နိုင်ငံတကာပညာရှင်တွေ ကတောင် ချီးကျူးနေရတဲ့ မြန်မာပြည် ရဲ့ ကိုဗစ် ထိန်းချုပ်ရေး နည်းလမ်း

ကိုဗစ် ကို မစစ်နိုင် လို့ များများ မတွေ့တာ လို့ပြောကြတယ် ။ လက်တွေ့မှာ တကယ် မှန်သလား ကျွန်တော့် ယူဆချက်လေး ရေးချ င်ပါတယ်။ ‌

မြန်မာနိုင်ငံ က ဒီ Virus ကိုတွေ့တာ အခု ဆိုရ င် (၂ )လ ကျော်ရှိပါပြီ။ တချို့နိုင်ငံတွေလို အများကြီးတော့ မစစ်နိုင်သေးဘူး။ Virus စစ်ဆေးမှုမှာမှာတော့ အကောင်းဆုံးနဲ့ ၊ အမှား အနည်းဆုံး နည်းပညာ ကို သုံးထား တယ် ။ လွန်ခဲ့တဲ့ တလအချိန် ကာလ မှာ လူတိုင်းနီးပါးက ကျွန်တော်တို့နိုင်ငံဟာ များများ မစစ်နိုင်လို့ များများမတွေ့တာ လို့ လက်ခံ ပြောဆိုကြတယ်။

နိုင်ငံတကာပညာရှင်တွေ ကတောင် ချီးကျူးနေရတဲ့ မြန်မာပြည် ရဲ့ ကိုဗစ် ထိန်းချုပ်ရေး နည်းလမ်း

ဒီလိုပြောတာဟာ လက်တွေ့မှာ မှားတယ်လို့ အခုတော့ ပြောနိုင်မယ်လို့ ထင်ပါတယ် ။ ဘာကြောင်လဲ ဆိုတော့ လွန်ခဲ့တဲ့ တလ အခါက သင်သည် ပိုးရှိလူနာဖြစ်မယ် ၊ ဒါပေမဲ့ အစစ်မခံခဲ့ရလို့ ပိုးတွေ့လူနာ အနေနဲ့ သတ်မှတ်ခြင်း မခံရဘူး ဆိုရင် ၊ အခုအချိန်မှာ သင့်မိသားစု ၊ သင့် အပေါင်း အသင်း၊ ထိုမှတဆင့် ထပ်ခါထပ်ခါ ကူးစပ် နေမှာ မလွဲပါ။

ဒီဥပမာ အရ သင် တေ ယာက်တည်း မဟုတ်ဘဲ လူအများ သာ ဖြစ်နေခဲ့ရင် ယခု တလကြာတဲ့ အချိန်မှာ ဆေးရုံတွေ မှာ ကုတင်တွေ အပြည့် ဖြစ်လို့ ၊ ဆေးရုံ က ဆရာဝန်တွေလည်း ဒုက္ခ လှလှ တွေ့နေပါပြီ။

မြန်မာပြည်က ပြည်သူတွေ ကျန်မာရေး ဗဟုသုတ နိမ့်တယ် လို့ ပညာရှင်ကြီးတွေပြောကြသော်ငြားလည်း ကိုယ့် ပတ်ဝန်းကျင်မှာ ပြည်တော်ပြန် တွေသာမက ၊ ပြည်တွင်းပြန်တွေကိုတောင် မျက်စိဒေါက်ထောက် ကြည့်လို့ ရွာထဲ အဝင်မခံတာ၊ ပိုးတွေ့ သူနဲ့ ထိစပ် သူတွေကိုလည်း ချက်ချင်း သတင်းပေးနိုင်တာ၊ လိုက်ရှာ နိုင်တာ၊ ဒါမျိုးကြတော့ ကျန်မာရေး ဗဟုသုတ မြင့်ပါတယ် ဆိုတဲ့ နိုင်ငံတွေ ဟာ ကျွန်တော် တို့ ပြည်သူတွေ ခြေဖျားတောင် လိုက်မှီနိုင်မယ် မထင်။ ဒါကြောင့်လည်း tracing( စပ်ဆက်လူနာရှာဖွေမှု) ကောင်းတယ်၊ အဲ့တာကြောင့် ရောဂါပြန်နှံ့မှု ကို ထိန်းထားနိုင်တယ်လို့ WHO က အသိအမှတ်ပြု တာကြား လိုက်ရတယ်။

နိုင်ငံတကာပညာရှင်တွေ ကတောင် ချီးကျူးနေရတဲ့ မြန်မာပြည် ရဲ့ ကိုဗစ် ထိန်းချုပ်ရေး နည်းလမ်း

