မိတ်ဆွေ….ဘဝမှာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ စကားက အမြဲမှန်ရဲ့လား? စဉ်းစားဖူးလား…….

“ကြိုးစား ရင် ဘာမဆို ဖြစ်နိုင် တယ်” ဆိုတဲ့ စကားလေး ကြားတော့ ကျတော့် ငယ်သူငယ်ချင်း တစ်ယောက်ကိုပြေးမြင်မိတယ် … သူ့မိသားစုက ချို့တဲ့တယ် … မိဘတွေကလဲ ပညာမတတ်ဘူး .. ဒီအတွက်ကြောင့်လဲ သူက ပိုပြီး ကြိုးစားတယ်ထင်ပါရဲ့ ..

ငယ်ငယ်ကတည်းက စာတော်တယ် … သူများတွေအိပ်ချိန် သူမအိပ်ဘူး .. စာကြည့်တယ် … သူများတွေ အားလပ်ချိန်ကစားနေရင် သူက အိမ်ဆိုင်လေးကို ဈေးကူရောင်းပေးရတယ် … ဒါတောင်မှ သူက အတန်းထဲမှာ အမြဲ အဆင့် တစ် နှစ် သုံး ဝင်တယ် …

ဒီလိုနဲ့ ဆယ်တန်းအောင်တော့ သူ့ အမှတ်က ဆေးကျောင်းဝင်တယ် …ဆေးကျောင်းတက်ဖို့ကို အိမ်က ဆိုင်ကယ်လေးကို ရောင်းခဲ့ရသေးတယ် … ဆေးကျောင်း ပထမနှစ်မှာပဲ သူ့ အဖေ ဆုံးတယ် … အမေအို နဲ့ သူ့ ညီ ညီမ တွေပဲ ကျန်တယ် .. မောင်နှမ ၄ ယောက်ထဲ သူက အကြီးဆုံး … ဒါပေမယ့် သူ့ဘဝသူ ဘယ်တော့မှ အလျှော့မပေးဘူး .. “အကိုကြီးတော့ အဖရာ” ဆိုတဲ့စိတ်ဓါတ်နဲ့ ကြိုးစားတယ် …

သူ့မှာ ဆေးကျောင်း တစ်ဘက် … အိမ်အတွက် တစ်ဘက် နဲ့ သူ့ညီ ညီမတွေ ကျောင်းစရိတ်ဖိုးကိုပါ ဆယ်တန်းတွေကို ကျူရှင်ပြန်သင်ရင်း ရှာရပြန်တယ် … ည တွေထိ guide လိုက်သင် မနက်ဆို စောစောထ စာကြည့် နဲ့ ရုန်းကန်ခဲ့တယ် … ဒါလဲ မိသားစု စားရရုံလောက်ပဲ ရရှာတာပါ …

သူ ဆေးကျောင်းမှာ ဂုဏ်ထူး မပါပေမယ့် တစ်နှစ်တစ်တန်းတော့ ပုံမှန်အောင်တယ် … ဆေးကျောင်းပီး အလုပ်သင်ဆင်း .. ဘွဲ့ရပီးတာနဲ့ နောက်ရက်ပဲ သူငယ်ချင်းတစ်ယောက်ဆီက ငွေတိုးနဲ့ ပိုက်ဆံချေးပီး ကိုယ်ပိုင်ဆေးခန်းသေးသေးလေးလဲ ဖွင့်တယ် … ဒါပေမယ့် သူရသမျှ ဆေးခန်းဝင်ငွေကလဲ တစ်အိမ်လုံးကို ထောက်ပံ့ရရုံလောက်ပဲရှိတာ … ကြီးပွားမလာပါဘူး …

ဒါနဲ့ ထပ်ပီး အားတဲ့ချိန် အပြင်ဆေးရုံမှာပါ ထပ်လုပ်တယ် …ရသမျှ duty relieving သူယူတယ်… နေ့မအိပ် ညမအိပ်ကြိုးစားတယ်ပေါ့ … လခလေးတွေစုမိလာတယ် … ရတဲ့လခနဲ့ အကြွေးပြန်ဆပ်ပီး နှစ်အနည်းငယ်ကြာတော့ သူပိုက်ဆံတော်တော်စုမိလာတယ် … စုထားသမျှ ပိုက်ဆံတွေနဲ့ သူ အလုပ်တစ်ခုမှာ ရှယ်ယာ ဝင်တယ် … တဖြည်းဖြည်းနဲ့ သူရှယ်ယာဝင်ထားတဲ့ အလုပ်ဟာ အောင်မြင်လာပီး သူလဲ ချမ်းသာသွားတယ် …. သူ့မိသားစုလဲ ပြုံးလို့ပျော်လို့ပေါ့ ….

