(၂၇-၅-၂၀၂၀) ရက္ေန႕၊ ည (၈:၀၀)နာရီ COVID-19 ေရာဂါေစာင့္ၾကပ္ ၾကည့္ရႈမႈႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

၁။ (၂၇-၅-၂၀၂၀) ရက္ေန႕အတြက္ COVID-19 ဓာတ္ခြဲစစ္ေဆးမႈမ်ားျပဳလုပ္ရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္)မွ ပထမအသုတ္အျဖစ္ ဓာတ္ခြဲနမူနာ(၃၇၅)ခု၊ ေဆးသုေတသနဦးစီးဌာနမွ ဓာတ္ခြဲနမူနာ (၁၅၁)ခုႏွင့္ ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ ေဆး႐ုံႀကီး (ခုတင္-၁,၀၀၀) မွ ဓာတ္ခြဲ နမူနာ (၉၃) ခု၊ စုစုေပါင္း (၆၁၉)ခု တို႔အား ယေန႕၊ ညေနပိုင္းတြင္ စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ မေတြ႕ရွိရပါ။

Ministry of Health and Sports, Myanmar
Ministry of Health and Sports, Myanmar

၂။ (၂၇-၅-၂၀၂၀) ရက္ေန႕၊ ည (၈:၀၀)နာရီအထိ ျမန္မာနိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳလူနာ (၂၀၆) ဦးရွိပါသည္။

၃။ ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာစစ္ေဆးမႈမ်ားတြင္ (၂) ႀကိမ္ ဆက္တိုက္ ပိုးမေတြ႕ရွိသူ (၂) ဦး (Case-68 ႏွင့္ 83) ရွိသျဖင့္ (၂၇-၅-၂၀၂၀) ရက္ေန႕အထိ ေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း (၁၂၆) ဦးရွိပါသည္။ ၎တို႔အနက္ (၁၁၈) ဦးအား ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီး ျဖစ္ကာ သတ္မွတ္ေနရာမ်ားတြင္ အသြားအလာဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈ လ်က္ရွိပါသည္။

၄။ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။

၅။ (၂၆-၅-၂၀၂၀) ရက္ေန႕၊ ေန႕လယ္ (၁၂:၀၀) နာရီမွ (၂၇-၅-၂၀၂၀)ရက္ေန႕၊ ေန႕လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၅၈) ဦး ရွိပါသည္။ Source;Ministry of Health and Sports, Myanmar

Unicode

(၂၇-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ (၂၇-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ(၃၇၅)ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၅၁)ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲ နမူနာ (၉၃) ခု၊ စုစုပေါင်း (၆၁၉)ခု တို့အား ယနေ့၊ ညနေပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။

၂။ (၂၇-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၀၆) ဦးရှိပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၂) ဦး (Case-68 နှင့် 83) ရှိသဖြင့် (၂၇-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၆) ဦးရှိပါသည်။ ၎င်းတို့အနက် (၁၁၈) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၂၆-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၇-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၅၈) ဦး ရှိပါသည်။ Source;Ministry of Health and Sports, Myanmar

Add a Comment

Your email address will not be published. Required fields are marked *