အခုဆိုရင် ပိုးတွေ့ လူနာအများဆုံးရှိတဲ့ ရန်ကုန်ဟာ သင်္ကြန်ပိတ်ရပ် ပြီးကတည်းက ပုံမှန်အ တိုင်း နီးပါး သွားလာနေကြတာတွေ့ရ တယ်။ အဲ့ အချိန် ကတည်းက YBS ပေါ်မှာ ၊ စက်ရုံအလုပ်ရုံတွေမှာ၊ ကုမ္မဏီတွေမှာ silient carrier( တိတ်တဆိတ်ရောဂါပိုး သယ်ဆောင်သူ) တွေ သာရှိနေ ခဲ့ရင် အခုလို တလလောက် ရှိလာ တဲ့ အချိန် မှာ ဘယ်လိုတွေ ဖြစ်နေကြမလဲ စဉ်းစားသာကြည့် ပါတော့။

ဒါကြောင့် တချို့နိုင်ငံတွေ လို များများ မစစ်လို့ များများ မတွေ့ခဲ့ ဘူး ဆိုတာ မမှန်ပါ ။ သို့သော်လည်း Silient carrier တယောက် လောက်သာ ရန်ကုန် ထဲ လျှောက်သွား လို့ တပတ်အတွင်း လူရာတစ်ရာ လောက်ကူးသွားမယ် ဆိုရင် ၊ ဘယ်နယောက်လောက် ဆေးရုံပေါ် ပိုးတွေ့လူနာအနေ နဲ့ ရောက်လာမလဲ ခန့်မှန်းကြည့်ပါ ။ ဆေးရုံ ရောက်လာရင်တော့ ကျန်းမာရေး ဝန်ထမ်းတွေ က COVID ကို မလွဲမသွေ စစ်မှာဘဲ ။

ဘာဘဲပြောကြပြောကြ လက်ရှိ အချိန်ထိ တော့ ထိန်ချုပ်ထားနိုင် တယ် ဆိုတာ ကတော့ အမှန်ဘဲ။ အခုဆိုရင် လူတွေက အရင်လို မကြောက်ဘဲ သွားလာနေကြတယ်။ ပိုးတွေ့တာနဲ့ ဆက်စပ် လူနာ ရှာဖွေ တာ ကတော့ ဆက်လက်ပြီး အားကောင်း နေအုံးမှာပါ။ အဲ့ဒိက မှ တဆင့် လွှတ်ထွက် သွားရင် ဒုက္ခ လှလှ တွေ့ မှာ။ ဒါကြောင့် ထိစပ်လူနာ ၊ သံသယလူနာ၊ မိမိကိုယ်ကို သံသယ ဖြစ်ရင် ကျန်းမာရေး ဆွေးနွေးတိုင်ပင်တာ ၊ တွေကိုတော့ လုံးလ မလျှော့ လိုက်ကြပါ နဲ့ လို့ တိုက်တွန်းပါတယ်။

နိုင်ငံတကာပညာရှင်တွေ ကတောင် ချီးကျူးနေရတဲ့ မြန်မာပြည် ရဲ့ ကိုဗစ် ထိန်းချုပ်ရေး နည်းလမ်း

ပြီးခဲ့တဲ့ အပတ်က မလေးရှား နဲ့ UAE ပြန်တွေ မှာ ပိုးတွေ့ အရေအတွက် များတာကြောင်. ရန်ကုန်လေဆိပ်က ပြည်တော်ပြန်တွေ ကိုတော့ ရန်ကုန်မှာ ဘဲ FQ ၂၁ ရက် ဝင်ပြီး မှ ကိုယ့်ဌာနေ ကိုယ်ပြန်ရတော့မယ် ။ ကျန်းမာရေးဝန်ကြီ လွှတ်တော် ထဲ ပြောသွားတာ ကြားလိုက်မိ တယ် ။ ကုန်းကြာင်း၊ လေကြောင်း မှ တဆင့် နိုင်ငံထဲ ဝင်ရောက်လာသူ အားလုံး ကို COVID 19 စစ်ပါ မယ်တဲ့။

ဒီလိုဆို ပြည်တော်ပြန်တွေ များတာကြောင် ပိုးတွေ့လူနာ တွေ ထပ်တိုးနေ အုံး မှာ မလွဲေ ပ။ တိုက်ရိုက် FQ ဝင်ရသူတွေမို့ ပြသနာတော့မရှိ၊ သူတို့ရဲ့ နေအိမ်၊လမ်းတွေ lock down စရာမလို။ ကိုဗစ်ကို အထင်သေးပြီး မပေါ့ဆ ကြပါနဲ့ လို့ ၊ ယခင်လို မလိုအပ်ရင် အပြင်မထွက်ဘဲ အိမ် မှာ ဘဲ နေကြပါ ။ ဒီပကိုကို

Add a Comment

Your email address will not be published. Required fields are marked *