ကိုဗစ် ကာကွယ်ဆေး ၉၉ % ထိရောက်မှု ရှိဟုဆိုလာတဲ့ တရုတ်နိုင်ငံ…. ကနဦးအဖြစ် လူ သန်း(၁၀၀) စာ အရင်ထုတ်မည်

တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီဖြစ်တဲ့ Sinovac ရဲ့ ကိုဗစ် ကာကွယ်ဆေးက ၉၉ ရာခိုင် နှုန်း ထိရောက်မှုရှိပြီး စိတ်ချရတယ်လို့ ဆိုပါတယ်။ အဲဒီဆေးကို လူပေါင်း သန်းရာနဲ့ချီအတွက် ပေးနိုင်တော့မယ်လို့လည်း သိရပါတယ်။

ကိုဗစ် ကာကွယ်ဆေး ၉၉ % ထိရောက်မှု ရှိဟုဆိုလာတဲ့ တရုတ်နိုင်ငံ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ဆေးကို အဆင့်၂ စမ်းသပ်မှုတွေပြုလုပ် ထားခဲ့ပြီး လက်တွေ့စမ်းသပ်မှုမှာ စေတနာ့ဝန်ထမ်း ၁၀၀၀ ကျော်နဲ့ စမ်းသပ်ထား နိုင်ခဲ့ပြီလို့ ၎င်းကုမ္ပဏီက ဆိုပါတယ်။ Sinovac ရဲ့သုတေသီတစ်ဦးဖြစ်တဲ့ လောင်ပိုင်ရှန်က ဒီကာကွယ်ဆေးရဲ့စမ်းသပ်မှုတွေ မှာ ၉၉ ရာခိုင်နှုန်းအောင်မြင်တာ အသေအချာပါပဲလို့ ပြောကြားထားခဲ့တာပါ။

Co-ronaVac လို့အမည်ပေးထားတဲ့ သူတို့ ကုမ္ပဏီရဲ့ကာကွယ်ဆေးက ပြီးခဲ့လတုန်း က မျောက်တွေနဲ့ စမ်းသပ်မှု ပြုလုပ်ရာမှာလည်း ထိရောက်စွာကာကွယ်ပေးနိုင်တာကို တွေ့ ခဲ့ကြပြီလို့ သိပ္ပံစာစောင်မှာလည်း ဖော်ပြရေးသားထားခဲ့ပါသေးတယ်။

ကိုဗစ် ကာကွယ်ဆေး ၉၉ % ထိရောက်မှု ရှိဟုဆိုလာတဲ့ တရုတ်နိုင်ငံ

ကာကွယ် ဆေးရဲ့အဆင့် ၃ စမ်းသပ်မှုတွေကို တရုတ်နိုင်ငံပြင်ပမှာ ဆောင်ရွက်သွားဖို့ရှိပြီး ဥရောပနိုင်ငံတွေနဲ့ ဗြိတိန်နိုင်ငံတို့ကို ဆက် သွယ်ကာ ကနဦးညှိနှိုင်းပြောဆိုထားပြီလို့ ဆိုပါတယ်။ ကာကွယ်ဆေးထုတ်လုပ် မှုစက်ရုံကို ဘေဂျင်းမြို့မှာ ဆောက်လုပ် နေကြပြီဖြစ်ပြီး လူပေါင်းသန်း ၁၀၀ စာအ တွက် အချိန်တိုအတွင်း ကာကွယ်ဆေး ထုတ်လုပ်သွားနိုင်မယ်လို့ ဆိုပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *