ဗစ်တိုးရီးယားအမှု အတွက်အလှူခံထားသော ဘဏ်အကောင့် ဆိုင်းငံ့ထားရန် ဗဟိုဘဏ် မှ ညွှန်ကြားခဲ့ခြင်း မရှိဟုဆို

Posted on

ရ န်ကုန်၊ ဇူလိုင် (၁၁) ။ ။ ဗစ်တိုးရီးယား ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှု ကိစ္စကို ကူညီရန် အတွက် ဖွင့်ထားသော ဘဏ်အကောင့် ဆိုင်းငံ့ခံခဲ့ရမှုနှင့် ပက်သက်၍ ဗဟိုဘဏ်မှတစ်စုံတစ်ရာ ညွန်ကြားခဲ့မှုမရှိကြောင်း ဗဟိုဘဏ် ၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်သော်က မဇ္ဈိမသို့ ပြောသည် ။

“ဗဟိုဘဏ်ကိုလည်းဘယ်သူကမှလာပြီးတော့Recomandပေးတာမရှိဘူး။ ဗဟိုဘဏ်ကလည်းပဲ အဲ့ဒီအကောင့်နဲ့ပက်သက်ပြီးတော့ ညွှန်ကြားထားတာမရှိပါဘူး”ဟု ဦးဝင်းသော်က ပြောသည်။

ဗစ်တိုးရီးယား အတွက်အလှူခံထားသောအကောင့်ဆိုင်းငံ့ခံထားရသည်ဟု ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းက Victoria’s Finance အဖွဲ့ဝင်တစ်ဦးဖြစ်သူ JessicacMozart Facebook အကောင့် တွင် ရေးတင်ထားခဲ့သည်။

“AYAမှတာဝန်ရှိသူတွေနဲ့အခုပဲဖုန်းပြောပြီးပါတယ်။ ဗဟိုဘဏ်ကနေညွှန်ကြားချက်နဲ့ ဘဏ်အကောင့်ကို suspend (ဆိုင်းငံ့) လုပ်ခိုင်းထားလို့ လုပ်ထားရပါတယ်တဲ့။ ဘဏ်ဖက်ကကြေညာချက်ထုတ်ပေးပါ့မယ်တဲ့။ သူတို့သဘောနဲ့ သူတို့ပိတ်ရတာမဟုတ်ရပါဘူးတဲ့။ အဲ့လိုလည်းလုပ်ခွင့်မရှိပါဘူးတဲ့။အကောင့်ထဲကငွေတွေလည်းဘာမှမဖြစ်ပါဘူးတဲ့” ဟု ဘဏ်နှင့်အပြန်အလှန် ဆက်သွယ်ခဲ့သည့်အကြောင်းကို JessicacMozart က Facebook တွင် ရေးသားခဲ့သည်။

ယင်းကဲ့သို့အကောင့်ဆိုင်းငံ့ခံရမှုနှင့်ပက်သက်၍ ဘဏ်ကိုဆက်သွယ်မေးမြန်းပြောဆိုခဲ့ပြီးနောက် ညနေပိုင်းတွင် ဘဏ်အကောင့်မှာပြန်ပွင့်နေပြီဟု JessicacMozart က မဇ္ဈိမသို့ ပြောသည်။

“အကောင့်ကအခုတော့ပွင့်နေပြီ Balance နည်းနည်းရှိနေတယ်အဲ့ဒီဟာကိုအစ်မတို့ Up date ယူထားတယ်အစ်မတို့ဒီထဲကပိုက်ဆံကိုထုတ်ဖို့အစီအစဉ်မရှိဘူး ဘာမှအပြောင်းအလဲလုပ်ဖို့အစီအစဉ် မရှိဘူး”ဟု JessicacMozart က မဇ္ဈိမသို့ ပြောသည်။

ဗစ်တိုးရီးယား၏ လိင်အကြမ်းဖက်ခံရမှု ကိစ္စကိုကူညီပေးနေသော သက္ကမိုးညို အကောင့်ပိုင်ရှင် ဖြစ်သည့် ကျန်းမာရေးနျင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဖြစ်သူ ဒေါက်တာ ဝင်းကိုကိုသိန်းက ယင်းကိစ္စနှင့်ပက်သက်၍ ဘဏ်ကိုဆက်သွယ်မေးမြန်းခဲ့ရာ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့က ပိတ်ခိုင်းထားသောကြောင့် ဘဏ်အကောင့်ကိုပိတ်ထားရသည်ဟု JessicacMozart က Facebook တွင် ရေးသားခဲ့သည်။

နေပြည်တော်မှ ပုဂ္ဂလိကမူကြိုကျောင်းတစ်ခုဖြစ်သည့်Wisdon Hill မှ ၃ နှစ်အရွယ် ဗစ်တိုးရီးယား၏ လိင်အကြမ်းဖက်ခံရမှု ကိစ္စကိုကူညီရန် ဘဏ်အကောင့်တစ်ခုဖွင့်ထားပြီး ကလေးငယ်အမှုကို အမှန်တရားပေါ်ပေါက်စေလိုသူများနှင့် ကို ချစ်ခင်သူများမှ စုပေါင်း အလှူငွေ ထည့်ဝင်နေကြသည်။

ယခုအချိန်တွင် ဗစ်တိုးရီယား၏ လိင်အကြမ်းဖက်ခံရမှု အမှုကိစ္စကိုကူညီရန်ဖွင့်ထားသော ဘဏ်အကောင့် ထဲတွင် အနယ်နယ်အရပ်ရပ်မှ စုပေါင်းအလှူငွေ ၁၈၄ သိန်းနီးပါး လက်ခံရရှိထားသည်ဟုသိရသည်။

“ Victoria အတွက် အလှူခံသည်ဟု အကြောင်းပြ၍ Bank Account ဖွင့် တရားမဝင်အလှူခံနေမှုများ၏ ပထမအဆင့်အနေဖြင့် သက္ကမိုးညို အကောင့် ပိုင်ရှင်အား ကြိုတင်လျို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့ပြီး မည်သူ မည်ဝါ သိရသည်နှင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆက်စပ်ပတ်သက်မှုများကိုလည်း ဆက်လက် စိစစ်ဖော်ထုတ် အရေးယူသွားမည် ဖြစ်ပါကြောင်း၊ Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှု ရှိလျှင်တော့ မပြောလိုပါ။ ရိုးသားမှုမရှိလျှင် လက်မခံဘဲ စိစစ်အရေးယူပါမည်” ဟု ရဲတပ်ဖွဲ့က ဇူလိုင် ၁ဝရက်နေ့ညတွင် သတင်းထုတ်ပြန်ထားသည်

Leave a Reply

Your email address will not be published. Required fields are marked *