ရဟန်းဝါ (၁၀)ဝါအတွင်းမှာ အများကြီး ပြောင်းလဲသွားတဲ့ ဦးပဇင်း ဦးကိတ္တိသာရ(ဦးကျော်ဟိန်း)….(တိုကျိုမြို့မှာ တရားဟောနေ တဲ့ ရုပ်သံ)

ဂျပန်နိုင်ငံ တိုကျိုမြို့ မှာ တရားဟောနေ တဲ့ ဦးပဇင်း ဦးကိတ္တိသာရ( ဦးကျော်ဟိန်း )ရဲ့ တရား ကို fb ပေါ်ကနေ live လွှင့်နေတာကို ဖွင့်ကြည့်ရင်း နာယူေ နမိ တယ် ။ ရဟန်းပြုကာ စတုန်းက အခြေအနေတွေ နဲ့လုံးဝမတူတော့ ဘဲပြောင်းလဲသွားတာကို ဦးပဉ္ဇင်းဟော ချက်တွေ က သက်သေပြနေ ပါတယ် ။ ရဟန်းဝါ (၁၀)ဝါ အတွင်းမှာ အကျင့်ဘက်ကို ဘယ်လောက် တန်ဖိုးထားကျင့်ကြံခဲ့သလဲ ဆိုတာ ရွေးချယ်လိုက်တဲ့ စကားလုံးတွေ နဲ့ အသံနေအသံထားက တဆင့်အဖြေထုတ်နိုင် ပါတယ်။

တရားနာယူရင်း ကြည်နူးကျေနပ် အားကျစိတ်နဲ့အတူ ၁၉၉၆ ခုနှစ်တုန်းက အတူလက်တွဲရိုက်ခဲဖူးကြတဲ့ “ဝေလည်းမွှေး ကြွေလည်းမွှေး” ရုပ်ရှင်ဇာတ်ကားရိုက်ကွင်းတွေဆီ စိတ်ရောက်သွားမိပြန်ပါသေးတယ်။ ရိုက်ကွင်းမှာငြင်းရခုန်ရ အပြန်အလှန်နားလည်မှုယူခဲ့ကြတာတွေဟာ ဦးကျော်ဟိန်း အတွက်အဲဒီနှစ် ဇာတ်ပို့အကယ်ဒမီရစေခဲ့လို့ အကယ်ဒမီပွဲမှာ ကြည်နူးဝမ်းမြောက်နေတဲ့ဦးကျော်ဟိန်း ရဲ့ ပုံရိပ်တွေကိုလည်းပြန်မြင်ယောင် မိပါတယ်။

တိုကျိုမြို့မှာ တရားဟောနေ တဲ့ ဦးပဇင်း ဦးကိတ္တိသာရ( ဦးကျော်ဟိန်း ) ရဟန်းဝါ (၁၀)ဝါအတွင်းမှာ ပြောင်းလဲသွားပုံ…
တိုကျိုမြို့မှာ တရားဟောနေ တဲ့ ဦးပဇင်း ဦးကိတ္တိသာရ( ဦးကျော်ဟိန်း ) ရဟန်းဝါ (၁၀)ဝါအတွင်းမှာ ပြောင်းလဲသွားပုံ…

အဲဒီ ဇာတ်ကားရိုက်ခဲ့ပြီး နှစ်အတော်ကြာတော့ ဦးကျော်ဟိန်းက သာသနာ့ဘောင်ထဲရောက် တင့်တင့်ထွန်းက သီလရှင်ဘဝကို အပြီးတိုင်ကူးပြောင်း ဒွေး (သားကြီး)က အရွယ်ကောင်း တုန်းအောင်မြင်တုန်း မှာ ဘဝတစ်ပါးကူးပြောင်း ကိုယ်က ရုပ်ရှင်တွေသီချင်းတွေ ကိုကျောခိုင်းပြီး ဓမ္မရိပ်ကိုခိုလှုံကူးပြောင်း နဲ့ ပြောင်းလဲလိုက်ကြတာအမျိုးစုံပါပဲ။

တိုကျိုမြို့မှာ တရားဟောနေ တဲ့ ဦးပဇင်း ဦးကိတ္တိသာရ( ဦးကျော်ဟိန်း ) ရဟန်းဝါ (၁၀)ဝါအတွင်းမှာ ပြောင်းလဲသွားပုံ…

ဟိုတုန်းက ကိုယ်ရေးခဲ့တဲ့ ဇာတ်ညွှန်းကို သရုပ်ဆောင်ခဲ့တဲ့ ဦးကျော်ဟိန်းဟာ အခုတော့ ဦးကိတ္တိသာရဘဝ နဲ့ကိုယ့်ကို ဓမ္မစကားတွေ နဲ့ အဆုံးအမပေးနေချေပြီကော။

တရားနာရင် မှတ်စုစာအုပ်လေးဘေးချပြီး Lecture လိုက်သလိုရေးမှတ်လေ့ရှိတဲ့ ကိုယ့်အတွက် ဦးကိတ္တိသာရရဲ့ဟောချက်တွေထဲက ကိုယ်ကြိုက်လို့ လိုက်မှတ်ထားတာလေးတွေမျှဝေ ပါရစေ ။

အသေးစိတ်သိချင်ရင်တော့ youtube မှာ Video file ရှိလိမ့်မယ်ထင်ပါတယ်။

၁။ လူတစ်ယောက်ကိုပဲ အကြာကြီး အားကိုးနေတော့မှာလား။ ကိုယ့်ကိုယ်ကို အားကိုးရင်မရဘူးလား။

၂။ အရာရာဟာ ခဏလေးပါ။ ပျက်တာမြန်လွန်းလို့ ကိုယ်မသိလိုက်တာ။ ဘယ်ဥစ္စာမှ အကြာကြီးမဟုတ်ဘူး။

၃။ မရှိတော့တာကို မရှိတော့ဘူးလို့ တကယ်သိအောင် ထိုးထွင်းပြီး သိအောင်လုပ်။ Nothing is permanent.

တိုကျိုမြို့မှာ တရားဟောနေ တဲ့ ဦးပဇင်း ဦးကိတ္တိသာရ( ဦးကျော်ဟိန်း ) ရဟန်းဝါ (၁၀)ဝါအတွင်းမှာ ပြောင်းလဲသွားပုံ…

၎။ သေရင် အကြာကြီးအိပ်ရမယ်။ ဒါကြောင့်တရားအားထုတ်ဖို့ အတွက် အအိပ်လျှော့။

၅။ အာရုံက အာရုံအတိုင်းနေရင်ပြဿနာမရှိ။ စိတ်ကနှလုံးသွင်းလိုက် မှပြဿနာကစတာ။

၆။ တရားခံအစစ်က’ မသိတာ’။

၇။ တရားရှာပေးခဲ့တဲ့ဘုရားကိုအားနာပါ။

၈။ အာရုံကို ခိုင်းတတ်ရင်သက်သာတယ်။

၉။ စင်ပေါ်တက်ပြီ ဆိုကတည်းက သေချာတဲ့စကားကိုပဲပြောချင်တယ်။

အားလုံးကျန်းမာချမ်းသာကြပါစေ။

Source : မြသန်းစံ(သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ သာယာရှိပါစေ…)

Add a Comment

Your email address will not be published. Required fields are marked *