လောက မှာ ဘယ်တော့မှ ကျေးဇူး မတင်တတ်တဲ့ လူတန်းစားဆိုတာ သက်သက်ရှိတယ်…ကြုံဖူးလား

ကိုယ် က ကိုယ့်မှာရှိတဲ့ ငါးထောင် အကုန်ပေးခဲ့တယ် ဒါပေမယ့်သူဌေး တစ်ယောက် တစ်သောင်း ပေးတာကို ကျေးဇူးတင်မဆုံးဘူး အဲ့လိုလူတန်းစား…

ကိုယ်ပေးခဲ့တဲ့ ငါးထောင်ဟာ နောက်နေ့အတွက် သုံးစရာမရှိတော့တာတောင် ရှိတာ အကုန်ပေး ခဲ့ပေမယ့် သူဌေးပေး ခဲ့တဲ့ တစ်သောင်းဟာ လက်ဖက်ရည်ဖိုး သာသာပဲ ရှိတာ သူမသိခဲ့ဘူး သိလည်း သိပ်မခံစား တတ်တဲ့ လူစားမျိုး…

ကိုယ်ပေးခဲ့တဲ့ အချိန်ဟာ မအားမလပ်တဲ့ကြားက အပြေးအလွှားသွားရတာဖြစ်ပြီး သူများတွေပေးတဲ့ အချိန်ဟာ သူတို့အလုပ်ချိန်တွေ သင်တန်းတွေ မိသားစု ကိစ္စတွေအားလုံးပြီး မှ ပေးကြတာဖြစ်တယ်

ဒါပေမယ့် ပိုအချိန်ပေးတဲ့သူကိုသာ ကျေးဇူးတင်ကြတယ် အခက်အခဲတွေကြားက လာရတဲ့သူကို အသိအမှတ်မပြုကြဘူး …

ဒီလိုပါပဲ လူတချို့မှာ တစုံတယောက်ကို ဘာလုပ်လုပ်သိပ်ကျေးဇူးတင် သိပ်ချီးမွမ်းကြပြီး နောက်လူတစ်ယောက်ကိုတော့ ဘာလုပ်လုပ်ကျေးဇူးတင်လေ့မရှိ စာရင်းထဲသိပ်ထည့်လေ့မရှိတဲ့စရိုက်မျိုးတွေ ရှိတတ်ကြပါတယ်…

ပေးဆပ်ထားတဲ့ ပမာဏကိုသာ ဆုံးဖြတ်ကြပြီး အားစိုက်ရတဲ့ပမာဏကိုတော့ သိပ်မမြင်ကြပါဘူး ထည့်တွက်လေ့မရှိပါဘူး

ကိုယ့်ရှေ့မှာကိုယ့်ကိုနှိမ်ချင်တာနဲ့ ကိုယ့်ထက်ပိုအဆင်ပြေသူတွေ ရာထူးပိုကြီးသူတွေ နာမည်ပိုကြီးသူတွေအကြောင်း ရေပက်မဝင်ပြောဆိုကြပြီး သူတို့အဖို့ ကိုယ်မရှိလည်းရတယ် ကိုယ်မပါလည်းဖြစ်တယ်ဆိုတဲ့သဘောတွေကို ပါးနပ်စွာပြကြပါတယ်

ဟုတ်ကဲ့… မိတ်ဆွေ သင့်တန်ဖိုးဟာ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အဲဒီတန်ဖိုးကို အသိအမှတ်မပြုတဲ့ အသိုင်းအဝိုင်း တစ်ခု သင့်မှာရှိနေပြီဆိုရင်တော့….

အရင်လိုပေါပေါပဲပဲ ကူညီနေတာတွေ အားအားယားယား အချိန်ပေးနေတာတွေ နှစ်နှစ်ကာကာ ခင်မင်နေတာတွေကိုလျှော့လိုက်ပါ ။

ဘာလုပ်မလဲ … ကိုယ်ရှိနေခြင်းကို တန်ဖိုးမထား ကိုယ့်လုပ်အားတွေကို မလေးစား ကိုယ့်အချိန်တွေကို အသိအမှတ်မပြုတဲ့ သူတွေကို စိတ်ထဲထည့်ပြီး ခင်မင်နေရတာ မိတ်ဆွေရင်းလို့သက်မှတ်ပြီး ပေါင်းသင်းနေရတာ… ရှိနေတဲ့ ကိုယ့်ရဲ့တန်ဖိုးကိုထပ်မချပါနဲ့

ကိုယ်မရှိလည်း အဆင်ပြေတယ်ဆိုတဲ့ အသိုင်းအဝိုင်းကို ထားခဲ့လိုက်ပါ… ကိုယ့်ကိုမလိုဘူးဆိုတဲ့ ပတ်ဝန်းကျင်ကို ကျောခိုင်းခဲ့ပါ… ကိုယ်မရှိမှကိုယ့်တန်ဖိုးသိမယ့် မိတ်ဆွေတွေကို လက်တွဲဖြုတ်ခဲ့ပါ…

ဘဝမှာနေရမယ့်အချိန် အရမ်းနည်းတာမို့ သင့်ကိုလိုအပ်တဲ့ သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့ သင်ရှိနေဖို့လိုအပ်တဲ့ ပတ်ဝန်းကျင်မှာသာ သင်ရှိနေသင့်တာပေါ့…

‘အမေကျော်ဒွေးတော်လွမ်း’တတ်တဲ့ မိတ်ဆွေတွေ

‘ငါးစိမ်းမြင် ငါးကင်ပစ်’တတ်တဲ့ သူငယ်ချင်းတွေ

သူတို့တွေကို မျက်နှာလုပ်ပြီးနေရမယ့် အစား

“သင့်ကို တန်ဖိုးထားလေးစားတဲ့ အသိုင်းအဝိုင်းမှာပဲ ရှင်သန်သင့်တယ်”…

ဒါ့ကြောင့် အခုပဲ သူတို့ကိုထား ခဲ့ လိုက်ပါ …

Credit – Original Writer

Add a Comment

Your email address will not be published. Required fields are marked *