တစ်ရွာလုံး မီးရအောင် သိန်း(၅၀)လှူဒါန်းခဲ့တဲ့ အပြင် ရွာသူရွာသားတွေကို ဆန်တွေ ဆီတွေ ဝေပေးခဲ့တဲ့ ဖြူဖြူထွေး


ရွာသူရွာသားတွေကို ဆန်တွေ ဆီတွေ ဝေပေးခဲ့တဲ့ ဖြူဖြူထွေး


ရွာသူရွာသားတွေကို ဆန်တွေ ဆီတွေ ဝေပေးခဲ့တဲ့ ဖြူဖြူထွေး


ရွာသူရွာသားတွေကို ဆန်တွေ ဆီတွေ ဝေပေးခဲ့တဲ့ ဖြူဖြူထွေး


Unicode

ဟာသ ဗီဒီယိုလေးတွေနဲ့ ဖြူဖြူထွေး ကတော့ လူသိများအောင်မြင် လာခဲ့တာက အခုဆိုရင် သရုပ်ဆောင် အဖြစ်ပါ ရပ်တည်နေရပြီ ဖြစ်ပါတယ် ။ ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းဖော်ရွေတဲ့ ဖြူဖြူထွေးက တကယ့်ကိုချစ်ဖို့ကောင်းသူလေး ဖြစ်ပါတယ် ။

ဖြူဖြူထွေးက မာန်မာနကင်းသူဖြစ်တဲ့ အပြင် အလှူအတန်းနဲ့ ပတ်သက်ရင်လည်း လက်မနှေးတတ်တာ ဖြစ်ပါတယ် ။ဖြူဖြူထွေး အနေနဲ့ သူမရဲ့ရွာလေးမှာဆိုရင် မကြာခဏဆိုသလို တတ်နိုင်သလောက် အလှူလေးတွေ ပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူထွေးက သူမရဲ့ရွာလေးမှာရှိတဲ့ ရွာသူရွာသားတွေ အတွက် ဆန်၊ဆီနဲ့ ငွေကြေးတွေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။

ဒါ့အပြင် ဖြူဖြူထွေးက ရွာလေးကို မီးရရှိရေးအတွက် အလှူငွေ သိန်း(၅၀)ကျပ်တိတိ ကိုလည်း ပါဝင်လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။ဖြူဖြူထွေးက တစ်ရွာလုံးကိုအိမ်မှာခေါ်ပြီး ဆန်တွေ၊ဆီတွေ အားရပါးရ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။

ဒါ့အပြင် ဖြူဖြူထွေးက သူမရဲ့အိမ်ကိုမလာနိုင်တဲ့ သက်ကြီးရွယ်အိုတွေဆီကိုလည်း အိမ်တိုင်ရာရောက်သွားရောက်ပြီး အလှူပစ္စည်းတွေပေးခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ကြည်နူးစရာအလှူဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်

Add a Comment

Your email address will not be published. Required fields are marked *