Health

” အဆီကျိတ် အတွက် အစွမ်းထက် သဘာဝဆေးနည်း…..”

Written by W K

အဆီကျိတ် ( lipomas) ကို သဘာဝဆေးဝါးတွေ နဲ့ ဘယ်လို ကုကြ မလဲ….?

ဒါကတော့ အဆီကျိတ်(lipomas)ကို သဘာဝဆေးဝါးတွေနဲ့ဘယ်လိုကုကြမလဲပေါ့နော်…သူ့ကို (fatty tumors) ဟူ၍လည်း ခေါ်ဆိုပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး လူတော်တော်များများက စာပို့ပြီး မေးထားကြပါတယ်။ ဒီရောဂါဟာ လူသားတို့၏ အရေပြားပေါ်၌ ဖြစ်တတ်ကြသလို တိရိစ္ဆာန်သတ္တဝါတွေများလည်း ဖြစ်တတ်ပါတယ်။ သဘာဝဆေးနည်းအရ ကုသမယ်ဆိုရင် ထိရောက်မှုရှိပြီး လက်တွေ့ ပျောက်ကင်းစေမည့် ဆေးနည်းအချို့ကို ဖော်ပြပေးချင်ပါတယ်။

*သဘာဝ လိမ်းဆေးဆီ*

တမာဆီ(Neem oil) သွေးကိုတိတ်စေပြီး အရေပြားနဲ့ ပတ်သက်ပြီး များစွာ အထောက်အကူပြုပါတယ်။ နှမ်းကြတ်ဆီ (Flaxseed oil)ဟာ omega-3 and omega-6 များစွာကြွယ်ဝခြင်းကြောင့် အသားရေဖူးယောင်ခြင်းကို ကာကွယ်ပေးပါတယ်။ လဘ္ဘက်ရည်အေး(Cooled green tea )ဟာ သွေးချိုကို လျော့ကျစေပြီး အကြောအမျှင်ထဲက အဆီတွေကို ကောင်းစွာ ဖယ်ရှားပေးနိုင်ပါတယ်။

*ပျားရည်နဲ့ ဂျုံမှုန့်*

သဘာဝပျားရည်စစ်စစ်နဲ့ ဂျုံမှုန့်အနည်းငယ်ဖြင့် ရောစပ်ပြီး မိမိရဲ့အဆီကျိတ်အဖုပေါ်ကို ခပ်ထူထူလေး အုံပေးထားပါ။ နောက်တနည်းက နနွင်းမှုန့်(ဆနွင်းမှုန့်)လဘ္ဘက်စားဇွန်းနှင့် တစ်ဇွန်း၊ သံလွင်ဆီ (olive oil) (၂)ဇွန်း၊ ပျားဖယောင်း (beeswax) အနည်းငယ်၊ ငှက်စာပင်ရွက်အမှုန့် (chickweed powder)တစ်ဇွန်း။ အားလုံးကို ရောစပ်ပြီး မီးဖိုပေါ်မှာ ပျစ်တွဲပျစ်ခဲလာသည့်အထိ ကျိုချက်ပြီး အအေးခံ၍ ၎င်းအနှစ်ကို အဆီကျိတ်ပေါ်သို့ ဖိပြီး အုံပေးထားပါက ပျောက်ကင်း သက်သာစေပါတယ်။

Credit : Win Min Phyo (ဘဝခါးခါး)

About the author

W K

Leave a Comment