သူစိမ်းအိမ် ရုပ်ရှင် ဇာတ်ကားကြီးကြောင့် လူသိများလာတဲ့ တက်သစ်စ အနုပညာရှင် (၄) ဦး

Posted on

လတ်တလော မှာ တော့ “ သူစိမ်းအိမ် ရုပ်ရှင် ဇာတ်ကားကြီး” က ပရိသတ်တွေ အားပေးကြမ်းတာကို ခံနေရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပရိသတ်တော်တော်များများရဲ့ စိတ်ဝင်တစားနဲ့ ကြည့်ရှူတာကို ခံနေရတဲ့ ဇာတ်ကားတစ်ကား ဆိုလည်း မမှားပါဘူးနော်။ ဒီဇာတ်ကားမှာတော့ လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ ဖွေးဖွေးနဲ့ အတူ တက်သစ်စ အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။ အသစ်တွေဖြစ်ပေမဲ့လည်း သူတို့ဟာ ဇာတ်ကားကို အကောင်းဆုံး ပံ့ပိုးနိုင်အောင် ကြိုးစားသရုပ်ဆောင်ခဲ့ကြတာပါ။ “သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီး” ရဲ့ အောင်မြင်မှုဟာလည်း ရုံတင်ချိန်မှစပြီး ဒီနေ့ အချိန်ထိ ရုံပြည့်ရုံလျှံ အားပေးနေကြတာပါ။တက်သစ်စအနုပညာရှင်တွေကတော့

မြတ်နိုးအေး

မြတ်နိုးအေးကတော့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ည”ရုပ်ရှင် ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာလည်း သူမရဲ့ ဒုတိယရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကြီး”မှာ ကေသီနေရာကနေ ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ ပရိသတ်အားပေးမှုကို ပိုင်ဆိုင် ရရှိထားတာဖြစ်ပါတယ်။

ကူးကူးဇင်အောင်

ကူးကူးဇင်အောင်ဟာ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပုရိသတွေစွဲလောက်တဲ့ ဘော်ဒီ အသားအရည်လေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာတော့ “သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကြီး”မှာ မြ ရဲ့ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ ပရိသတ် အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိထားသူတစ်ယောက်ပါ။

ရှိန်းတင့်ထူး

ရှိန်းတင့်ထူးဟာTikTok မင်းသားလေး တစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ ဘော်ဒီတောင်ဖြောင့်မှုတွေကြောင့် နှုတ်ခမ်းနီကောင်မလေးတွေရဲ့ ဝန်းရံမှုကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။”သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကြီး”မှာ ရှိန်းနေရာကနေပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး သူလဲ သူ့နေရာသူ အဆင်ပြေအောင် သရုပ်ဆောင်သွားနိုင်ခဲ့သူပါနော်။

ချာလီ

ချာလီကတော့ “သူစိမ်းအိမ်ရုပ်ရှင် ဇာတ်ကားကြီး”မှာ ဖွေးဖွေးချစ်သူ မျိုးသစ်နေရာကနေ ပါဝင် သရုပ်ဆောင်ရတာဖြစ်ပါတယ်။ club မှာ တခြားကောင်မလေးနဲ့တွေ့လို့ ရန်ဖြစ်ကြတဲ့ အခန်း၊ ကောင်မလေးကို ပြန်ချော့တဲ့ အခန်းတွေ ကတော့ တကယ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ တစ်ယောက်ပါ။

ပရိသတ်ကြီးရေ တက်သစ်စ အနုပညာရှင် (၄) ဦးကို ဆက်ပြီးတော့ အားပေးကြမယ် မဟုတ်လား…..

credit – celegabar

Leave a Reply

Your email address will not be published. Required fields are marked *