အဆိုေတာ္ မ်ိဳးႀကီး ႏွင့္ နီတာတို႔ Quarantine ျပည့္၍ အိမ္ျပန္ခြင့္ရၿပီ

COVID- 19 ေရာဂါ ျပန္လည္ သက္သာေကာင္းမြန္လာၿပီျဖစ္တဲ့ အဆိုေတာ္ မ်ိဳးႀကီး နဲ႕ နီတာ တို႔ႏွစ္ဦးဟာ ေဖာင္ႀကီး Quarantine စင္တာမွာႏွစ္ပတ္ၾကာေနၿပီးေနာက္ ေမ ၂၁ ရက္မွာ အိမ္ျပန္ခြင့္ရရွိခဲ့ၿပီလို႔ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ကိုကိုနိုင္က ေျပာပါတယ္။

သူတို႔ႏွစ္ဦးကို က်န္းမာေရးအေျခအေန အရ ႏွစ္ပတ္ေစာင့္ၾကည့္ကုသခဲ့ရာမွာ စိတ္ခ်ရတဲ့ အေျခအေနျဖစ္တာေၾကာင့္ အိမ္ျပန္ခြင့္ေပးလိုက္တာလို႔ ေဒါက္တာ ကိုကိုနိုင္က One News ကိုေျပာပါတယ္။

အဆိုေတာ္ မ်ိဳးႀကီး ႏွင့္ နီတာတို႔ Quarantine ျပည့္၍ အိမ္ျပန္ခြင့္ရၿပီ

“ ဒီေန႕ သူတို႔ကို ေဆး႐ုံဆင္းေပးလိုက္ၿပီ။ ေစာင့္ၾကည္ၿပီးေတာ့ ကုသဖို႔ လိုလို႔ ဆက္ကုခဲ့တာ။ ႏွစ္ပတ္ေပါ့ ” လို႔ ေဒါက္တာ ကိုကိုနိုင္က ဆိုပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ဦးကို က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ၫြန္ၾကားခ်က္ေတြ ဆက္လက္လိုက္နာဖို႔လည္း တိုက္တြန္းခဲ့တယ္လို႔ ေဒါက္တာ ကိုကိုနိုင္က ေျပာပါတယ္။

အိမ္ျပန္ခါနီးမွာ အဆိုေတာ္ နီတာက က်န္းမာေရး စင္တာက မိတ္ေဆြေတြကို ႏႈတ္ဆက္ေတးနဲ႕ ေဖ်ာ္ေျဖေပးခဲ့တယ္လို႔ သိရပါတယ္။ အဆိုေတာ္ နီတာ ဟာ မတ္ ၂၉ ရက္က ျပဳလုပ္တဲ့ ဘာသာေရး အခမ္းအနားတစ္ခုရဲ႕ ရိုက္ကူးေရးလႊင့္တဲ့ အစီအစဥ္မွာ ပါဝင္ခဲ့တာေၾကာင့္ COVID -19 ကူးစက္ခံရသူ ျဖစ္ပါတယ္။

အဆိုေတာ္ မ်ိဳးႀကီးကလည္း အဲဒီ ဘာသာေရးအခမ္းအနားကို တက္ေရာက္ခဲ့တာေၾကာင့္ COVID -19 ကူးစက္ခံခဲ့ရတာပါ။ Source;One News Myanmar

Unicode

COVID- 19 ရောဂါ ပြန်လည် သက်သာကောင်းမွန်လာပြီဖြစ်တဲ့ အဆိုတော် မျိုးကြီး နဲ့ နီတာ တို့နှစ်ဦးဟာ ဖောင်ကြီး Quarantine စင်တာမှာနှစ်ပတ်ကြာနေပြီးနောက် မေ ၂၁ ရက်မှာ အိမ်ပြန်ခွင့်ရရှိခဲ့ပြီလို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ကိုကိုနိုင်က ပြောပါတယ်။

သူတို့နှစ်ဦးကို ကျန်းမာရေးအခြေအနေ အရ နှစ်ပတ်စောင့်ကြည့်ကုသခဲ့ရာမှာ စိတ်ချရတဲ့ အခြေအနေဖြစ်တာကြောင့် အိမ်ပြန်ခွင့်ပေးလိုက်တာလို့ ဒေါက်တာ ကိုကိုနိုင်က One News ကိုပြောပါတယ်။

“ ဒီနေ့ သူတို့ကို ဆေးရုံဆင်းပေးလိုက်ပြီ။ စောင့်ကြည်ပြီးတော့ ကုသဖို့ လိုလို့ ဆက်ကုခဲ့တာ။ နှစ်ပတ်ပေါ့ ” လို့ ဒေါက်တာ ကိုကိုနိုင်က ဆိုပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေ ဆက်လက်လိုက်နာဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ဒေါက်တာ ကိုကိုနိုင်က ပြောပါတယ်။

အိမ်ပြန်ခါနီးမှာ အဆိုတော် နီတာက ကျန်းမာရေး စင်တာက မိတ်ဆွေတွေကို နှုတ်ဆက်တေးနဲ့ ဖျော်ဖြေပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုတော် နီတာ ဟာ မတ် ၂၉ ရက်က ပြုလုပ်တဲ့ ဘာသာရေး အခမ်းအနားတစ်ခုရဲ့ ရိုက်ကူးရေးလွှင့်တဲ့ အစီအစဉ်မှာ ပါဝင်ခဲ့တာကြောင့် COVID -19 ကူးစက်ခံရသူ ဖြစ်ပါတယ်။

အဆိုတော် မျိုးကြီးကလည်း အဲဒီ ဘာသာရေးအခမ်းအနားကို တက်ရောက်ခဲ့တာကြောင့် COVID -19 ကူးစက်ခံခဲ့ရတာပါ။ Source;One News Myanmar

Add a Comment

Your email address will not be published. Required fields are marked *