အတိုက်အခိုက်များရန်က ကာကွယ်ဖို့ လက်တွေ့အသုံးချ ဂမ္ဘီရယတြာနည်း



မြေစလောင်းဖုံး သန့်သန့် တစ်ချပ်ထဲကို ထုံးအနည်းငယ်ထည့်ပါ။မြေဖြင့်ပြုလုပ်ထားသော စလောင်းဖုံးဖြစ်ရပါမည်။ ( တခြားသော စတီး ၊ သံ ၊ ဒန် စလောင်းဖုံးများမရပါ)
သကြားအနည်းငယ်ထည့်ပါ။



ရေအနည်းငယ် ထပ်ထည့်ပါ။
လက်ခလယ်ဖြင့်မွှေပါ။အတွင်းဘက်တွေကို ပျံ့ သွားအောင် သုတ်ပါ။ (လက်ခလယ်ဖြင့် မွှေပါ )

ကျွန်ုပ်တို့လက်တွေ့အသုံးချနေတဲ့ ၊ ရှေးဆရာ အစဉ်အဆက် လက်ဆင့်ကမ်းအသုံးပြုလာခဲ့တဲ့ .. ဂမ္ဘီရယတြာနည်း တစ်ခု လက်ဆောင်ဖော်ပြပေးလိုက်ပါတယ် … ။


၎င်းမြေစလောင်းဖုံးကို ဘုရားစင်ပေါ်တင်၍သော်၎င်း ၊ အလုပ်စားပွဲ ၊ ရုံးခန်းစားပွဲ ၊ ဆိုင်ကောင်တာပေါ်တင်၍သော်၎င်း မကြာခဏ ဖယောင်းတိုင်ထွန်းပေးခြင်းအားဖြင့် အတိုက်အခိုက်များရန်မှသော်၎ငး ၊ မကောင်းသောအတတ်ပညာများ ဘေးမှအကာအကွယ်ရစေပါတယ် … ။နှောက်ယှက်နေဆဆဲဖြစ်တဲ့ အတိုက်အခိုက်များလည်း အာနိသင်ပျယ်စေပါတယ် … ။ မိတ်ဆွေကိုယ်တိုင် တိုက်ခိုက်ခံရေလျှင် မြေစလောင်းဖုံး၏အောက်၌ မိတ်ဆွေ၏ဓာတ်ပုံ ခံပြီး ထွန်းပါ။ိသားစုလိုက် တိုက်ခိုက်ခံနေရလျှင် မြေစလောင်းဖုံးအောက်တွင် မိသားစုဓာတ်ပုံခံထွန်းပါ ။



Unicode

မိတ်ဆွေ တို့ကိုသော်၎င်း ၊ မိတ်ဆွေတို့၏ မိသားစုများကိုသော်၎င်း ၊ မိတ်ဆွေ တို့၏ နေအိမ် ၊ ခြံဝန်း ၊ တိုက်ခန်း ၊ ဈေးဆိုင် ၊ ရုံးခန်း ၊ လုပ်ငန်း ၊ အလုပ်ရုံ ၊ ယဉ်ကား စသည်တို့ကို … ။

အတိုက်အခံ အပြိုင်အဆိုင်များကသော်၎င်း ၊ မနာလိုမုန်းတီးသူများကသော်၎င်း မကောင်းသောအတတ်ပညာများနှင့် ပြုစားစီရင် နှောက်ယှက်ခံနေရလျှင်သော်၎င်း ၊ သံသယဖြစ်နေလျှင်သော်၎င်း …. ။ အခြားသော ပုံစံအမျိုးမျိုးဖြင့် နှောက်ယှက် တိုက်ခိုက်နေလျှင်သော်၎င်း …. ။

တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်မရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နေအိမ် ၊ ခြံဝန်း ၊ တိုက်ခန်း ၊ ဈေးဆိုင် ၊ ရုံးခန်း ၊ လုပ်ငန်း ၊ အလုပ်ရုံ ၊ ယဉ်ကား များ မသန့်မရှင်းဖြစ်နေလျှင်သော်၎င်း … ။

စုန်းတိုက် ၊ နတ်တိုက် ၊ အောက်လမ်းအတတ် ၊ အင်းအတတ် ၊ မှော်အတတ် စသည့် မကောင်းသောအတတ်ပညာများဖြင့် ပြုစားစီရင် တိုက်ခိုက်ခြင်းရန်မှ အကာအကွယ်ရစေရန်အတွက် … ။ တိုက်ခိုက်ခံနေရသော အတိုက်အခိုက်အန္တရာယ်များ ၊ မကောင်းသောအတတ်ပညာများ အာနိသင်ပျယ်သွားစေရန်အတွက်၎င်း …. ။

ကျွန်ုပ်တု့ိလက်တွေ့အသုံးချနေတဲ့ ၊ ရှေးဆရာ အစဉ်အဆက် လက်ဆင့်ကမ်းအသုံးပြုလာခဲ့တဲ့ .. ဂမ္ဘီရယတြာနည်း တစ်ခု လက်ဆောင်ဖော်ပြပေးလိုက်ပါတယ် … ။

( မိမိတို့ကို မကောင်းကြံပြီးစီရင်ထားတဲ့ အတတ်တွေ ၊ အတိုက်တွေအားလုံးကို မြေလှန် ၊ မီးတိုက်ပစ်တဲ့သဘော … ရောက်မလာအောင် ကာကွယ်တဲ့ အခြေခံသဘောဖြစ်ပါတယ် … ။ ပညာရှင်များ နက်နက်ရှိုင်းရှိုင်း တွေးခေါ်စဉ်းစားနိုင်ကြပါကုန် )

မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော

မင်းသိမ်းခိုင် ( ရွှေရမ်းထူးလင်း )

Add a Comment

Your email address will not be published. Required fields are marked *