ကျောက်တည်တတ်သူတွေ အတွက် အလွယ်ကူဆုံး ကျောက်ကျ ဆေးနည်း…“ကျောက်” ဆို ကြောက်ကို မကြောက်တော့တာ…

သူ ရှိနေလို့ ခါးနာခါးအောင့်ဖြစ်နေတာ အခုတော့ သူထွက်ကျလာ ခဲ့ပါပြီ(သူ=ကျောက်)

အချိန်ကယနေ့ ည ၁၁ နာရီ ၁၀ မိနစ်ခန့်ကဖြစ်သည် ဘယ်ဘက်က ခါးတစ်ခြမ်းကိုက်နေတာ နှစ်လသုံးလလောက်ရှိနေပါပြီ ဆီးကျောက်တည်ရောဂါနဲ့ ယဉ်ပါးနေပြီဖြစ်သောကြောင့် မကြောက်ရွန့်တော့ပေ

ဒီကျောက်ကြီး ရှိနေမှန်းသိနေတာတော့ သုံးလေးလခန့် ရှိနေပါပြီ ဒီတစ်ခါကျောက်က အသက်ရှုရင်တောင် အောင့်အောင့်လာတယ် ခါးအောင့်အောင့်နေလို့ ဘယ်ဘက်ကိုစောင်းအိပ်လို့ မရဖြစ်နေပါတယ်

ကျောက်တည်တတ်သူတွေ အတွက် အလွယ်ကူဆုံး ကျောက်ကျ ဆေးနည်း

သူ ရှိနေရင် ခါးကတင်ပြီးနာနေတယ် ဘယ်ဘက်ခြမ်းဆီးခုံကို လက်နဲ့အဖိမခံနိုင်ဘူး တော်တော်နာပါတယ်

ဆေးရုံသွား ဓာတ်မှန်ရိုက်ကြည့်တော့ သေချာပေါက် သူ့ကို တွေ့သည် ဆရာဝန်က ချေဖို့ သို့မဟုတ် ခွဲထုတ်ဖို့ပြောပါသည် ကြီးလွန်းလို့ သူ့ဘာလို မထွက်ကျနိုင်ကြောင်းပြောပြပါသည်

နေလို့ရရင် နေနေလိုက်သည်နေလို့ မရအောင်နာလာရင်တော့ လက်သုံးဆေးကိုအသုံးပြုရတော့သည်

ကျောက်တည်တတ်သူတွေ အတွက် အလွယ်ကူဆုံး ကျောက်ကျ ဆေးနည်း

ထိုဆေးက လွယ်လွယ်လေးပါ ကျောက်ဖရုံသီးကို သခွါးခြစ်နဲ့ခြစ်ပြီး ရှာလကာရည်အနည်းငယ်ထည့်၍ အလယ်တည်ပန်းကန်နဲ့ တစ်ဝက်လောက်ကို တစ်ရက် နှစ်ရက်နဲ့ အကုန်စားပေးလိုက်ရုံပါပဲ

အဲဒီလို သုံးခါလောက် လုပ်စားလိုက်တာနဲ့ အခုမြင်တွေ့ရတဲ့ကြောက်ကြီးလည်း မနေနိုင်တော့ပဲ ဆီးလမ်းကြောင်းကနေဒလိမ့်ခေါက်ခွေး ထွက်ကျခဲ့ရတော့တာပါပဲ

ကျောက်တည်တတ်သူတွေ အတွက် အလွယ်ကူဆုံး ကျောက်ကျ ဆေးနည်း

ရံဖန်ရံခါ အုန်းရေလဲ အဝသောက်ပေးဖို့လိုပါသည်။ ကျောက်တည်တတ်တဲ့ဝေဒနာရှင်များအတွက် သတင်းကောင်းပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ကျောက်ထွက်ကျလာလို့ပုံနှင့်တကွ ရေးတင်ခဲ့ဘူးတာရှိပါတယ်။ ကျောက်ဖရုံသီးနဲ့ ရှာလကာရေနဲ့ ရောစပ်ထားတာပါ ဟင်းစားဇွန်းနဲ့ မောက်မောက်ခပ်၍ တစ်နေ့သုံးကြိမ်လောက်စားပေးပါ စားလို့ကောင်းပါတယ်

ပိတောက် အိမ်

Add a Comment

Your email address will not be published. Required fields are marked *