝေးကို ထိုးကြည့်လိုက်တော့ သေတိုက်နားက သင်္ချိုင်းက ချုံပုတ်တွေ သစ်ပင်တွေ မြေစာပုံနဲ့အုတ်ဂူဖြူဖြူတွေက စိတ်ခြောက်ခြားစရာ။ဝင်းသူလည်း အမြန်တံခါးပိတ် လိုက်ကာ စာပြန်ဖတ်နေ လိုက်တယ်။ အဲချိန်မှာ အပြင်ဘက်မှာ မိုးတဖွဲဖွဲကျသံ တဖြောက်ဖြောက်လည်း ကြားရပြန်တယ်။ သင်္ကြန်ရောက်ဖို့ ဆယ်ရက်လောက်ပဲ လိုတော့တယ်ဆိုတော့ သင်္ကြန်မိုး ရွာတယ် ထင်ပါရဲ့။အဝေးဆီမှ အူအထဲက ဆွဲဆွဲငင်ငင် အူလိုက်နေတဲ့ ခွေးအူသံကလည်း တစ္ဆေ သရဲ တခုခု ကို တွေ့လိုက်လို့ အူနေသည့်အလား…ဝင်းသူကိုယ် မှာ မိုးကြောင့်လားမသိ ချမ်းစိမ့်စိမ့်လေး ဖြစ်လာ တယ်။ဝင်းသူစိတ်ထဲမှာလည်း အလိုလို အားငယ်လာတယ်။

“ရှပ်…ရှပ်…ရှပ်..” ဟော! အပေါ်ထပ်မှာ ဒီတခါတော့လမ်းလျှောက်သံ အတိုင်းသားကြားရပြန်ပြီ။ ဝင်းသူစာ ဆက်ဖတ်မနေ တော့ပဲ အပေါ်ဘက်ကို ရင်တထိတ်ထိတ်နဲ့ အာရုံစိုက်လိုက်တော့ ခြေသံမကြားရတော့ပြန်ပါ။ ” ဒေါက်..ဒေါက်..ဒေါက်” အပြင်ဘက်မှာ တံခါးထပ်ခေါက်သံ…ကျိန်းသေပြီ ဝင်းသူသိလိုက်ပြီ..မိမိကို သရဲခြောက်နေပြီဆိုတာ … ဒုန်းဆိုတဲ့ အပေါ်ထပ်မှ ထပ်မံရုတ်တရက် တစ်စုံတစ် ခု ပြုတ်ကျတဲ့ အသံကြောင့် ဝင်းသူကိုယ်မှာ တွန့်ခနဲ ဖြစ်ကာ ထိတ်လန့်သွားသည်။

ထိုစဉ် ဝင်းသူ အမှတ်မထင် မိမိအနားရှိ ကုတင်ပေါ်က အလောင်းကို လှမ်းကြည့်လိုက်တော့ ပေါင်ဒါမှုန့်လိမ်းထားတဲ့ အလောင်းကောင်က ရုတ်တရက်ထထိုင်နေပြီး မိမိကို လှမ်းကြည့်နေတာ မြင်ရတော့ ဝင်းသူကိုယ်မှာ ကြက်တိန်း တဖြန်းဖြန်းထ သွားခဲ့သည်။အဲဒီအချိန်မှာပဲ အလောင်းကောင်က ဝင်းသူ ကိုပြုံးပြလိုက်ပြီးဝင်းသူကိုယ်ပေါ်သို့ ခုန်အုပ် လာပါတော့သည်။ ” ဂါး…” ” အောင်မယ်လေး “ အလောင်းကောင် ဝင်းသူကိုယ်ပေါ်မှာ ကျလာချိန် မှာတော့ ထိတ်လန့်လွန်းသဖြင့် ဝင်းသူကိုယ်မှာ ပျော့ခွေလဲကျသွားလေတော့သည်။

” ဟာ..ဝင်းသူ..ဝင်းသူ ဟေ့ကောင်..ဝင်းသူ ဟာလုပ်ကြပါအုံး ကိုမှုံကြီး..သန်းဝင်းအောင်..” ကျော်လင်းသည် ဝင်းသူကို ဖက်ထားရင်း မျက်နှာကို ပုတ်နှိုးနေလေတော့သည်။အပေါ်ထပ်မှ သန်းဝင်းအောင်အမြန်ပြေးဆင်းလာပြီး တံခါးပြေးဖွင့် လိုက်ရာ အပြင်ဘက် သေတိုက်ဘေးမှာ တံခါး ခေါက်ပြီး ပုန်းနေတဲ့ကိုမှုံကြီးလည်း အမြန်ပြေးဝင် လာတော့သည်။ စာကြွင်း။ ။ဘယ်လောက်ပဲ သရဲမကြောက်သူ ဖြစ် နေပါစေ…ဒီလိုပုံစံနဲ့ အခြောက်ခံရမယ်ဆိုရင်ဖြင့်….

မူရင်းရေးသားသူ (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Reply

Your email address will not be published. Required fields are marked *