အဲ့လို မထင်ပါနဲ့ … ဘဝဟာ မြန်မာကားမဟုတ်ပါဘူး …အမှန်တော့ သူ ရှယ်ယာဝင်ထားတဲ့အလုပ်ဟာ ခွပ်ခွပ်လန်အောင် ရှုံးပါတယ် … သူလဲရုန်းကန်ရမြဲ သူ့မိသားစုလဲ ဆင်းရမြဲပါပဲ … စုထားသမျှ ပိုက်ဆံ ပလုံသွားတယ် … ဒါပေမယ့် ကျတော့် သူငယ်ချင်းဟာ အရှုံးမပေးပါဘူး …မဆုတ်မနစ်ဇွဲနဲ့ ဆက်ကြိုးစားပါတယ် … စီးပွါးရေးလုပ်ဖို့ကို လက်တွန့်သွားခဲ့ပေမယ့် “ပညာရေးမှာ ထပ်ကြိုးစားမယ် အထူးကုဖြစ်အောင် လုပ်မယ် …ငါ့ ပညာနဲ့ငါ့မိသားစုကို ရှာကျွေးမယ်ကွ” ဆိုပီး အစိုးရလက်ထောက်ဆရာဝန်ရာထူး posting ဝင်ပါတယ် …

အစိုးရဝန်ထမ်း လက်ထောက်ဆရာဝန့်ဖြစ်သွားတာမို့ အပြင်ဆေးရုံမှာထက် လခ ထက်ဝက်ကျော် နည်းပေမယ့် အထူးကု ဖြစ်ဖို့ အခွင့်အရေးကလဲ ဒီတခုပဲရှိတာကိုး … ရတဲ့အချိန် ဆေးခန်း relieving လေးတွေလဲ ပတ်ထိုင်ပါသေးတယ် … အဲ့လောက်ကြိုးစားတဲ့ ကျတော့် သူငယ်ချင်းဟာ msc entrance (အထူးကုဝင်ခွင့်) ဝင်ဖြေတဲ့အခါမှာတော့ပထမတကြိမ်တည်းနဲ့ပဲ .. .

မအောင်ပါဘူး … ဟုတ်ကဲ့ မြန်မာကားမဟုတ်တဲ့အတွက်အထူးကုဝင်ခွင့် လဲ တခါတည်းနဲ့ အောင်ဖို့ မလွယ်ပါဘူးခင်ဗျ … ဒါပေမယ့် သူ အရှုံးမပေးပါဘူး … ထပ်ကြိုးစားတယ် …နောက်တနှစ် … မအောင်ဘူး … နောက်တခါ ထပ်ဖြေတယ် … မအောင်ဘူး … ဘာသာ ပြောင်းဖြေတယ် … မအောင်ဘူး … ထပ်ဖြေတယ် … မအောင်ဘူး …

အဲ့လို မဆုတ်မနှစ်ဇွဲနဲ့ ကြိုးကြိုးစားစား အကြိမ်ကြိမ်ဖြေပီး နောက်ဆုံးမှာတော့ ကျတော့် သူငယ်ချင်းဟာ … တနေ့မှာတော့ ကျတော့်ဆီကို ဝမ်းသာအားရ ဖုန်းဆက်လာပါတယ် … “ဟရောင် … ငါ … ငါလေ .. ငါ ငါ …” “ဟမ် ဘာလဲဟ ..မင်း စာမေးပွဲအောင်ပီလား .. ဝမ်းသာတာကွာ ” လို့ ကျတော်ပြောလိုက်တော့ … “ဟိုလေ … ငါ… ငါ… ငါလေ ..” “သားကြီး စိတ်အေးအေးထားပီး အေးဆေးပြောပါဟ .. ဘာဖြစ်လို့လဲဟ… ငါပါရင်တုန်လာပီ… ”

“ငါ ငါ … ငါ သိန်း ၅ထောင် ထီပေါက်တယ်ဟ…. သိန်း ၅ ထောင်တောင်ဟ … သိန်းငါးထောင် ” . .”ဟာ .. ဝမ်းသာတာကွာ ..တကယ်ကြီးလား ” “တကယ်ဟ တကယ် …” အဲ့လိုနဲ့ သူ တကယ်ကို သိန်း ၅ထောင် ထီဆု ပေါက်ခဲ့တယ် .. နောက်တစ်လလောက်နေတော့ သူ လက်ထောက်ဆရာဝန် အလုပ်လဲ ထွက်လိုက်တယ် …

ထီပေါက်တဲ့ ပိုက်ဆံနဲ့ အိမ်တွေ ကားတွေဝယ်တယ် … ဆေးဆိုင်နဲ့ဆေးခန်းလေး ဖွင့်ထားတယ် … အလှူလေး ဘာလေး လုပ်တယ်ပေါ့… သူ့မိသားစုလဲ သူနဲ့တူတူ အဲ့အိမ်ကြီးမှာ အားလုံး ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း နေနေကြတယ် … ကျတော့်သူငယ်ချင်းလဲ တသက်လုံးကြိုးစားလာလိုက်တာ ထီပေါက်မှပဲ သူ့ဘဝ အဆင်ပြေသွားတော့တယ် .. . . . ပြောချင်တာကတော့ ခင်ဗျားဘယ်လောက်ကြိုးစားကြိုးစား ဘယ်လောက် ရုန်းကန် ရုန်းကန် စောက်ကံမပါရင် ဘာမှဖြစ်မလာဘူးဆိုတာပါပဲ ….သိဘို့ … Fone Kyaw

Add a Comment

Your email address will not be published. Required fields are marked *