ဘာကြောင့် အိန္ဒိယက အမျိုးသမီးတွေ သားအိမ် ထုတ်ပစ်လိုက်ကြ တာလဲ…ဆိုတာ..

Posted on

ဘာကြောင့် အိန္ဒိယက အမျိုးသမီးတွေ သားအိမ် ထုတ်ပစ်လိုက်ကြ တာလဲ…ဆိုတာ..

ဇူလိုင် ( ၇ )   – သည် လပိုင်း အတွင်း မှာ သတင်း ဆိုးတစ်ရပ် ကတော့ အလုပ်လုပ်ရတဲ့ အမျိုးသမီးတွေရဲ့ဘဝအကြောင်းနဲ့ ဓမ္မတာ ပေါ် တဲ့ကိစ္စ ဖြစ်ပါ တယ် ။

ဓမ္မတာကိုအိန္ဒိယနိုင်ငံမှာ မကြားဝံ့ မနာသာကိစ္စရပ်အဖြစ် သတ်မှတ်ပြီး ဓမ္မတာလာနေတဲ့အမျိုးသမီးကို မသန့်ရှင်းသူတစ်ယောက်အနေနဲ့ သတ်မှတ်ပြီး လူမှု ရေးအရရော ဘာသာရေးအရပါဖယ်ကျဉ် လေ့ရှိပါတယ် ။ မကြာခင်နှစ်ပိုင်း မှာ ခေတ်နောက်ပြန်တဲ့ အတွေးတွေဟာ မြို့နေ ပညာတတ်အမျိုးသမီးတွေကြား စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။

ဒါပေမဲ့ဓမ္မတာနဲ့ ပတ်သက်ပြီးပြဿ နာတွေ အမြောက်အမြား ကျန်ရှိသေးပါ တယ်။

ပထမဆုံးထွက်ပေါ်လာတဲ့ သတင်းအ ရလွန်ခဲ့တဲ့  သုံးနှစ်အတွင်း မဟာ ရတ်ထရာ ပြည်နယ်အနောက်ပိုင်းမှာ အမျိုးသမီး ငယ်ထောင်ချီဟာ သားအိမ်ကိုခွဲထုတ်ခဲ့ ကြကြောင်း ချောက်ချားဖွယ် သိခဲ့ရပါ တယ်။ သူတို့တွေဟာ ကြံခင်းမှာအလုပ် လုပ်လိုတဲ့အတွက် အခုလိုပြုလုပ်ခဲ့ရတယ် လို့ ပြော ကားခဲ့ပါတယ်။

ဘိ၊ အိုစမန်နာဘတ်၊ ဆန်ဂလီနဲ့ ဆို လာပူပြည်နယ်က ဆင်းရဲသားမိသားစု သောင်းချီဟာ အနောက်ပိုင်း ပြည်နယ် တွေကို သွားပြီ ကြံလုပ်သားအဖြစ် သွား ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။

သူတို့တွေဟာ ပင်ပင်ပန်းပန်းလုပ်ကိုင် ကြရပါတယ်။ အကယ်လို့ ဓမ္မတာပေါ်ရက် တွေမှာ တစ်ရက်နှစ်ရက်လောက် အလုပ် ပျက်ကွက်တာနဲ့ အလုပ်ထွက်ရတတ်သ လို အပြစ်ပေးခံရတတ်ပါတယ်။

ကွင်းတွေထဲမှာ တဲတွေရွက်ဖျင်တွေနဲ့ သာနေထိုင်ကြရသလို အိမ်သာတွေလည်း မရှိပါဘူး။ ဒါ့အပြင် ညဘက်ပါအလုပ်ဆင်း ရတာကြောင့် အအိပ်အနေဆင်းရဲရပါ တယ်။ ဓမµတာပေါ်ရက်တွေမှာ သူတို့ အ နေနဲ့ ပိုပြီးခံစားရပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းရေးအားနည်း မှုကြောင့် အမျိုးသမီးတွေ ရောဂါပိုးကူး စက်ဝင်ရောက်ခံရတတ်ပြီး ရိုးဖြောင့်မှုမရှိ တဲ့ ဆရာဝန်တွေက ဆေးဝါးနဲ့ ကုသ ပျောက်ကင်းနိုင်တဲ့ အခြေအနေတွေမှာ တောင် သားအိမ်ကို ဖြတ်ထုတ်လိုက်ကြ ပါတယ်။

အဲသည်ဒေသက အမျိုးသမီးအများစု ဟာ ငယ်ရွယ်ချိန်မှာ အိမ်ထောင်ရက်သား ကျတာကြောင့် ၂၀ ကျော်မှာတင် ကလေး  နှစ်ယောက်သုံးယောက် ရှိပြီဖြစ်တာ ကြောင့် ဆရာဝန်က ရောဂါအခြေအနေကို သေချာမရှင်းပြဘဲ သားအိမ်ထုတ်တာ တောင် သူတို့အတွက်  အဆင်ပြေတယ်လို့ အများစုက  ယုံကြည်ကြပါတယ်။

အဲသည်ဒေသက ကျေးရွာအများစု ဟာ သားအိမ်မဲ့အမျိုးသမီးတွေနေတဲ့ ကျေးရွာတွေ ဖြစ်လာပါတယ်။

သည်ပြဿနာကို လွှတ်တော်အမတ် နယ်လမ်ဂေါ့က ပြည်နယ်အစည်းအဝေးမှာ ပြီးခဲ့တဲ့လကပြောကြားခဲ့တဲ့အပေါ် မဟာ ရက်ထရာကျန်းမာရေးဝန်ကြီး အက်နက် ရှစ်က သုံးနှစ်အတွင်း ဘိတ်ခရိုင်မှာသား အိမ်ဖြတ်ခဲ့သူအမျိုးသမီးပေါင်း ၄၆၀၅ ဦးရှိ ကြောင်း ဝန်ခံပြောကြားခဲ့ပြီး သူတို့အား လုံးဟာ ကြံလုပ်သားတွေ မဟုတ်ကြောင်း ပြောပါတယ်။ သည်ကိစ္စနဲ့ပတ်သက်ပြီး စစ် ဆေးသွားမယ်လို့ လည်း ဝန်ကြီးက ပြော ကြားခဲ့ပါတယ်။

အမျိုးသမီးတွေက သူတို့သားအိမ် ဖြတ်ထုတ်လိုက်ပြီး နောက်ပိုင်းမှာ ကျန်းမာ ရေး ယိုယွင်းလာကြောင်းလည်း ပြောကြပါ တယ်။

Author:
နှင်းသန့် [ref; BBC,July 7, 2019.]

Leave a Reply

Your email address will not be published. Required fields are marked *