ရှိသမျှ ပိုက်ဆံတွေကို ခိုးယူသွားတဲ့ အနီးဆုံးသူကို မျက်နှာမပျက်ချင်လို့ မသိချင်ယောင်ဆောင်ခဲ့ရဆတဲ့ အကြောင်းတွေပြောပြခဲ့တဲ့ မြတ်သူသူ


မြတ်သူသူ


မြတ်သူသူ


မြတ်သူသူ


Unicode

MRTV-4 ဇာတ်လမ်းတွဲ မင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချောလေး မြတ်သူသူ ကတော့ “ကံကံ၏အကျိုး” ဇာတ်လမ်းတွဲ ၊ ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊ တို့အပြင် ဝင်္ကပါစံအိမ် ဇာတ်လမ်းတွဲတွေပါ တို့မှာ ပါဝင်ခဲ့တဲ့သူလေးပါ။” ပျားရည်အိုင်” ဇာတ်လမ်းတွဲ မှာတော့ မြညိုဆိုတဲ့ ဇာတ်ကောင်နဲ့ ဇာတ်လမ်းတွဲ မင်းသမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးတစ်ယောက်ပါ။

” တတိယမြောက်ဆုံမှတ် ” ဇာတ်လမ်းတွဲ မှာလည်း ” ယွန်းမေခ” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ခေါင်းဆောင် မင်းသမီးနေရာက ပါဝင်ခဲ့ပါသေးတယ်။ ရိုးရိုးယဉ်ယဉ်လေး နဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်တတ်သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေ အပေါ်မှာလည်း တလေးတစား ဆက်ဆံတတ်သူလေးပဲ ဖြစ်တာကြောင့် ရန်ကုန်ပရိသတ်တွေ သာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်နေကြတာပါနော်။

အလှူအတန်း ဝါသနာပါတဲ့ မြညိုလေးကတော့ ရရင်ရသလို အလှူအတန်းတွေပြုလုပ် တတ်သူလေးပါ။ ချစ်တဲ့ပရိသတ်တွေ အတွက် မြညိုလေးက TikTok လေးတွေကို အမြဲဆော့ကစားကာ ဝေမျှလေ့ရှိသူ တစ်ယောက်ပါ။ လက်ရှိမှာတော့ ” ရှုတင်ပြီးထဲက မသုံးဖြစ်တဲ့ ပိုက်ဆံအိတ် ကို အခုမှ ကြည့်မိတယ်။

ပါပါးမာမား အန်ပေါင်းပေးထားတဲ့ ဟာတွေရော စင်ကာပူဒေါ်လာနဲ့ ထိုင်းဘတ်တွေရော အကုန်လုံးကို အနီးကပ်သမ သွားတာပဲ ပိုက်ဆံအိတ်လိုက် ယူမသွားတာပဲ ကျေးဇူးတင်ရမယ် ။ အနီးကပ် အနီးကပ် သမချက်ကပ်ချင်လို့ ချစ်ပြတဲ့ ကပ်ချစ်ကြီး အရင်ထဲက တအိအိနဲ့ခိုးနေတာ မျက်နာမပျက်ချင်လို့ မသိချင်ယောင်ဆောင်နေခဲ့တာကွယ် ဆိုးပါ့လုပ်ရဲတယ် ” ဆိုတဲ့ စာလေးနဲ့ အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြလာခဲ့တာပါ။ ပရိသတ်ကြီးထဲမှာရော အနီးကပ်ရန်သူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Add a Comment

Your email address will not be published. Required fields are marked *