ပီကင်းမြို့ရဲ့ အကြီးဆုံး ဟင်းသီးဟင်းရွက် ဈေးကြီးကနေ ပြန်လည် ကူးစက်လာ တဲ့ ကိုဗစ် နဲ့ သတိကြီးကြီးထားရတော့မယ့် မြန်မာ

ပီကင်း မှာ_COVID_တွေ့တဲ့ ကိစ္စ

ပီကင်း က အချို့နေရာေ တွ ကို စစ်ပွဲ ကာလ အတွင်းပုံစံ နဲ့ စီမံခန့်ခွဲမှု (wartime management) လုပ်နေပါတယ်။ ပီကင်းက အကြီးဆုံးဟင်းသီးဟင်းရွက်ဈေး Xinfadi ကိုပိတ်ချလိုက် ပါတယ် ။ ပြီးတော့ အနားတဝိုက် က အိမ်ယာ ဝင်းတွေ ကိုပါ Lowndown ချလိုက်ပါတယ် ။ လွန် ခဲ့တဲ့ 5 ရက်လောက် က အသက် 52 နှစ်အရွယ် ပီကင်းမြို့ Xicheng ဒိစတြိတ်က ဦးလေး တစ်ယောက် ဟာ ဆရာဝန်သွားပြပါ သတဲ့ ။

အဲ့ဒီကနေစပြီး ပီကင်း မှာ COVID-19 ဟာ လူတွေအကြားကူးစက်ပြန်နှံ့မှုရှိနေပြီဆိုတာ ဘွားကနဲပေါ်လာတာဖြစ်ပါတယ်။ ဖြစ်ပုံဖြစ်ရပ်က ဝူဟန်ကသားဈေး ငါးဈေးဖြစ်ရပ် နဲ့တူနေလို့ ဒုတိယလှိုင်းအဝင်ဆိုပြီး တရုတ်အစိုးရ က စစ်ဆင်ရေးဆင်နွှဲနေတာဖြစ် ပါ တယ် ။ အခုအချိန် မှာ လူပေါင်း 50 ကျော်ကို Covid positive တွေ့ပြီး ပါပြီ။


အကြီးဆုံး ဟင်းသီးဟင်းရွက်ဈေးကြီးကနေ ပြန်လည် ကူးစက်လာ တဲ့ ပီကင်း နဲ့ သတိကြီးကြီးထားရတော့မယ့် မြန်မာ

တရုတ်ရဲ့ပြဿနာ က Covid positive တွေ့ တိုင်း Covid လူနာစာရင်းထဲ မထည့်ပါဘူး ။ asymptomatic ရောဂါပိုးတွေ့ပြီး လက္ခဏာမပြတဲ့လူ စာရင်းထဲသာ ထည့်ပါတယ်။ အခုထိ ပီကင်းအစိုးရက Covid လူနာအဖြစ်သတ်မှတ်ထားသူ 7 ယောက်ရှိပြီး စုစုပေါင်း ပိုးတွေ့သူက 50 ကျော် ပါတယ်။

အသက် 52 နှစ်လူနာဟာ 55 ရက် အတွင်း ပထမဆုံးစတွေ့တဲ့လူနာပါ။ ကြာသပတေးနေ့မှာတွေ့တာပါ။ ပီကင်းအာဏာပိုင်တွေက ထိတွေ့မှုရှိသူတွေကို အသည်းအသန်စလိုက်ပါတယ်။ သောကြာနေ့မှာ နောက်ထပ်နှစ်ယောက်ထပ်တွေ့ပါတယ်။ ပီကင်းအာဏာပိုင်တွေက lockdown တွေစချပါပြီ။ စနေနေ့ မှာ အဲ့ဒီပီကင်းရဲ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဈေး Xinfadi ကနေ positive ဖြစ်သူ 45 ယောက်ထွက်လာပါတယ်။


အကြီးဆုံး ဟင်းသီးဟင်းရွက်ဈေးကြီးကနေ ပြန်လည် ကူးစက်လာ တဲ့ ပီကင်း နဲ့ သတိကြီးကြီးထားရတော့မယ့် မြန်မာ

သောကြာနေ့ မှာပဲ မြောက်ပိုင်းက Liaoning ပြည်နယ် မှာ အသစ်နှစ်ယောက် ထပ်တွေ့ပါတယ်။ ဆက်စပ်လိုက်တော့ ပီကင်းမှာ သောကြာနေ့က တွေ့တဲ့ နှစ်ယောက်က ကူးတာတွေ့ရပါတယ်။ လူနာလို့ သတ်မှတ်ထားသူတွေ ထဲ က 4 ယောက်က အဲ့ဒီ Xinfadi ဈေးမှာ အလုပ်လုပ်နေသူတွေဖြစ်ပြီး ရောဂါလက္ခဏာမပြခင်မှာ အလုပ်လုပ်ခဲ့ကြ တာပါ ။


အကြီးဆုံး ဟင်းသီးဟင်းရွက်ဈေးကြီးကနေ ပြန်လည် ကူးစက်လာ တဲ့ ပီကင်း နဲ့ သတိကြီးကြီးထားရတော့မယ့် မြန်မာ

အခု အဲ့ဒီဈေးနဲ့ ပတ်သက်ပြီး အလုပ်လုပ်သူ အယောက် 500 ကို Test လုပ်ထားတယ်။ အခု Xinfadi ဈေးကနေ 45 ယောက်တွေ့တယ် Haidan ဘက်ကဈေးမှာ 1 ယောက်တွေ့တယ်။ အားလုံးမှာရောဂါလက္ခဏာလုံးဝမပြဘူး။ Xinfadi ဈေးမှာလိုက်စစ်တော့ မြင်သမျှတွေ့သမျှနေရာကနေ နမူနာ sample တွေယူတာပါတယ်။ အဲ့ဒီကနေ ဆော်လမွန်ငါးလှီးတဲ့ စဉ့်နှီးတုံးတွေ မှာ Covid ဗိုင်းရပ်စ်ပိုးတွေ့တယ်။

