လူ(၃)ဦး သေဆုံးခဲ့တဲ့ YBS (၄၀)ယာဉ်တိုက်မှုက ထွက်ပြေးသွားသောယာဉ်မောင်း မှာ YRTA တွင် မှတ်ပုံတင်ထားခြင်းမရှိ, ယာဉ်ပိုင်ရှင်မှ တက်မောင်းခိုင်းခြင်းဖြစ်

သုံးဦး သေဆုံးခဲ့ရ သည့် YBS (၄၀)ယာဉ်တိုက်မှု မှ ယာဉ်မောင်းက ယာဉ်မောင်း အဖြစ် မှတ်ပုံ တင်ထားခြင်း မရှိ

ယမန်နေ့ က လူ ၃ ဦးသေ ဆုံးခဲ့ သည့် YBS (၄၀)ယာဉ်တိုက်မှုဖြစ်ပွား ခဲ့ ရာ ယင်း YBS (၄၀)၏ ယာဉ်မောင်း သည် YRTA တွင် ယာဉ်မောင်း အဖြစ် မှတ်ပုံတင်ထားခြင်း မရှိဘဲ ယာဉ် ပိုင်ရှင် က တက် ရောက်မောင်းနှင် ခိုင်းခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အများပြည်သူသယ် ယူပို့ဆောင်ရေးကြီးကြပ်မှူ အာဏာပိုင် အဖွဲ့(YRTA )မှ ယနေ့ ဇွန်လ ၃ ရက် တွင် သိ ရ သည် ။ ထို့ကြောင့် ဥပဒေကြောင်း အရ သာမက YRTA စည်းမျဉ်း အတိုင်း ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း သိ ရ သည် ။


YBS (၄၀)ယာဉ်တိုက်မှု

ဇွန် ၂ရက် နံနက် ၆နာရီခန့် က ရန်ကုန်တိုင်းဒေသကြီး ၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ၊ အမှတ် (၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးတွင် YBS(၄၀)နှင့် Taxi မျက်နှာချင်းဆိုင်တိုက်မိ၍ တက္ကစီယာဉ်ပေါ်ပါ ၃ ဦးစလုံး ပွဲချင်းပြီး သေဆုံး ခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် YBS ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် သက်ဆိုင်ရာ ယာဉ်လိုင်းမှ တစ်ဆင့် ရှာဖွေနေပြီး YRTA မှ ခွင့်ပြုချက်ထုတ်ပေးထားသည့် Smart Card ယာဉ်မောင်းမှတ်ပုံ တင်ထားခြင်းလည်း မရှိပေ။


YBS (၄၀)ယာဉ်တိုက်မှု

“သက်ဆိုင်ရာ ယာဉ်လိုင်းက အစီရင်ခံစာ ကို တောင်းထား ပါတယ် ။ယာဉ်တိုက်မှုဖြစ်ပွား ခဲ့တဲ့ ယာဉ်မောင်းက ထွက်ပြေးသွား လို့ လိုက်စုံစမ်းနေပါတယ်။ ယာဉ်ပိုင်ရှင်ကနေ ဆက်စပ်ပြီး စုံစမ်းတာလုပ်နေတယ်ကြား တယ်။ယာဉ်မောင်းက YRTA မှာ မှတ်ပုံတင်ထား တာမရှိပါဘူး ။ အရေးယူဖို့က သူရဲ့ဥပဒေကြောင်းအရ လည်းအရေးယူမယ် ။ ဒီဘက်က ပေါ်ပေါက်တဲ့ အပေါ်မူတည်ပြီး YRTA စည်းကမ်းနဲ့လည်းအရေးယူမှာပါ။ ” ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှူ အာဏာပိုင်အဖွဲ့(YRTA )တွဲဖက် အတွင်းရေးမှူး ဦးလှအောင် က မြန်မာတိုင်းမ် သို့ ယနေ့ဇွန် ၃ ရက်တွင် ပြောကြား သ ည် ။


YBS (၄၀)ယာဉ်တိုက်မှု

ရန်ကုန်မြို့ တွင်း မောင်းနှင်နေသည့် YBS ခရီးသည် တင်ယာဉ်မောင်းများ စည်းကမ်းဖောက်ဖျက်မှုများ ကို ထိန်းချုပ်နိုင်ရန်အတွက် နည်းပညာအသုံးပြုထားသည့် Smart Card များထုတ်ပေးထား သည်လက်ရှိတွင် YBS ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်း ၄,၈၀ဝ ကျော်ကို Smart Card ထုတ်ပေးထားရာ ယင်းSmart card များတွင်YBS ယာဉ် မောင်းနှင်ခဲ့သည့် ကိုယ်ရေး အချက် အလက်အပြည့်စုံ Data များသိမ်းဆည်းပြီး Smart card ထုတ်ပေးထားသည့်ယာဉ်မောင်းများကိုသာ YBS ယာဉ်လိုင်းအတွင်း မောင်းနှင်ခွင့်ပေးထား သည်။ TheMyanmarTime

Add a Comment

Your email address will not be published. Required fields are marked *