သရဲ ကြောက်လို့ဒီအရွယ်ထိ တစ်ယောက်တည်း မအိပ်ရဲဘူး ဆိုတဲ့ ညိမ်းသော်

Posted on

လီမင်ဟို နဲ့ တူတယ်ဆိုပြီး နာမည်တွေ ထွက်ခဲ့ပေမယ့် အခုအခါမှာတော့ သူကြိုက်တဲ့ ကိုရီးယားမင်းသား နာမည်ကိုတော့ မပြောရဲတော့ပါဘူးဆိုပြီး ဟိုတလောက အင်တာဗျူးတွေ မှာဖြေခဲ့တဲ့ ညိမ်းသော်ကို မှတ်မိကြဦးမယ် ထင်ပါတယ် ။ သူနဲ့ Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားခဲ့တဲ့အကြောင်းတွေကို မိတ်ဆွေတွေ သိအောင်ပြန်ပြောပြပေးလိုက်ပါတယ်။

ညိမ်းသော်က ”သရဲတော့ တစ်ခါမှ တော့အခြောက်မခံရဖူးဘူး ။ အလကားနေရင်းကြောက်နေတာ တစ်ယောက်တည်းတောင် မအိပ်ရဲဘူး အခုချိန်ထိပဲ ။ ညီအစ်ကိုတွေနဲ့ ပဲအိပ်တယ် ။ ငယ်ငယ်ကတည်းကနေ အမေနဲ့အဖေကြား အိပ်တာတော်တော်ကြီးတဲ အထိဆိုတော့ အရွယ်ရောက်လာတော့လည်း မောင်နှမတွေနဲ့ပဲအိပ်တာ အခုဆိုတစ်ခါတလေ အိမ်ကအစ်ကို အရင်းတွေနဲ့ပဲ အိပ်တာလေ ။ ခရီးသွားတဲ့အချိန်မှာ ဆိုရင်တော့ မန်နေဂျာတွေပါတယ် ။ မိတ်ကပ်ဆရာတွေပါတယ် ။ အဲ့ဒါအဆင်ပြေတယ် ။ အဖေကတော့ မရှိတော့ဘူး ။ တစ်ခါတလေ တော့အမေ့ပေါင်ပေါ်မှာ အိပ်ရင်းနဲ့ပေါ့ အိပ်ပျော်သွားတာတွေတော့ ရှိတယ် အရမ်းပင်ပန်းတဲ့ အခါမှာ ။ အမေ့အခန်းထဲ ထိတော့သွားပြီး အိပ်တာမျိုးတော့ မရှိတော့ပါဘူး ။

အမေကတော့ တစ်ခါတလေ သားသမီးကပ်တဲ့ အချိန်ဆိုပျော်တာပေါ့ မိဘဆိုတော့ ။ မိဘကိုလည်း ပစ်မထားဘူး အဲ့ဒီလိုပုံစံဖြစ်သွားတာပေါ့ ။ သရဲကြောက်တတ် တာတော့မှန်တယ် ။ကြောက်တဲ့အ ခန်းတွေရိုက်တော့ ပိုပြီးတော့ mood ဝင်တာပေါ့ ။ ကျနော့်အနေနဲ့က သရဲကြောက်ပေမယ့် သရဲကားရိုက်ရတာပိုပြီးတော့ mood ပိုလာတယ် ။ ညမှာတုန်းကလည်း ကြောက်တာလန့်တာဆိုရင် ကျနော့်အတွက် ပိုင်တယ်လို့ပဲခံစားရတယ် ။ “ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Credit;

Leave a Reply

Your email address will not be published. Required fields are marked *