မြန်မာ အမျိုးသမီးများ ထဲ မှ တခုလပ်များ ၊မုဆိုးမများ နဲ့ နာမည်ပျက်သူများကို ပစ်မှတ်ထား ဟန်ဆောင်လက်ထပ်ကာ တရုတ်နိုင်ငံသားများ လူကုန်ကူး

Posted on

မြန်မာ အမျိုးသမီးများ ထဲ မှ တခုလပ်များ ၊မုဆိုးမများ နဲ့ နာမည်ပျက်သူများကို ပစ်မှတ်ထား ဟန်ဆောင်လက်ထပ်ကာ တရုတ်နိုင်ငံသားများ လူကုန်ကူး…

တရုတ်နိုင်ငံသားများ မြန်မာ အမျိုးသမီးများ ကို ဟန်ဆောင် လက်ထပ်ပြီး လူကုန်ကူးမှု ကျူးလွန်နေ ဟု ဆို

တခုလပ်များ ၊ မုဆိုးမများ နဲ့ နာမည်ပျက်သူများ ကို ပစ်မှတ်ထားနေ…..

တရုတ်နိုင်ငံသားများ ကိုယ်တိုင် ပြည်တွင်း သို့ဝင် ရောက်နေထိုင်ပြီး အမျိုးသမီးများ ကို တောင်းရမ်းကာ လူကုန်ကူးမှု ကျူးလွန်နေ သည့် ပုံစံများရှိလာ သည်ဟု လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောသည်။

ဇူလိုင် ၁၀ ရက်က နေပြည် တော်ရှိ Grand Amara Hotel ၌ လူကုန်ကူးမှုနှင့် သက်ဆိုင်သော ဖြစ်ရပ်များ စီမံ ဆောင်ရွက် ခြင်း နှင့် တရားစွဲဆိုရေးလုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ပြုလုပ်သော သင်တန်းဖွင့်ပွဲအခမ်းအနား မိန့် ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ် သည်။ လူကုန်ကူးသူများအနေဖြင့် ၎င်းတို့တရားစွဲဆိုခံရချိန်တွင် အကာ အကွယ်ရရန် လူကုန်ကူး သည့် ပုံစံများကို အမျိုးမျိုးပြောင်း လဲအသုံးပြုနေသည်ဟု ဦးဝင်းနိုင်ထွန်းက ဆိုသည်။

‘‘အခုနောက်ပိုင်းမှာတော့ ဘယ်လိုဖြစ်လာလဲ ဆိုတော့ တရုတ်နိုင်ငံသားတွေကိုယ်တိုင် မြန်မာပြည်ထဲကိုဝင်ပြီးတော့ မိဘတွေဆီမှာ သိန်းသုံး၊လေး ဆယ်နဲ့တင်တောင်းပြီးတော့ လုပ်လာတဲ့အထိ ဖြစ်လာတယ်။ မြို့ တွေမှာ ရင်းနှီးမှု ရအောင် ယူတယ်။ ပြီးလို့ရှိရင် ငွေကြေးအမြောက်အမြားပေးပြီးတော့ တင်တောင်းသွားတယ်။ စသဖြင့်ပေါ့’’ ဟု ဦးဝင်းနိုင်ထွန်းက ပြောသည်။

ယခင်က လူကုန်ကူးသူများ သည် ငယ်ရွယ်နုပျိုသော အမျိုးသမီးငယ်များကိုသာ ပစ်မှတ်ထား ခဲ့သော်လည်း ယခု နောက်ပိုင်း တစ်ခုလပ်များ၊ နာမည်ပျက်ရှိသူ များနှင့် ကလေးမွေးဖွားဖူးသူများ ကို ဦးတည်ပြောင်းလဲလာသည် ဟု ဦးဝင်းနိုင်ထွန်းကဆိုသည်။ ‘‘အဲဒီလိုနာမည်ပျက်ရှိတဲ့ လူ တွဖြစ်တဲ့အတွက် ဖမ်းမိလို့စစ် ဆေးခဲ့ရင်လည်း သူတို့ကပြော တာတွေက သိပ်လေးနက်မှု မရှိ တော့ဘဲ အမှုအပေါ်အားနည်း ချက်ဖြစ်စေတယ်’’ ဟု ဦးဝင်းနိုင် ထွန်းကရှင်းလင်းသည်။

ယင်းအတွက် လူကုန်ကူးသူ များကို ဖမ်းဆီးစစ်ဆေးပြီး ထိ ရောက်သော ပြစ်ဒဏ်ပေးနိုင်ရေး သည် လူကုန်ကူးခံရသူများ၏ ထွက်ဆိုချက်များက အဓိကအ ရေးကြီးသော ကဏ္ဍတွင်ပါဝင်နေ သဖြင့် ပူးပေါင်းပါဝင်ကြရန်တိုက် တွန်းကြောင်း ဦးဝင်းနိုင်ထွန်းက ဖြည့်စွက်ပြောကြားသည်။

‘‘သူတို့က ပစ္စည်းသက်သေ မဟုတ်တဲ့အတွက် လူကုန်ကူးတဲ့ သူတွေကို အရေးယူဖို့အတွက်က အဓိကသက်သေကလည်း လူ ကုန်ကူးခံရတဲ့သူတွေပဲ ဖြစ်နေ တယ်။ လူသက်သေ၊ နှုတ်သက် သေဖြစ်နေတယ်။ ဒါကြောင့် ဒီလို တရားစွဲဆိုတဲ့ ကိစ္စရပ် တွေမှာ ပူး ပေါင်းပါဝင်ဆောင်ရွက်မှသာ လျှင် တရားရေးလုပ်ငန်းလည်း အောင်မြင်မယ်၊ လူကုန်ကူးတဲ့သူ တွေကို လည်း ထိရောက်တဲ့ပြစ် ဒဏ်ချမှတ်ပြီးတော့ ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်’’ ဟု ဦးဝင်းနိုင် ထွန်းက ဆက်လက်ပြောသည်။

7Day Daily (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Reply

Your email address will not be published. Required fields are marked *