ကျောင်းဆင်းသွား လို့ အပျော်လွန်ပြီး ပါလာတဲ့ရေဘူး နဲ့ လွယ်အိပ်ကို တရွဲတိုက်ဆွဲလာတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေး

Posted on

ချစ်သုဝေ လို့ဆိုလိုက်တာနဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ ချစ်စရာမေမေ ဆိုတာလူတိုင်း သိကြပါတယ်။ သူမဟာကျရာ ဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်နိုင်ရုံ၊ အဆိုကောင်းရုံတင် မဟုတ်ပဲ ပျော်ရွှင်သော မိသားစုလေးကိုပါအောင်မြင်စွာ တည်ဆောက်ထားနိုင် သူလေးပါ။ မိသားစုကို ဖန်တီးနေသူများ အတွက် လေးစားအားကျစရာ မိသားစုလေး တစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။ 

သူတို့ရဲ့ ရင်သွေးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်ကလည်း ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို အပြည့်ရထားတာဖြစ်ပါတယ်။ လင်းလင်းနဲ့ချစ်သုဝေ တို့ကလည်းအနုပညာလောကမှာ အောင်မြင်နေတဲ့သူတွေ ပီပီချစ်ဖို့ကောင်းတဲ့ သမီးလေးတွေပါ ပိုင်ဆိုင်ထားတာကြောင့် ပြီးပြည့်စုံသော နေ့ရက်လေးတွေဖြတ်သန်းနေ တာဖြစ်ပါတယ်။ သမီးလေးနှစ်ယောက်ကတော့ ပရိသတ်တွေ သာမကအနုပညာရှင်တွေ ကပါ ဝိုင်းပြီးချစ်နေရတာပါ။

အခု တစ်ခေါက်မှာလည်း ကျောင်းပြန်လာတဲ့ ခေတ်နဲ့သစ်တို့ရဲ့ ဗီဒီယိုလေးကို လင်းလင်းရဲ့လူမှုကွန်ယက် စာမျက်နှာမှာဝေမျှထားတာပါ။ ” ဒီလိုကျောင်းဆင်းပြန် တာကြတော့ ကိုယ်နဲ့တစ်ပုံစံထဲ ဘာမှလွယ်စရာမလို ပါလာတဲ့ဟာ ဆွဲသွားရုံဘဲ ဟဲဟဲ ” ဆိုပြီးဝေမျှထားတာပဲဖြစ်ပြီး ကြည့်နေရင်းနဲ့ အသည်းတွေယားပြီး အချစ်တွေတိုးစေမယ့် ခေတ်နဲ့သစ်တို့ရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

ဗီဒီယိုကြည့်ရန်

Source- Htwe Lynn Ko

Leave a Reply

Your email address will not be published. Required fields are marked *