ဆုတောင်းပြည့် ” ရှင်မကွဲ ဗုဒ္ဓရုပ်ပွားတော် ” ကို မန္တလေးမှအောင်လံ ထိ ပင့်ဆောင်ပူဇော်မည့် ဦးကျော်သူ

Posted on

ကျော်သူ ကတော့ ဝါရင့် အနုပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ အနုပညာလောက မှာ သာမက ပရဟိတ အလုပ်တွေမှာ ပါ အောင်မြင်နေတဲ့ မင်းသားကြီးတစ်ယောက်ပဲ ဖြစ်ပါ တယ်။

ကျရာကာရိုက်တာ ကို ပီပီသသနဲ့ ပရိသတ်ရင်ထဲရောက်အောင် သရုပ်ဆောင်နိုင်သူတစ်ယောက်လို့လည်းဆိုနိုင်ပါတယ်။ သူကိုယ်တိုင် ဦးစီးပြီး တည်ထားသော မဟာပဏီတ ပရဟိတအဖွဲ့ကနေပြီးတော့ ဆုတောင်းပြည့်ဆင်တုတော်ကို မန္တလေးမှ အောင်လံအထိပင့်ဆောင် ပူဇော်မယ် ဆိုတာကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

မဟာမြတ်မုနိ ရုပ်ရှင်တော်ဘုရားကြီးအား ဦးတိုက်ရင်ငွေ့ခိုလှုံကာ မန္တလေး မြို့ မှ စတင်ထွက်ခွါခဲ့ပြီး မိထ္ထီလာမြို့တွင် ညအိပ်ရပ်နား အပူဇော်ခံကာ(9- 7 – 2019 )နေ့ တွင် မိထ္ထီလာမြို့၊ နတ်မောက်မြို့ မှ မြို့သစ်မြို့၊တောင်တွင်းကြီးမြို့များသို့ လှည့်လည် အပူဇော်ခံပြီးတောင်တွင်းကြီးမြို့တွင် ညအိပ် ရပ်နား အပူဇော်ခံမည်ဖြစ်ပါတယ်။။(20- 7 – 2019)နေ့တွင်တောင်တွင်းကြီးမြို့၊ဆတ်သွားမြို့ ၊အောင်လံမြို့ မှ တစ်ဆင့် ပြည်မြို့ ရွှေဆံတော် ဘုရားတွင် ဦးတိုက်ရင်ငွေ့ခိုလှုံပြီး ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်တွင် ဦးကျော်သူဦးစီး၍ တည်ထားသော မဟာပဏီတ ပရဟိတ အောင်တော်မူစေတီတော်ကုန်းတော်ပေါ် တွင် “ဆုတောင်းပြည့် ရှင်မကွဲ ဗုဒ္ဓရုပ်ပွားတော်”အား အပူဇော်ခံထားရှိမှာ ဖြစ်ပါတယ်။

ပရိသတ်ကြီးရော အသင်ရှင်လျက်ကွဲကွာနေကြရသော မိသားစုများအတွက်၊ဆွေမျိုးသားချင်းများအတွက်၊အကြင်လင်မယားတို့အတွက်၊ဘဝခရီးလမ်းအတူလျှောက်လှမ်းရန်ရည်ရွယ်သော သမီးရည်းစားများအတွက် ရှင်လျက်နဲ့သေ၊ရှင်ရက်နဲ့ကွဲခြင်းမှ ကင်းဝေးရန်ရည်ရွယ်၍တည်ထားတဲ့ ဆုတောင်းပြည့် ရှင်မကွဲ ဗုဒ္ဓရုပ်ပွားတော်ကို သွားရောက်ပူဇော်ကြမယ်မဟုတ်လား ပြောပြခဲ့ပါဦး။

Source: Kyaw Thu

Leave a Reply

Your email address will not be published. Required fields are marked *