စီးပွားရေး တိုးချဲတဲ့ အနေ နဲ့ အသုပ်စုံ လေးရောင်းတော့မယ် လို့ ဆိုလာတဲ့ အိုင်းရင်းဇင်မာမြင့်

Posted on

အိုင်းရင်းဇင်မာမြင့် ကတော့ နိုင်ငံကျော် အမျိုးသမီး အဆိုတော်တစ်ဦး ဖြစ်ပြီး ပရိသတ် အခိုင်အမာ ရရှိထားသူလည်းဖြစ် ပါတယ်။ အသံချိုချိုလေးနဲ့ ပရိသတ် ရင်ထဲရောက်အောင် ခံစား သီဆို တတ်မှုကြောင့် ထွက်ရှိသမျှသီချင်းတိုင်းလိုလို လူတိုင်းပါးစပ်ဖျားမှာရေပန်းစားခဲ့ ပါတယ်။

လက်တလောမှာတော့ ” အကြောင်းပြန်ပေးပါ ” အယ်လ်ဘမ် ထွက်ရှိထားပြီး ပရိတ်သတ်ရဲ့ တခဲနက် ချစ်ခင်အားပေးမှုရရှိထားပြီး ရောင်းအားအကောင်းဆုံး သီချင်းများစာရင်းထဲဝင်တဲ့အထိ ပရိသတ်အားပေးမှုကိုရရှိထားပါတယ်။

လက်ရှိမှာတော့ စီးပွားရေးတိုးချဲတဲ့အနဖြင့် အသုပ်စုံ လေးရောင်းနေပြီဖြစ်ကြောင်း “Baby Irene အသုတ်စုံရသည် ခေတ်အရမ်းကောင်းတုန်းလေး စီးပွားရေးတိုးချဲ့ကိုယ့်လက်ရာတွေရှိုး လျှာလည်သွားမယ် ရှလွှတ် ” လို့သူမရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ ပရိသတ်ကြီးရေ အိုင်းရင်းဇင်မာမြင့်ကိုယ်တိုင် သုတ်ရောင်းတဲ့ အသုပ်လေးကို ၀ယ်စားကြမှာလား ဆိုတာ မှတ်ချက်လေးပေးခဲ့ပါဦးနော်။

Source: Irene Zin Mar Myint

Leave a Reply

Your email address will not be published. Required fields are marked *