အဲ့ဒီကနေ စားသောက်ဆိုင်တွေမှာ ဆော်လမွန် ငါးဟင်းပွဲ မရောင်းဖို့နဲ့ စူပါမားကတ်တွေက ဆော်မွန်ငါးအသားတွေကို လိုက်သိမ်းပါတယ်။ Xinfadi ဈေးနဲ့ အနီးတစ်ဝိုက်က လူနေအိမ်ယာပေါင်း 11 ခုကို lockdown ချပြီး အစောင့်တွေ တင်းတင်းကျပ်ကျပ်ချထား ပါတယ် ။ အားကစားပွဲ နဲ့ tour တွေ ပီကင်းကို အဝင်ကို ယာယီရပ်ဆိုင်းထား ပါတယ်။

သူငယ်တန်းနဲ့ 1 တန်းကနေ 3 တန်းအထိ မူလတန်းကလေးတွေကို အတန်းတွေ ယာယီနားခိုင်းလိုက်ပါတယ်။ စစ်ပွဲကာလလိုပဲ ကြီးကြပ်ကွပ်ကဲရေးစင်တာဖွင့်ပြီး စစ်ဆင်ရေးဆင်နွှဲနေပါတယ်။ စားသောက်ဆိုင်တွေကိုXinfadi ဈေးနဲ့ Jingshen ဈေးက ဝယ်ခဲ့တဲ့ သိုးသားနဲ့ အမဲသားတွေကို Test စစ်ထားမှု စစ်ဆေးခိုင်းတယ်။ အခုအချိန်ထိ ဘယ်ကနေစဖြစ်ပြီး ဘယ်နှစ်ယောက်ကိုကူးစက်စေသလဲဆိုတာ သေချာမသိသေးဘူး ။


အကြီးဆုံး ဟင်းသီးဟင်းရွက်ဈေးကြီးကနေ ပြန်လည် ကူးစက်လာ တဲ့ ပီကင်း နဲ့ သတိကြီးကြီးထားရတော့မယ့် မြန်မာ

ဆော်လမွန်ငါးလှီးတဲ့ စဉ့်နှီးတုံးကတွေ့တာဖြစ်ပြီး ဆော်လမွန်ငါးကဖြစ်တာ လို့ လုံးဝမပြောဘူး။ ပီကင်းဟာ လူနေမှု ထူထပ်တဲ့ အတွက် အချိန်မီထိန်းချုပ်မှု သာမလုပ်နိုင်ရင် ဒုတိယဝူဟန်ဖြစ်သွားပါ လိမ့်မယ် တဲ့ ။

ကျနော်တို့ ဘာသင်ခန်းစာရသလဲ ⁉️

♦️ ဟင်းသီးဟင်းရွက်နဲ့ သားငါးဈေးတွေမှာ mask မတပ်ပဲ စည်းကမ်းမရှိဖြစ်နေတာတွေကို သတိထားကြ ။

♦️ ဟင်းသီးဟင်းရွက်နဲ့ သားငါးဈေးတွေကနေ ကူးစက်ပြန့်ပွားလွယ်တယ်ဆိုတာ ဒါမျက်မြင် သက်သေပဲ ။

♦️ အပြင်မှာ တစ်ယောက်နဲ့တစ်ယောက်တွေ့တော့ 6 ပေအကွာတဲ့။ ဈေးထဲမှာ တိုးဝှေ့ပြီးဖြစ်ချင်တိုင်းဖြစ်နေတာ အများကြီး။ ဈေးတွေမှာ mask ကို မေးချိတ်ထားတဲ့သူနဲ့တကယ်လုံအောင်တပ်တဲ့သူ ဘယ်သူပိုများမလဲ သွားကြည့် ။


အကြီးဆုံး ဟင်းသီးဟင်းရွက်ဈေးကြီးကနေ ပြန်လည် ကူးစက်လာ တဲ့ ပီကင်း နဲ့ သတိကြီးကြီးထားရတော့မယ့် မြန်မာ

♦️ အခုထိ ပီကင်းက COVID positive 50 ကျော်မှာ 7 ယောက်ပဲ ရောဂါလက္ခဏာပြသေးတာ ။ ဒါဆိုရင် ရောဂါလက္ခဏာမပြပဲ လူကြားထဲမှာ ဘယ်လောက်ရှိနိုင် သလဲဆိုတာ မျက်မြင်သက်သေပဲ ။

♦️ အခုအချိန် မှာ ဘာသာရေးနဲ့ အခြားလူစုရုံးမှုတွေ ကို တားမြစ်ထားလို့ community လူကြားထဲကူးစက်မှုဟာ ဟင်းသီးဟင်းရွက် နဲ့သားငါးဈေးတွေကနေအဓိကဖြစ်နိုင်တယ် လို့ ကောက်ချက်ချလို့ရ ပါတယ် ။

♦️ မနက်ဈေးတွေမှာ စည်းကမ်းရှိကြပါ။ မပေါ့ကြပါနဲ့။ မဖြစ်လိုက်နဲ့ ဖြစ်ရင်မလွယ်ပါ ။ ဈေးကနေ အိမ်တိုင်း လိုလို ကိုပြန့်သွားနိုင် ပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
14-June-2020

Add a Comment

Your email address will not be published. Required fields are marked *