၂၀၂ဝ မေလမှာ ထီဆုကြီးများပေါက်နိုင်ပီး ရတနာပုံကိန်း ဆိုက်မည် နေ့နံ သားသမီးတွေ
Unicode
၂၀၂ဝ မေလတွင် တနင်္လာနှင့် ဗုဒ္ဓဟူး သားသမီးများ ထီဆုကြီးများပေါက်နိုင်သော ရတနာပုံကိန်း ဆိုက်မည်
၂၀၂၀၊မေလ(၁၈)ရက် တနင်္လာနေ့၊ မြန်မာစံတော်ချိန် နံနက် ၁ဝ နာရီတိတိမှ နံနက် ၁ဝ နာရီ ၃၅ မိနစ်အတွင်း နက္ခတ် ၂ဝ လုံးဝပါဒ်တွင် ရောက်ရှိနက္ခတ် အာရီဥပါဒ်ကြီးအိမ် ကာနဥပါဒ်အတွက်နက္ခတ်တွင် ဥပါဒ်အိမ်ဥပါဒ်ကြိုက်သဖြင့် စုတ်ကြီး-လာဘ်ကြီး ဝင်ကိန်းရှိချိန်….. တနင်္လာ သားသမီးများ ရတနာပုံကိန်းဆိုက်သည်။
ဗုဒ္ဓဟူး သားသမီးများဖြင့် စပ်တူ ထီကံစမ်းနိုင်သည်။ တနင်္လာသားသမီး အိမ်ထောင်ဖက် ဗုဒ္ဓဟူးဖြစ်သူများ ကုသိုလ်ကံ အထူးကောင်းချိန်ဖြစ်သည်။
၂၀၂၀ ၊မေလ(၂၀)ရက် ဗုဒ္ဓဟူးနေ့၊မြန်မာစံတော်ချိန်နေ့လည် ၁၁ နာရီတိတိမှ နေ့လည် ၁၁ နာရီ ၃၅ မိနစ်အတွင်း နက္ခတ် ၂၂ လုံးဝပါဒ်တွင် ရောက်ရှိနက္ခတ် ပတိဏီစုတ်ကြီးအိမ် အမြိတ္တစုတ်အဝင်နက္ခတ်တွင် စုတ်အိမ်စုတ်ကြိုက်သဖြင့် စုတ်ကြီး-လာဘ်ကြီးဝင်ကိန်းရှိချိန် ဗုဒ္ဓဟူးသားသမီးများ ရတနာပုံကိန်းဆိုက်သည်။
တနင်္လာသားသမီးများဖြင့် စပ်တူထီကံစမ်းနိုင်သည်။ ဗုဒ္ဓဟူးသားသမီး အိမ်ထောင်ဖက် တနင်္လာဖြစ်သူများ ကုသိုလ်ကံ အထူးကောင်းချိန်ဖြစ်သည်။
အထူးမှတ်ချက် ။ ။ ဗုဒ္ဓဟူး သားသမီးဖြစ်ရပါမည်။ ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီ နောက်ပိုင်းမွေးဖွားတဲ့ ရာဟု မပါဝင်ပါ။ ရာဟု သားသမီးအတွက် သီးသန့်ရတနာပုံ နက္ခတ်ကို နက္ခတ်ဥယျာဉ်မှ ရှေးဟောင်းရှားပါး ကျမ်းဂန်တစ်ခုမှ ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရာဟု သားသမီးများ ရတနာပုံကိန်းဆိုက်မယ့် အချိန်ကို ကျရောက်မည့်အချိန် ရောက်ရှိပါက သီးသန့် ဖော်ပြပေးသွားပါမည်။ နက္ခတ်ဥယျာဉ်မှ (၇)ရက်သားသမီးများ ထီဆုကြီးများ ဆွတ်ခူးစေရန် ရည်ရွယ်လျက် မြန်မာ့ထီးနန်းသုံး အာယုစန်းပညာရပ်ဖြင့် ပညာဒါန တွက်ချက် ဖော်ပြပေးခြင်းဖြစ်ပါသည်။
ဦးဇေယျာကို (နက္ခတ်ဥယျာဉ်) ၀၉၅၃ ၉၃၃၄၃ ၊ ၀၉၄၀၀ ၅၀၀၀၀၉
Add a Comment
Your email address will not be published. Required fields are marked *