Celebrity

အမိုက်စား Version အသစ်နဲ့ ဖန်တီးထားတဲ့ “Hero” သီချင်းဗီဒီယိုကို ထုတ်ပြလိုက်တဲ့ ​နေ​ရွှေ​သွေးအောင်

Written by Shwe

အမိုက်စား Cover song တွေ ကို အလန်းစား ရိုက်ကူးပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရယူထားနိုင်တဲ့ နေရွှေသွေးအောင်ကတော့ သူကြိုက်နှစ်သက်ရတဲ့ အဆိုတော်ကြီး Enrique Iglesias ရဲ့သီချင်းတွေကို အမိုက်စားပြန်လည် သီဆိုလေ့ရှိသူတစ်ဦးပါ။ လတ်တလောမှာတော့ နေရွှေသွေးအောင် က အဆိုတော်ကြီး Enrique Iglesiasရဲ့ သီချင်းကောင်း တစ်ပုဒ်ဖြစ်တဲ့ ‘Hero’ သီချင်းကို Cover ပြန်လည်သီဆိုထားပြီး မင်းသမီးချောလေး ရွှေမှုံရတီနဲ့ အမိုက်စား ရိုက်ကူးထားတဲ့ Remix Version အသစ်နဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ Version အသစ်နဲ့ ဖန်တီးထားတဲ့ “Hero” သီချင်းဗီဒီယိုကတော့ မူရင်း Version ထက်တောင် ပိုမိုက်နေပါသေးတယ်နော်။

နေရွှေသွေးအောင်ကတော့ ‘Hero (Remix) by Nay Shwe Thway Aung , PAST12 & MRNA #Hero #Remix #နေရွှေသွေးအောင် #ဖိုးလပြည့်” ဆိုပြီး သူ့ရဲ့သီချင်း ဗီဒီယိုလေးကို ဝေမျှပေးထားတာပါ။

Hero သီချင်းကို Remix လုပ်ထားတဲ့ နေရွှေသွေးအောင်ရဲ့ဗီဒီယို

ပရိသတ်တွေ အရမ်းကို စိတ်ဝင်စားနေကြတဲ့ နေရွှေသွေးအောင် ရဲ့သီချင်းဗီဒီယိုလေးကတော့ အရမ်းကို ကြည့်လို့ကောင်းပြီး ရသမျိုးစုံ ပေးစွမ်းနိုင်တာမို့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ကို ကြည့်နေရသလိုပါပဲနော်။ ဒီသီချင်း ဗီဒီယိုလေးထဲမှာတော့ နေအောင်၊ ​နေရွှေသွေးအောင်နဲ့ ရွှေမှုံရတီတို့ကပဲ အဓိက သရုပ်ဆောင်သွားတာ တွေ့ရပါတယ်။ ပရိသတ်တွေ လည်း ထိမိနေအောင် ရိုက်ကူးထားတဲ့ နေရွှေသွေးအောင်ရဲ့သီချင်းဗီဒီယိုလေးကို သဘောကျတယ်ဆိုရင် မမေ့ပါနဲ့နော်။

Credit;Nay Shwe Thway Aung’s Facebook

About the author

Shwe

Leave a Comment