ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ( ငြိမ်း )၏ သမက်ဖြစ်သူ အငြိမ်းစား ဗိုလ်မှူးချုပ်သိန်းနိုင် ကွယ်လွန်

Posted on

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ( ငြိမ်း )၏ သမက်ဖြစ်သူ အငြိမ်းစား ဗိုလ်မှူးချုပ်သိန်းနိုင် ကွယ်လွန်

ရန်ကုန်၊ ဇွန် ၁၄

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ၏ သားသမက် အငြိမ်းစား ဗိုလ်မှူးချုပ် ဦးသိန်းနိုင် သည် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံတွင် ယမန်နေ့ ညပိုင်း က အစာအိမ်သွေးကြောပေါက်ရောဂါဖြင် ကွယ်လွန်သွားကြောင်း စစ်တပ်အသိုင်း အဝိုင်းထံ မှ သိရှိရ သည် ။

ဦးသန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ခင်ပြုံးရွှေ၏ ခင်ပွန်း အငြိမ်းစား ဗိုလ်မှူးချုပ် သိန်းနိုင်သည် ယမန်နေ့ ညပိုင်းက ကွယ်လွန်သွားခြင်းဖြစ်ကြောင်း အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်စိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောသည်။

” ဟုတ်တယ် ။ သူက စစ်တက္ကသိုလ် ၂၁ ကျောင်းဆင်း။ မင်္ဂလာလေတပ်စခန်း ဌာနချုပ်မှူးကနေ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတယ်။ အဲဒီနောက် သက်ပြည့် ပင်စင်ယူသွားတာ။ ဒေါ်ခင်ပြုံးရွှေရဲ့ ခင်ပွန်း။ အသုဘက နေပြည်တော်မှာပဲ လုပ်မယ်။ ကိုယ်က NRPC ကိစ္စ တွေရှိနေတော့ မသွားဖြစ်ဘူး။ သူက အသည်းသိပ်မကောင်းဘူး” ဟု ဦးမြင့်စိုးက ပြောသည်။

ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ်ရှိနေပြီဖြစ်ပြီး NLD အစိုးရ တက်လာချိန်တွင် စစ်တပ်က စေလွှတ်သော ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံပြီးနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်လာမည်ဟု ထင်ကြေးပေးခံခဲ့ရသူလည်းဖြစ်သည်။

ဗိုလ်ချုပ်မှူးသိန်းနိုင်သည် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှူး အဖြစ် တာဝန်ထမ်းဆောင်နေရာမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း၊ ကျန်းမာရေး မကောင်းမွန်မှုနှင့် သက်ပြည့်ပင်စင်အတွက် တပ်မတော်မှပါ အငြိမ်းစားယူခဲ့ကြောင်း သိရှိရသည်။

www.khitthitnews.com( လေးစားစွာဖြင့် Credit )
photo:မူရင်း

Leave a Reply

Your email address will not be published. Required fields are marked *