Ybs ပေါ်တွင် ခါးကိုဓားဖြင့် ထောက်ကာ ခါးပိုက်နှိုက်မှု….YBS စီးတယ့် လူတိုင်း သတိထားကြပါ

Posted on

Ybs ပေါ်တွင် ခါးကိုဓားဖြင့် ထောက်ကာ ခါးပိုက်နှိုက်မှု….YBS စီးတယ့် လူတိုင်း သတိထားကြပါ

Ybs စီးတယ့် လူတိုင်း သတိထား ဖို့ ပါနော်…..

ဒီနေ့ 65 ကားပေါ်မှာ ခါးပိုက်နှိုက်ခံလိုက်ရလို့ပါ။။။

အုပ်စုလိုက် ခါးပိုက်နှိုက်တယ်လို့တော့ထင်တာပဲ တို့ဆေးနဲ့တော့မတို့ဘူး ဘာနဲ့လုပ်လဲတော့မသိလိုက်ဘူး သူရောက်လာတဲ့အချိန်မှာ မူးတာပဲသိတယ် ခါးပိုက်နှိုက်က ခါးမှာ ဓားထောက်ထားတယ်…

သူခါးပိုက်နှိုက်နေတာ ကိုယ်တိုင်လည်းသိပေမယ့် မလှုပ်ရဲဘူး ထိုးလိုက်မှာကြောက်လို့ အော်လည်းမအော်ရဲဘူး ဘေးမှာ ထိုင်နေတယ့်လူတွေလည်းသိပါတယ်….

အများနဲ့တစ်ယောက်ဖြစ်ပေမယ့်ဘာမှ ဝိုင်းမကူပေးကြဘူး….

ကားကြီးကလည်းအချောင်ကြီးပါ….

လူလည်းမများပါဘူး ခါးပိုက်နှိုက်က ပိုက်ဆံအိတ်တော့ယူသွားတယ် ဖုန်းတော့ မယူသွားပါဘူး ….

ဘာပဲဖြစ်ဖြစ် ဂရုစိုက်ကြပါ ကားစီးရင် သတိလေးနဲ့စီးကြပါလို့ အသက်မပါဖို့ကအရေုးကြီးပါတယ်…..

Credit to #su_wai_wai_hlaing

Leave a Reply

Your email address will not be published. Required fields are marked *